ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်များတွင်
အမေရိကန်ဒေါ်လာ (၄၆၀,၆၂၁)တန်ဖိုးရှိသော စာသင်ဆောင်သုံးဆောင်နှင့်တံတားတစ်စင်းထောက်ပံ့မှု
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသ ကြီးများမှ ကော်မတီဥက္ကဌများသည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ် အရ စုစုပေါင်းအမေရိကန်ဒေါ်လာ(၄၆၀,၆၂၁)ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ်ပေးအပ်ခဲ့ ရာ အဆိုပါစီမံကိန်းများမှာ-
၁. မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရေငံကျေးရွာတံတားဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ(၁၁၈,၉၃၇)၊
၂. ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ နမ့်ကိုင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၃၀,၇၄၂)၊
၃. စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ပွတ်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၈၂,၂၀၇) နှင့်
၎. ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းအခြေခံပညာအလယ်တန်းကျောင်းခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၂၈,၇၃၅) တို့ဖြစ်ကြပါသည်။
|
|
မြန်မာနိုင်ငံအစိုးရမှဂျပန်နိုင်ငံအစိုးရသို့ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရန် တောင်းဆိုထားသော ရေ ဘေးဒဏ်ခံစာသင်ကျောင်း ၄၉၃ကျောင်းတွင် ၂. နမ့်ကိုင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် ၃. ပွတ်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲတို့လည်း အပါအ၀င်ဖြစ်ပြီး ယနေ့တွင်အထောက်အပံ့ပေးရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြခြင်းဖြစ်ပါသည်။
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရေငံကျေးရွာဒေသခံများသည် စာသင်ကျောင်း၊ ဆေးရုံနှင့်ဈေးများတည် ရှိရာ နတ်မောက်မြို့သို့သွားရန် "အင်း" မြစ်ကိုကူးဖြတ်ရန်အတွက် တံတားမရှိသဖြင့်များစွာအခက်ကြုံရပါသည်။ ခြောက်သွေ့ရာသီများတွင် မြစ်အတွင်း ပိုင်းတလျှောက် ၃မိုင် လမ်းလျှောက်ရပါသည်။ ဤအခက်အခဲကိုဖြေရှင်းနိုင် ရန် ဂျပန်နိုင်ငံအစိုးရမှ ၄၃မီတာရှည်လျားသော သံကူကွန်ကရစ်တံတားတစ်စင်းဆောက်လုပ်ရန် ပံ့ပိုးပေးမည် ဖြစ်ပါသည်။ စီမံကိန်းသည် ရေငံကျေးရွာနှင့် ပတ်ဝန်းကျင် ၇ ရွာမှ ဒေသခံ ၇,၀၀၀ဦးကို အကျိုးခံစားစေမည် ဖြစ် သည်။
နမ့်ကိုင်းအခြေခံပညာအလယ်တန်းကျောင်းခွဲရှိ စာသင်ကျောင်းတစ်ဆောင်နှင့် သန့်စင်ခန်းများ၏အစိတ်အပိုင်း အချို့သည် ၂၀၁၅တွင် မိုးကြီး၊ရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားခဲ့ပါသည်။ စာသင်ခန်းမှာလည်းလုံလောက်မှု မရှိ သဖြင့် အချို့သောကျောင်းသား/သူများသည် အဆိုပါအန္တရာယ်များသောစာသင်ဆောင်တွင် ဆက်လက်စာ သင်ကြားနေရပါသည်။ ဤအခက်အခဲများကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၈ခန်းပါဝင်သော သံကူ ကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ သန့်စင်ခန်းများနှင့် ပရိဘောဂအပြည့်အစုံတို့ကို ပံ့ပိုးပေးမည်ဖြစ် ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၁၄၃ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည် ဖြစ်ပါသည်။
ပွတ်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲရှိ စာသင်ဆောင်နှစ်ဆောင်သည် ၂၀၁၅တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခံခဲ့ရပါသည်။ စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ခဲ့သော်လည်း စာသင် ခန်းများလုံလောက်မှုမရှိသဖြင့် ကျောင်းသား/သူအများစုမှာ ကျဉ်းကျပ်သောစာသင်ခန်းများတွင် ဆက်လက်စာသင် နေရပါသည်။ ဤကဲ့သို့သောအခြေအနေကိုကျော်လွှားနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၄ ခန်းပါဝင်သော သံကူ ကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ပရိဘောဂအပြည့်အစုံတို့ကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်း သည် ကျောင်းသား/သူ ၁၃၀ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည် ဖြစ်ပါသည်။
ငါးမြင်းချောင်းအခြေခံပညာအလယ်တန်းကျောင်းကို ၁၉၇၂ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းတွင် စာသင်ခန်းလုံ လောက်မှုမရှိသဖြင့် ယာယီစာသင်ဆောင်တွင် စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား/သူ ၁၀၀ဦး စာသင်ကြားနေရ ပါသည်။ ဤအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၈ ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ် စာသင်ဆောင်တစ်ဆောင်နှင့် ပရိဘောဂအပြည့်အစုံတို့ကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၇၀၅ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၇၈)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၇၀)ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၆)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၉)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။

No.100 Natmauk Road, Bahan Township, Yangon
01-549644~8