
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကျောင်း ဆောက်လုပ်ရေးကော်မတီဥက္ကဌတို့သည် စီမံကိန်းငါးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည်၎င်း၏အသေးစား စီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်းအမေရိကန်ဒေါ်လာ(၄၉၉,၃၉၁)ကို ပံ့ပိုးပေးမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများမှာ-
၁. စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကနန်ကျေးရွာ၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ (၁၀၁,၈၅၅)၊
၂. ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ နမ့်ပြန်ကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၆၅,၅၁၃)၊
၃. စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အလော်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၉၄,၄၄၆) ၊
၎. စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊မင်းသမီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၄၀,၄၁၉) နှင့်
၅. ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ၀မ့်မီးမိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၉၇,၁၅၈) တို့ဖြစ်ကြပါသည်။
သဘောတူစာချုပ်ချုပ်ဆိုသောအထက်ပါစာသင်ကျောင်းများသည် မြန်မာနိုင်ငံအစိုးရမှဂျပန်နိုင်ငံအစိုးရသို့ စာသင် ကျောင်းများပြန်လည်တည်ဆောက်ရန်နှင့်ပြုပြင်ရန်တောင်းဆိုထားသော ရေဘေးသင့်စာသင်ကျောင်း ၄၉၃ကျောင်း တွင် အပါအ၀င်ဖြစ်ပါသည်။
ကနန်ကျေးရွာ၊အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းရှိလက်ရှိစာသင်ကျောင်းဆောင်သည် ၂၀၁၅တွင်ဖြစ်ပွားခဲ့ သောရေဘေးကြောင့် လုံးဝပျက်စီးသွားခဲ့ပါသည်။ စာသင်ကျောင်းဝင်းအသစ်တွင် စာသင်ကျောင်းသစ်တစ်ဆောင် ဆောက်လုပ်ခဲ့သော်လည်း စာသင်ခန်းအရေအတွက်မှာမလုံလောက်ပါ။ ထို့ကြောင့် ကျောင်းသား/သူအချို့သည် အသုံးပြုပြီးသားသစ်များဖြင့်ဆောက်လုပ်ထားသော ယာယီအဆောင်များတွင် အန္တရာယ်မကင်းစွာ စာသင်ကြားနေရ ပါသည်။ ကျောင်းသား/သူများအတွက် သင့်တော်သောစာသင်ကြားမှုပတ်ဝန်းကျင်ပေးနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၆ ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်ဆောက်လုပ်ရန်နှင့် ကျောင်းသုံး ပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၂၅၆ဦးကို အကျိုးခံစား စေမည်ဖြစ်ပါသည်။
နန့်ပြန်ကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိ လက်ရှိစာသင်ဆောင်နှင့်သန့်စင်ခန်းများသည် ၂၀၁၅ရေဘေးတွင် ရေနှင့်အတူမျှောပါသွားပြီး ပျက်စီးသွားခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသား/သူများအားလုံးသည် ဘုန်းတော်ကြီး ကျောင်းအပြင်ဖက်တံစက်မြိတ်အောက်တွင် လေဒဏ်၊မိုးဒဏ်အောက်တွင် စာသင်ကြားနေကြရပါသည်။ ကျောင်း သား/သူများအတွက်ပြည့်ဝသောစာသင်ကြားမှုပတ်ဝန်းကျင်ရရှိစေရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၎ခန်း ပါဝင် သောသံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်ဆောက်လုပ်ရန်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံ၊ သန့်စင်ခန်းနှင့် ရေသွယ်ယူခြင်းအတွက်ပါ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၄၀ဦး ကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
အလော်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ခြေတံရှည်စာသင်ကျောင်းနှစ်ဆောင်ရှိခဲ့သော်လည်း ယင်း တို့မှာ ၂၀၁၅တွင်ဖြစ်ပွားခဲ့သောရေဘေးကြောင့်လုံးဝရေနှစ်မြှစ်သွားခဲ့ပြီး ပျက်စီးသွားခဲ့ပါသည်။ စာသင်ကျောင်းဝင်း အတွင်းတွင် စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ခဲ့သော်လည်း စာသင်ခန်းများလုံလောက်မှုမရှိသဖြင့် ကျောင်း သား/သူအများစုမှာ ကျဉ်းကျပ်စွာစာသင်ကြားခဲ့ကြရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၎ခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်ဆောက်လုပ်ရန်နှင့် ကျောင်းသုံးပရိ ဘောဂအပြည့်အစုံပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၉၄ဦးကို အကျိုးခံစားစေမည် ဖြစ်ပါသည်။
မင်းသမီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲရှိ စာသင်ဆောင်၎ဆောင်သည် ၂၀၁၅တွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့်လုံးဝပျက်စီးသွားခဲ့ပါသည်။ စာသင်ကျောင်းဝင်းသစ်တွင်စာသင်ကျောင်းသစ်ဆောက်လုပ်ခဲ့သော် လည်း စာသင်ခန်းများလုံလောက်မှုမရှိသဖြင့် ကျောင်းသား/သူတစ်ရာကျော်သည် အခန်းကန့်ထားခြင်းမရှိသော ယာယီစာသင်ဆောင်များတွင် စာသင်ကြားနေရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရသည် စာသင်ခန်း ၈ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်ဆောက်လုပ်ရန်၊ ကျောင်းသုံးပရိ ဘောဂအပြည့်အစုံ၊ သန့်စင်ခန်းနှင့်ရေသွယ်ယူခြင်းအတွက်ပါ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိ ကျောင်းရှိကျောင်းသား/သူ ၃၂၆ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
ဝမ့်မီးမိုင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိလက်ရှိစာသင်ကျောင်းဆောင်သည် ၂၀၁၅တွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့်လုံးဝပျက်စီးသွားခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသား/သူများအားလုံးသည် တံခါးနှင့်နံရံများမရှိသော ဘုရားကျောင်းများတွင် လေဒဏ်၊မိုးဒဏ်အောက်တွင် စာသင်ကြားနေကြရပါသည်။ ကျောင်းသား/သူများအတွက် သင့်တော်သောစာသင်ကြားပတ်ဝန်းကျင်ရရှိစေရန် ဂျပန်နိုင်ငံအစိုးရသည် စာသင်ခန်း၅ခန်းနှင့်ကျောင်းသုံး ပရိဘောဂအပြည့်အစုံပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ခန်ဆောင်၊ လျှောက်လမ်း၊ သန့်စင်ခန်းများဆောက် လုပ်ရန်နှင့် ရေသွယ်ယူရေးအတွက်ပါ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၄၂ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၈၇)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၇၇)ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၇)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၄၀)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။