ဂျပန်ဖောင်ဒေးရှင်း၏ ခရီးသွားပြပွဲ
“လှပသော အရှေ့မြောက်ပိုင်းဒေသ၏ အနုပညာ လက်ရာမွန်များ” ပြပွဲမိတ်ဆက်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဂျပန်ဖောင်ဒေးရှင်း နှင့်အတူ ပူးပေါင်းကျင်းပသည့် “လှပသော အရှေ့မြောက်ပိုင်းဒေသ၏ အနုပညာ လက်ရာမွန်များ” ပြပွဲကို နိုဝင်ဘာလ ၂ရက်နေ့ မှ ဒီဇင်ဘာလ ၁၂ရက်အထိ Japan Culture House တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
အရှေ့မြောက်ပိုင်းဒေသသည် ဂျပန်ပြည်တွင်းတွင်ပင် လှပသောတောင်များနှင့် ပင်လယ်တည်ရှိရာ လေးရာသီ၏ ရာသီတိုင်းတွင် ပြောင်းလဲနေသော သဘာဝ အလှကြီးနှင့်အတူ လူတို့၏ ကြွယ်ဝသော ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့ရာ ဒေသလည်းဖြစ်သော်လည်း၊ ၂၀၁၁ခုနှစ် မတ်လ ၁၁ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ဂျပန်အရှေ့ပိုင်း အင်အားကြီးငလျင်နှင့် ဆူနာမီ ဘေးတို့ ကြောင့်၊ အရှေ့မြောက်ပိုင်း ဒေသကို ဗဟိုပြု၍ ကြီးမားသော ဘေးအန္တရာယ်များ ရိုက်ခတ်ခြင်းကို ခံစားခဲ့ရသည်။ ဤပြပွဲသည် အင်အားကြီးငလျင်ဘေး ဖြစ်ပေါ်ခဲ့ပြီး တစ်နှစ် ဆိုသည့်အချိန်အတွင်း၌ စီစဉ် ဆောင်ရွက်နိုင်ခဲ့ပြီး၊ ကမ္ဘာ့ ဒေသအသီးသီးတွင်လှည့်လည်ပြသနေသော ပြပွဲဖြစ်သည်။ ကြွေထည် ၊ ယွန်းထည်၊ ဆေးဆိုးနှင့်လက်ရက်ထည်များ၊ ပန်းပဲလက်ရာများ၊ သစ်နှင့်ဝါးထည်လက်ရာများ၊ အရုပ်များ အပါအဝင် အမျိုးမျိုးသော လက်ရာမွန်များ ပါဝင်သောပြပွဲဖြစ်ပြီး၊ အရှေ့မြောက်ပိုင်း ဒေသ၏ လက်မှုလက်ရာများ၊ အနုပညာပစ္စည်းများ၏ ဆွဲဆောင်မှုများကို ကမ္ဘာတလွှားရှိ လူများမှ နှစ်ခြိုက်ခံစားလျှက် ရှိပါသည်။ ဤပြပွဲအခမ်းအနား မှတဆင့် အရှေ့မြောက်ပိုင်းဒေသတွင် ရှင်သန်ဖွံ့ဖြိုးခဲ့သော၊ ဂျပန်ပြည်၏ ရှေးရိုးရာ ကျွမ်းကျင် အတတ်ပညာရပ်များ၏ မြင့်မားမှု၊ ယနေ့ခေတ်အထိ ဂျပန်လူမျိုးတို့၏ နေ့စဉ်နေထိုင်မှု ဘဝများတွင် အသုံးပြုလျှက်ရှိသော၊ နေ့စဉ်သုံး အသုံးအဆောင် ပစ္စည်းများတွင်သာ တွေ့နိုင်သည့် လက်တွေ့အသုံးဝင်သော အလှအပ၊ ထို့ပြင် အရှေ့မြောက်ပိုင်းဒေသ၏ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်၊ နေ့စဉ်နေထိုင်မှု ဘဝများထဲမှ ပေါက်ဖွားလာသော အသိပညာနှင့် ထိုဒေသတွင် တွေ့နိုင်သည့် လက်မှုပစ္စည်းတို့၏ လက်ရာပြောင်မြောက်မှုကို ရှာဖွေတွေ့ရှိနိုင်မည် ဆိုလျှင် ကျေနပ်ဝမ်းမြောက်ပါသည်။
ပြပွဲကို အပိုင်း ၆ပိုင်း ခွဲခြားထားပြီး၊ အပတ်စဉ် ခေါင်းစဉ်တစ်ခုစီ သတ်မှတ်ထားပြီး လက်ရာများကို ခင်းကျင်း ပြသသွားပါမည်။ အင်္ဂါနေ့ တိုင်းတွင် ပြသမည့် ပစ္စည်းများကို လဲလှယ်ခင်းကျင်းခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး၊ သီတင်းပတ် ၆ပတ်အတွင်း လက်ရာပေါင်း ၇၀ကျော်ကို ကြည့်ရှုခံစားနိုင်ပါသည်။ ၀င်ကြေး အခမဲ့ဖြစ်ပြီး မည်သူမဆို ကြည့်ရှုနိုင်သောကြောင့် မိသားစု ၊သူငယ်ချင်းများနှင့် လာရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

