
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၅၉၃,၈၇၉)ကို ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-
၁. ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာရန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၂၇၃,၅၂၀)၊၂. ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မဒမ်ရှန်ဂေါင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၄၉,၇၄၃)၊ နှင့်
၃. ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာ၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၇၀,၆၁၆) တို့ဖြစ်ကြပါသည်။
အထက်ပါစီမံကိန်းများ၏လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ(၂၇)ရက်တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှပထမအတွင်းဝန် Mr. Kei MAEDA ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းဝေ၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
လုံရှာရန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှကျောင်းသား/သူများသည် နံရံမရှိသောယာယီဆောင်များ နှင့်မပြီးစီးသေးသော ကျောင်းဆောင်များတွင် စာသင်ကြားခဲ့ရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံ အစိုးရမှ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းသုံးပရိဘောဂအစုံအလင်ပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်ကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၉၈၂ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
မဒမ်ရှန်ဂေါင်ကျေးရွာကျောင်းရှိ စာသင်ဆောင်ရှိသွပ်မိုးတွင် အပေါက်လေးများဖြစ်ပေါ်နေပြီး၊ မျက်နှာကျက်မရှိပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းသုံးပရိဘောဂအစုံအလင်ပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်ကို ပံ့ပိုးပေးခဲ့ပါ သည်။ စီမံကိန်းသည် ကျောင်းသား/သူ ၂၉၈ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
မန်စေကျေးရွာရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်းသည် ၂၀၀၅ခုနှစ်တွင်ဆောက်လုပ်ခဲ့ပြီး၊ ဟောင်းနွမ်းသောသစ် သားအဆောက်အအုံဖြစ်နေပါသည်။ ကလေးမီးဖွားခန်း၊ ဆေးသိုလှောင်ခန်းများမရှိသည့်အပြင် ဆေးခန်းသုံးပစ္စည်း များလည်းလုံလောက်မှုမရှိပါ။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ၎င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ကျေးလက်ကျန်းမာရေးဆေးပေးခန်းတစ်ဆောင်၊ ၀န်ထမ်းအိမ်ယာ၊ အိမ်သာ၊ ဆေးခန်းသုံးပစ္စည်းများနှင့် ပရိဘောဂများကို ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည် ကချင်ပြည်နယ်၊ ပူတာအို မြို့နယ်၊ ကျေးရွာ(၇)ရွာမှ လူဦးရေ၂၀,၂၀၀ကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၄၇)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၄၅)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၃)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |