ပြီးပြည့်စုံသောရန်ကုန်မြို့မိုးလေဝသရေဒါစခန်းအသစ်ကို ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ရန်ကုန်မြို့  မိုးလေဝသရေဒါ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၄ရက်နေ့တွင် ရန်ကုန်မြို့ တွင်းရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ ရန်ကုန် မြို့၊ မန္တလေးမြို့တို့တွင် တည်ရှိသော ရေဒါစနစ်၏ မိုးရေချိန်နှင့်အခြားရာသီဥတုအချက်အလက်များ မှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှမ်းနှင့် ဘင်္ဂလား ပင်လယ်အော်တို့၏အခြေအနေကို ကြည့်ရှုလေ့လာနိုင်ပြီး အမြန်ဆုံး ပေးထုတ်ပြန်နိုင်မည်ဖြစ်သည်၊၊၂၀၁၅ခုနှစ်တွင် ကျောက်ဖြူမြို့ရှိရေဒါစခန်းကို အပြီးသတ်နိုင်ခဲ့သည်။ မန္တလေးမြို့ရှိရေဒါစခန်းကို လာမည့်နှစ်တွင် အပြီးသတ်မည်ဖြစ်ပါသည်။ ဤစီမံကိန်း၏ စုစုပေါင်းငွေပမာဏမှာ ခန့်မှန်းခြေအားဖြင့် ဂျပန် ယန်းငွေ ၄ဘီလီယံ ဖြစ်ပါသည်။
အခမ်းအနားမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး မစ္စတာ တတဲရှိဟိဂုချီ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး သံမှူးကြီး မစ္စတာ ဟီဒဲအခိ မတ်ဆုအို၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဌာနေကိုယ်စားလှယ် မစ္စတာ ကေအီအိချီရိုနာကာဇဝတို့ တက်ရောက်ခဲ့သည်။
အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တတဲရှိဟိဂုချီ က “ကျွန်တော်တို့ဂျပန်နိုင်ငံဟာ သဘာဝဘေးအန္တရာယ် ကျရောက်မှုများတဲ့ နိုင်ငံဖြစ်ပြီး၊၂၀၁၁ခုနှစ်က ဂျပန်အရှေ့ဘက်ပိုင်းတွင် လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြီးနဲ့ ဆူနာမီရိုက်ခတ်မှု စတဲ့ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရပါတယ်။ နောင်တွင်လည်း ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံ အကြားမှာ ရာသီဥတုနဲ့  သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမယ်လို့ စဉ်းစားထားပါတယ်” ဟု ပြောကြားသွားခဲ့ပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်မှ “မိုးလေ၀သရေဒါ စနစ်အသစ်ဟာ မြန်မာပြည်သူပြည်သားများရဲ့ ဘဝလုံခြုံစိတ်ချရမှုကို ကောင်းစွာထောက်ပံ့ကူညီနိုင်လိမ့်မယ်” ဟု မြွက်ကြားရင်း ကျေးဇူးတင်စကားကို ပြောကြားသွားခဲ့ပါသည်။
၂၀၀၈ခုနှစ်တွင် နာဂစ်မုန်တိုင်းသည် ဧရာဝတီတိုင်း ဒေသကြီး နှင့်ရန်ကုန်မြို့တောင်ဘက်ပိုင်းတို့ကို ဝင်ရောက်တိုက်ခတ်ခဲ့သည်။ လူဦးရေပေါင်း ၂.၄သန်းသည် မုန်တိုင်းဒဏ်သင့်ခဲ့ကြပါသည်။

No.100 Natmauk Road, Bahan Township, Yangon
01-549644~8