၁။ နေ့ ရက်
၂၀၁၆ခုနှစ် နိုဝင်ဘာလ ၂ရက် (ဗုဒ္ဓဟူးနေ့ ) မှ ဒီဇင်ဘာလ ၁၂ရက် (တနင်္လာနေ့ ) အထိ
ဗုဒ္ဓဟူးနေ့ ၊ သောကြာ၊ တနလာင်္နေ့ များတွင် မနက် ၁၀နာရီမှ ညနေ ၆နာရီခွဲအထိ ဖွင့်လှစ်ထားပြီး၊ စနေနှင့် တနင်္ဂနွေနေ့ တွင် ၉နာရီမှ ညနေ ၅နာရီခွဲအထိ ဖွင့်လှစ်ထားပါသည်။
※အင်္ဂါနေ့နှင့် အများပြည်သူရုံးပိတ်ရက်များ ဖြစ်သည့် နိုဝင်ဘာလ ၁၄ရက်၊ ၂၄ရက်တို့ တွင် ပြသခြင်းမရှိပါ။

ပြသမည့်အချိန်စာရင်း
(၁) အရှေ့မြောက်ပိုင်းဒေသနှင့် ရိုးရာလက်မှုအနုပညာ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ပညာရှင်များ၏ လက်ရာ မိတ်ဆက်ပွဲ
နိုဝင်ဘာ ၂ရက်နေ့  မှ ၇ရက်နေ့ အထိ

MUNAKATA Shiko
Ryurisho Hangakan အတွဲမှ ခြင်္သေ့ဂူ ၁၉၅၃

(၂) ဝါးထည်လက်ရာများ ပြပွဲ
နိုဝင်ဘာ ၉ရက်နေ့ မှ ၁၃ရက်နေ့ အထိ

ANAKUBO Nami ၀ါးဖြင့်ရက်လုပ်သောခြင်းလက်ရာ Iwate ခရိုင်

(၃) ကြွေထည်လက်ရာများပြပွဲ
နိုဝင်ဘာ ၁၆ရက်နေ့ မှ ၂၁ရက်နေ့ အထိ

Shiraiwa ware ဂျပန်အရက်ပုလင်း Kakunodate Akita ခရိုင်

(၄) ဆေးဆိုးနှင့် လက်ရက်ထည်များ ပြပွဲ
နိုဝင်ဘာ၂၃ရက်နေ့ မှ ၂၈ရက်နေ့ အထိ

Tsutsugaki နည်းလမ်းကို အသုံးပြုပြီးထားသော အလှဆင်ထားသောပိတ်စ Aizu Fukushima ခရိုင်

(၅) အရှေ့မြောက်ပိုင်း ဒေသရှိ ဒေသ အသီးသီးမှ အနုပညာ လက်ရာများ ပြပွဲ
နိုဝင်ဘာလ ၃၀ရက်နေ့ မှ ဒီဇင်ဘာလ ၅ရက်နေ့ အထိ

Yamagata သတ္တုပုံသွင်းခြင်း၊ သံကရား ၊ Do-machi Yamagata ခရိုင်

(၆) ယွန်းထည်လက်ရာများပြပွဲ
ဒီဇင်ဘာလ ၇ရက်နေ့ မှ ၁၂ရက်နေ့ အထိ

ဂျပန်အရက်ပုလင်း Kawatsura ၊ Yuzawa Akita ခရိုင်

၂။နေရာ
Japan Culture House
Japan Culture House
အခန်း ၃၂၂ ဘီ၊ ဒုတိယထပ်၊ တိုက်အမှတ်(စီ)၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့ နယ်၊ရန်ကုန်။
ဖုန်း - ၀၉၄၅၉၁၄၈၄၀၅
Facebook: https://www.facebook.com/jch.yangon/

၃။ ပြပွဲ၊ ပြသမည့်ပစ္စည်းများနှင့် ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက ဂျပန်ဖောင်ဒေးရှင်း၏ Homepage ၌ လေ့လာကြည့်ရှုနိုင်ပါသည်။

၎။ စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန
အမှတ် (၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ်။ ။ ၀၁ - ၅၄၉၆၄၄ ~ ၄၈
info.cul@yn.mofa.go.jp