၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၁ရက် ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်၌် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တတဲရှိ ဟိဂုချိနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် မစ္စတာ ဘက်ထရွန် ဘန်းဗောလ် တို့သည် ဂျပန်ယန်းသန်း ၂၂၀ တန်ဖိုးရှိသော မြန်မာနိုင်ငံရှိကလေးများကို ကာကွယ်စောင့်ရှောက်ရေး မြှင့်တင်မှုစီမံကိန်းနှင့်ပတ်သက်သည့် စာချွန် လွှာကိုလက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါသည်။
ယခုစီမံကိန်းသည် ကလေးသူငယ်များကို အကြမ်းဖက်မှုအန္တာရာယ်မှကာကွယ်ရန်နှင့် အကြမ်းဖက်မှု ဖြေရှင်းနိုင်ရန် နှင့် လိင်ကွဲပြားမှုအပေါ်အခြေခံ၍ အကြမ်းမှုများကို ကာကွယ်ရန်အတွက် လူမှုဝန်ထမ်းပုဂ္ဂိုလ် များကို လေ့ကျင့်ပေးရန်၊ ရဲများနှင့် တရားသူကြီးများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် ပဋိပက္ခများဖြစ်ပွားနေသည့် တိုင်း ရင်းသား လူမျိုးစု နေထိုင်ရာ ဒေသများမှ လူငယ်များ ဘဝကျွမ်းကျင်မှုသင်တန်းများပို့ချရန်အတွက် အထောက်အကူပြုမည် ဖြစ်ပါသည်။ ယခုကဲ့သို့သော ဆောင်ရွက်မှု များသည် ကလေးသူငယ်များကာကွယ်ရေးအတွက် နားလည်သဘောပေါက်မှုမြှင့်တင်ရန်နှင့် မြန်မာနိုင်ငံသူနိုင်ငံသားများ လူနေမှုအဆင့်အတန်းတိုးတက်ရန်အတွက် အထောက်အကူပြုရန် ရည်ရွယ်ပါသည်။
|
|

No.100 Natmauk Road, Bahan Township, Yangon
01-549644~8