ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ(၃၁၆,၃၀၂)တန်ဖိုးရှိ စာသင်ကျောင်းနှစ်ဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၃၁၆,၃၀၂) ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-
၁) ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အင်းဝင်းအခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၈၈,၇၉၄) နှင့်
၂) ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ရွာဦးအခြေခံပညာအထက်တန်းကျောင်းခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၂၇,၅၀၈) တို့ဖြစ်ကြပါသည်။

အထက်ပါစီမံကိန်းများ၏ လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့တွင် ဟင်္သာတ မြို့နယ်တွင် အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှဒုတိယအတွင်းဝန် Mr. Yoshimasa KASAI ၊ ဗဟိုနာယက၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ တိုင်းဒေသကြီးလွတ်တော်၊ အမှတ်(၁) မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးဌာန၊ တိုင်းဒေသကြီးပညာရေးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအမ်ဘရို၊ ဆောက်လုပ်ရေးကော်မတီဥက္ကဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အင်းဝင်းအခြေခံပညာမူလတန်းကျောင်းရှိ စာသင်ကျောင်းဆောင်သည် ၁၉၆၈ခုနှစ်တွင် ဆောက်လုပ်ခဲ့သဖြင့်၊ အိုမင်း ဟောင်းနွမ်းနေသည့်အပြင် ခေါင်မိုးတွင်အပေါက်များနှင့်ကွာကျနေသည့်နေရာများကြောင့်၊ ကျောင်း သား/သူလေးများ မိုးမိနိုင်ပြီး၊ စာသင်ကြားမှုကိုထိခိုက်စေပါသည်။ ထို့အပြင် ကျောင်းသား/သူဦးရေဆက်လက်တိုးပွား လာသော်လည်း စာသင်ခန်းများတိုးချဲ့ဆောက်လုပ်ရန် မတတ်နိုင်ခဲ့ပါ။ ဤအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ အသေးစား စီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၃၂‛х၃၀‛ နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ သန့်စင်ခန်းများနှင့် ကျောင်း သုံးပရိဘောဂအပြည့်အစုံတို့ကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၂၉၃ဦးကို အကျိုးခံစားစေမည် ဖြစ်ပါသည်။

ရွာဦးအခြေခံပညာအထက်တန်းကျောင်းခွဲတွင် စာသင်ခန်းများလုံလောက်မှုမရှိသည့်အပြင်၊ ကျောင်းသုံးပရိဘောဂ များ နှင့်သန့်စင်ခန်းများလည်းအလုံအလောက်မရှိသဖြင့်၊ တိုးပွားလာသောကျောင်းသား/သူများကို နေရာချထားရန် များစွာ အခက်အခဲကြုံခဲ့ရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၂၀‛х၃၀‛၊ ၆၀‛х၃၀‛ တစ်ထပ်စာသင်ဆောင်တစ်ဆောင်(L-ပုံစံ) ၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံတို့ကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၄၃၁ဦးကို အကျိုးခံစားစေ မည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၇၈)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၇၀)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၆)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၉)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။