
ဆေးရုံခွဲစိတ်လူနာတစ်ဆောင်ထောက်ပံ့ကူညီခြင်း
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၇၉၉,၆၆၆) ကို ပေးအပ်ခဲ့ပါရာအဆိုပါစီမံကိန်းများမှာ-
၁) ကရင်ပြည်နယ်၊ ဘာအံမြို့နယ်၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၂၂၂,၉၁၃) နှင့်
၂) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီဆေးရုံခွဲစိတ်လူနာဆောင်ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ(၅၇၆,၇၅၃) တို့ဖြစ်ကြပါသည်။
အထက်ပါစီမံကိန်းများ၏ လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နှင့်(၂၀)ရက်နေ့ များတွင် ဘားအံမြို့နှင့်မြ၀တီမြို့များတွင် အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန် သံရုံးမှဒုတိယအတွင်းဝန် Mr. Nobutoshi HATANO၊ ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဒေါက်တာ တင်ဝင်းကျော်၊ ကျန်းမာရေးဝန်ကြီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကရင်ပြည်နယ်ပညာ ရေးဒုတိယညွှန်ကြားရေးမှူးဦးမင်းအုန်းဝေ၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ နှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ စာသင်ဆောင်တစ်ဆောင်သည် သစ်သားများဖြင့် ဆောက်လုပ်ထားပြီး၊ တဖြည်းဖြည်းဟောင်းနွမ်းလာကာ၊ နှစ်တိုင်းရေကြီးသဖြင့် ပျက်စီးလာခဲ့ပါသည်။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၈၀‛х၃၀‛တစ်ထပ် စာသင်ဆောင်တစ်ဆောင်၊ ၁၂၀‛х၃၀‛တစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံတို့ကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၅၃၀ဦးကို အကျိုးခံစားစေမည် ဖြစ်ပါသည်။
မြ၀တီဆေးရုံသည် ထိုင်း-မြန်မာနယ်စပ်တွင်တည်ရှိပြီး ဒေသခံများကိုသာမက၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံတွင်အလုပ်သွားလုပ်ပြီးပြန်လာသော မြန်မာအလုပ်သမားများကိုပါ ဆေးကုသပေးလျှက်ရှိပါသည်။ ထို့အတူ မပြည့်စုံသောလူနာများကို အခမဲ့ဆေးကုသပေးလျှက်ရှိပါသည်။ သို့သော်လည်းမသင့်လျော်သောဆေးရုံ ခွဲစိတ်ခန်း ကြောင့်၊ လူနာများလည်းသင့်တော်သောကုသမှုများမရရှိတော့ပါ။ ထို့အပြင် လက်ရှိဆေးရုံသုံးပစ္စည်းများမှာလည်း ဟောင်းနွမ်းပြီး၊ ကောင်းကောင်းအလုပ်မလုပ်တော့ပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မြ၀တီဆေးရုံခွဲစိတ်လူနာဆောင်တစ်ဆောင်ဆောက်လုပ်ရန်နှင့် ဆေးရုံသုံးပစ္စည်းနှင့်ပရိဘောဂများကိုပါ ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ဒေသတွင်းလူဦးရေ ၁၀၇,၁၄၆၊ ရွှေ့ပြောင်းအလုပ်သမားများနှင့်၊ ထိုင်းနိုင်ငံမှပြန်လာသူများကို အကျိုးခံစားစေမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၇၄)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၆၇)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၆)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၈)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |
![]() |
![]() |
![]() |