မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့်ကျောင်းဆောက်လုပ်ရေးကော်မတီဥက္ကဌ အသီးသီးတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်ကို ယနေ့လက်မှတ်ရေးထိုးကြ ပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေး အစီအစဉ်အရ စုစုပေါင်းအမေရိကန်ဒေါ်လာ(၅၃၂,၃၀၄)ကို ပံ့ပိုးပေးမည် ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-
၁. ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကုန်းမဟတ်ကျေးရွာတံတားဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ (၁၂၁,၉၅၇)၊
၂. ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အောင်ပန်းမြိုင်ဘုန်တော်ကြီးသင်ပညာရေးမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၉၇,၇၆၄)၊
၃. မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ပွင့်တောက်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း ဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၁၁,၇၁၄) နှင့်
၎. ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြည်သူ့ဆေးရုံတိုးချဲ့ဆောက်လုပ်ခြင်းနှင့် ဆေးရုံသုံးပစ္စည်းများအဆင့်မြှင့် တင်ခြင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၂၀၀,၈၆၉) တို့ဖြစ်ကြပါသည်။
သဘောတူစာချုပ်ချုပ်ဆိုသော ၃. ပွင့်တောက်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းသည် မြန်မာနိုင်ငံအစိုးရမှ ဂျပန်နိုင်ငံအစိုးရသို့ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရန်နှင့် ပြုပြင်ရန်တောင်းဆိုထားသော ရေဘေးသင့် စာသင်ကျောင်း ၄၉၃ကျောင်းတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။
ကုန်းမဟတ်ကျေးရွာလက်ရှိတံတား၏ သစ်သားတိုင်နှင့်ယက်မများသည် တဖြေးဖြေးယိုယွင်းလာခဲ့သဖြင့် ကုန်တင် ကားများ ဖြတ်သန်းသွားလာခြင်းမပြုနိုင်ပါ။ အကျိုးဆက်အနေနှင့် ပတ်ဝန်းကျင်၃ရွာမှ ရွာသူ/သားများသည် ဒေသ ထွက်ပစ္စည်းများကို ဗန်းမော်မြို့သို့သယ်ယူပို့ဆောင်ခြင်းမပြုနိုင်ပါ။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံ အစိုးရမှ အလျား-၆၀ပေ၊ အနံ-၁၄ပေရှိသော သံကူကွန်ကရစ်တံတားကြီးနှင့် ချဉ်းကပ်လမ်းဆောက်လုပ်ရေးအတွက် ပံ့ပိုးပေးမည်ဖြစ်သည်။ စီမံကိန်းသည် ပတ်ဝန်းကျင်၁၀ရွာမှ ဒေသခံ၂၆,၂၄၉ဦးကို အကျိုးခံစားစေမည်ဖြစ်သည်။
အောင်ပန်းမြိုင်ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်းတွင် ယာယီစာသင်ဆောင်မှာ ၂၀၁၅ခုနှစ်၊သြဂုတ်လ တွင်ဖြစ်ပွားခဲ့သောမုန်တိုင်းကြောင့် လုံးဝပျက်စီးသွားခဲ့ပြီး၊ လက်ရှိဟောခန်းပုံစံစာသင်ဆောင်တွင် ကျောင်းသား/သူ များကျဉ်းကျပ်စွာ စာသင်ကြားနေရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ ပရိဘောဂ အပြည့်အစုံနှင့် စာသင်ခန်း ၅ ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် လျှောက်လမ်း ဆောက်လုပ်ရေးအတွက် ပံ့ပိုးပေးမည်ဖြစ်သည်။ စီမံကိန်းသည် စာသင်ကျောင်းရှိ ကျောင်းသား/သူ ၁၂၀ဦးနှင့် ဆရာ/မ ၉ဦးကို အကျိုးခံစားစေ မည်ဖြစ်ပါသည်။
ပွင့်တောက်ကျေးရွာရှိ စာသင်ဆောင်မှာ ၂၀၁၅ခုနှစ်၊သြဂုတ်လတွင်ဖြစ်ပွားခဲ့သောရေကြီးရေလျှံမှုတွင် ရေထဲအချိန် ကြာမြင့်စွာနှစ်မြှပ်နေခဲ့ပါသည်။ ထို့အပြင် ကျေးရွာတစ်ခုလုံးမှာလည်းနေရာသစ်သို့ ရွှေ့ပြောင်းသည့်အပြင် ကျောင်းဝင်းအသစ်တွင်စာသင်ကျောင်းဆောင်မရှိသဖြင့် ကျောင်းသား/သူများသည် ဘုန်းတော်ကြီးကျောင်းတွင် စာသင်ကြားနေရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရသည် ကျောင်းသုံးပရိဘောဂအပြည့် အစုံနှင့် စာသင်ခန်း၆ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ သန့်စင်ခန်းနှင့်လျှောက် လမ်းဆောက်လုပ်ရေးအတွက် ပံ့ပိုးပေးမည်ဖြစ်သည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၆၃ဦးနှင့်ဆရာ/မ ၈ဦးကို အကျိုးခံစားစေမည်ဖြစ်သည်။
ရသေ့တောင်မြို့နယ်ဆေးရုံရှိလူနာဆောင်သည် အတွင်းလူနာများဖြင့်ပြည့်နှက်နေခဲ့ပါသည်။ ဆေးကုသရန်လာ ရောက်သောလူနာများကို နေရာချထားရန် နေရာအလုံအလောက်မရှိပါ။ ဆေးရုံသုံးပစ္စည်းများမှာလည်း သက်တမ်း ၂၀ကျော်ရှိပြီး အထူးသဖြင့် ခွဲကုတင်မှာဟောင်းနွမ်းပြီး၊သံချေးကိုက်နေသဖြင့် လိုအပ်သလိုချိန်ညှိ၍အသုံးမပြုနိုင်ပါ။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရသည် ၂၄ကုတင်ဆန့်သံကူကွန်ကရစ် တစ်ထပ်လူနာဆောင် တစ်ဆောင်နှင့်သန့်စင်ခန်းဆောက်လုပ်ရန်နှင့် ဆေးရုံးသုံးပစ္စည်း၁၄မျိုးကို ပံ့ပိုးပေးမည်ဖြစ်သည်။ စီမံကိန်းသည် ဒေသခံ ၁၆၈,၄၀၀ ဦးကို အကျိုးခံစားစေမည်ဖြစ်သည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၈၃)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၇၃)ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၇)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၄၀)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |
![]() |

.jpg)
.jpg)
.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8