ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မကွေးတိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ(၇၁,၅၄၃)တန်ဖိုးရှိ ရေဘေးသင့်စာသင်ကျောင်းတစ်ဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ်

               မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ထနောင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၇၁,၅၄၃) ကို ပံ့ပိုးပေးခဲ့ပါသည်။

အထက်ပါစီမံကိန်း၏ လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပွင့်ဖြူမြို့နယ်တွင် ကျင်းပခဲ့ ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှသံမှူး Mr. Hideaki MATSUO ၊ မကွေးတိုင်းဒေသကြီးဝန် ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ကော်မတီဥက္ကဌနှင့်ဆောက်လုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ အထက်ပါလွှဲပြောင်းပေးအပ်ပွဲသည် မြန်မာနိုင်ငံအစိုးရမှ ဂျပန်နိုင်ငံအစိုးရသို့ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရန် တောင်းဆိုထားသောကျောင်းပေါင်း ၄၉၃ များအနက်မှ ဦးစွာပထမ ကျင်းပသောပွဲလည်းဖြစ်ပါသည်။

ထနောင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စာသင်ခန်းလုံလောက်မှုမရှိသဖြင့် ကျောင်းသား/ သူများသည် နှစ်ပေါင်းများစွာ ကျဉ်းကျပ်စွာစာသင်ကြားရသည့်အပြင် တစ်ခန်းနှင့်တစ်ခန်းဆူညံသံများကြောင့် များစွာ အနှောင့်အယှက်ဖြစ်ရပါသည်။ ထို့အပြင် ဇူလိုင်လ၊ ၂၀၁၅တွင်ဖြစ်ပွားခဲ့သောရေဘေးဒဏ်ကြောင့် စာသင်ဆောင်(၂) မှာ ယိုယွင်းပျက်စီးလာခဲ့ပြီး၊ ကျောင်းသား/သူများ စာသင်ကြားရန် အန္တရာယ်များခဲ့ပါသည်။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၂၀‛х၃၀‛တစ်ထပ် စာသင်ဆောင်တစ်ဆောင်နှင့် ပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိ ကျောင်းသား/သူ ၇၂၈ဦးကို အကျိုးခံစားစေပြီး၊ ဒေသအတွင်းသဘာဝဘေးအန္တရာယ်ကာကွယ်ရေးကို တိုးတက်စေမည်ဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၇၄)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၆၇)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၆)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၈)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။