ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မကွေးတိုင်းဒေသကြီးတွင်ရေဘေးသင့်စာသင်ကျောင်းလေးဆောင်အတွက် အမေရိကန်ဒေါ်လာ (၄၃၀,၃၇၁) ထောက်ပံ့မှု
၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၁) ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် မကွေးတိုင်းဒေသကြီးမှ ကျောင်း ဆောက်လုပ်ရေးကော်မတီဥက္ကဌတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစား စီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်းအမေရိကန်ဒေါ်လာ(၄၃၀,၃၇၁)ကို ပံ့ပိုးပေးမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများမှာ-

၁. မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သံဇယ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ (၈၉,၆၆၃)၊
၂. မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ငလဲကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၄၀,၀၁၄)၊
၃. မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ အောင်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၉၃,၈၀၆) နှင့်
၎. မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၀၆,၈၈၈) တို့ဖြစ်ကြပါသည်။

သဘောတူစာချုပ်ချုပ်ဆိုသောအထက်ပါစီမံကိန်းများသည် မြန်မာနိုင်ငံအစိုးရမှဂျပန်နိုင်ငံအစိုးရသို့ စာသင်ကျောင်း များပြန်လည်တည်ဆောက်ရန်နှင့်ပြုပြင်ရန်တောင်းဆိုထားသော ရေဘေးသင့်စာသင်ကျောင်း ၄၉၃ကျောင်းတွင် အပါအ၀င် ဖြစ်ပါသည်။

၂၀၁၅၊ဇူလိုင်လတွင်ဖြစ်ပွားခဲ့သောရေကြီး၊ရေလျှံမှုကြောင့် သံဇယ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ တွင်း ရေပေ၂၀ထိတက်ခဲ့ပြီး စာသင်ကျောင်းဆောင်များရေနှစ်မြှုပ်ခဲ့သဖြင့် အဆောင်(၁)မှာ လုံးဝပျက်စီးသွားခဲ့ပါ သည်။ ရွာသူ/သားများ တန်ဖိုးနည်းယာယီစာသင်ဆောင်ဆောက်လုပ်ခဲ့သော်လည်း လက်ရှိကျောင်းသား/သူများ အတွက် လုံလောက်သောစာသင်ခန်းများမရှိခဲ့ပါ။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၆ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်ဆောက်လုပ်ရန်နှင့် ကျောင်းသုံးပရိအပြည့်အစုံ တို့ကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၁၉၃ဦးနှင့် ဆရာ/မ ၉ဦးကို အကျိုးခံစားစေ မည်ဖြစ်သည်။

အလားတူပင်၂၀၁၅၊ဇူလိုင်လတွင်ဖြစ်ပွားခဲ့သောရေကြီး၊ရေလျှံမှုကြောင့် ငလဲကျေးရွာအခြေခံပညာမူလတန်းလွန် ကျောင်းတွင်း ရေပေ၂၀ထိတက်ခဲ့ပြီး စာသင်ကျောင်းဆောင်များရေနှစ်မြှုပ်ခဲ့ပါသည်။ အကျိုးဆက်အနေနှင့် စာသင် ဆောင်နှစ်ဆောင်လုံး၏ သစ်သားအစိတ်အပိုင်းများဆွေးမြေ့လာပြီး ကျောင်းသား/သူများစာသင်ကြားရန် မသင့်တော်တော့ပါ။ ရေကြီးမှုအပြီး ကျေးရွာတစ်ခုလုံးမှာလည်းကုန်းမြင့်နေရာသို့ရွှေ့ပြောင်းခဲ့ကြသော်လည်း ကျဉ်းကျပ်စွာ စာသင်နေကြရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၈ခန်း ပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် သန့်စင်ခန်းများဆောက်လုပ်ရန်နှင့် ကျောင်းသုံး ပရိဘောဂအပြည့်အစုံကိုပါ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၁၂၀ဦးနှင့် ဆရာ/မ ၈ဦးကို အကျိုးခံစားစေမည်ဖြစ်သည်။

ဆည်တမံဘေးတွင်တည်ရှိသော အောင်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းသည်လည်း ၂၀၁၅၊ဇူလိုင်လ ရေဘေးဒဏ်ခံခဲ့ရပါသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုန်းဆည်တမံမှဆည်ရေများလျှံတက်လာခြင်း ဖြစ်ပါသည်။ အကျိုးဆက်အနေနှင့် အဆောင်(၁)မှာလုံးဝပျက်စီးသွားခဲ့ပါသည်။ ရွာသူ/သားများမှ တန်းဖိုးနည်း စာသင်ဆောင်တစ်ဆောင်ကိုဆောက်လုပ်ခဲ့သော်လည်း ကျောင်းသား/သူများအတွက် လုံလောက်သောစာသင်ခန်း များမရှိပါ။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၎ခန်းပါဝင်သော သံကူကွန်ကရစ် တစ်ထပ်စာသင်ဆောင်တစ်ဆောင်ဆောက်လုပ်ရန်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံကိုပါ ပံ့ပိုးပေးမည်ဖြစ် သည်။ စီမံကိန်းသည် ကျောင်းသား/သူ ၈၅ဦးနှင့် ဆရာ/မ ၇ဦးကိုပါ အကျိုးခံစားစေမည်ဖြစ်သည်။

ထို့အတူ အမှတ်(၁)မူလတန်းလွန်ကျောင်းမှ ကျောင်းဆောင်(၁)သည် ၂၀၁၅၊ဇူလိုင်လတွင်ဖြစ်ပွားသောရေကြီး၊ ရေလျှံမှုဒဏ်ခံခဲ့ရပါသည်။ အကျိုးဆက်အနေနှင့် အဆောင်၏ကွန်ကရစ်နံရံနှင့်သစ်သားတိုင်များ တဖြည်းဖြည်း ပျက်စီးလာခဲ့ပြီး ကျောင်းသား/သူများအတွက်လုံခြုံမှုမရှိတော့ပါ။ သို့သော်လည်း စာသင်ဆောင်များလုံလောက်မှုမရှိ သဖြင့် ကျောင်းသား/သူများထိုအဆောင်တွင်ပင် ဆက်လက်သင်ကြားနေရပါသည်။ ထိုအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၆ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်ဆောက်လုပ်ရန် နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံတို့ကိုပါ ပံ့ပိုးပေးမည်ဖြစ်သည်။ စီမံကိန်းသည် ကျောင်းသား/သူ ၂၄၆ဦးနှင့် ဆရာ/မ ၁၀ဦးကိုပါ အကျိုးခံစားစေမည်ဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၈၇)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၇၇)ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၇)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၄၀)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။