 
					|  | 
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနတို့နှင့် အတူ ပူးပေါင်းပြီး “မြန်မာနိုင်ငံတော် သံစုံတီး ဝိုင်းဖျော်ဖြေပွဲ”ကို ကျင်းပမှာ ဖြစ်ပါသည်။
ပြန်ကြားရေး ဝန်ကြီးဌာနမှ ပေါင်းစည်း၍ နိုင်ငံတော် အသံလွှင့်ဌာနဖြစ်သည့်MRTV၏ “မြန်မာနိုင်ငံတော်သံစုံတီးဝိုင်း”နှင့် ပတ်သက်၍ ၂၀၁၃ခုနှစ် မှစ၍ ဂျပန်လူမျိုး တယောနှင့် ဂီတသံစဉ် ညွှန်ကြားသူ ပညာရှင် 
Mr.Yamamoto Yunosuke၊  စန္ဒယားပညာရှင်ဖြစ်သည့် Ms.Koyama Kyoko တို့မှ ပုံမှန်လာရောက်ပြီး တီးခတ်မှု စွမ်းရည် တိုးတက်စေရန် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခဲ့ ပါသည်။ 
၂၀၁၆ခုနှစ်တွင် စုစုပေါင်း(၄)ကြိမ်၊ လူဦးရေ စုစုပေါင်း (၃၀)ဦးသော ဂျပန်လူမျိုး တူရိယာ ပညာရှင်များ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပလာခဲ့ပြီး ထိုရလဒ်ကို အသိပေးကြေငြာခြင်းဖြစ် သည့် ဖျော်ဖြေပွဲကို အောက်ပါ အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။
 
နှစ်စဉ် ကျင်းပမြဲဖြစ်သည့်  ဖျော်ဖြေ ပွဲဖြစ်ပါသော်လည်း ယခုအခေါက်တွင်မူ ခရစ္စမတ် ဖျော်ဖြေပွဲအဖြစ် သံစုံတီးဝိုင်းနှင့် ပြည်သူတို့ သံပြိုင်သီဆိုမည့် အစီအစဉ်ကိုလည်း စီစဉ်ထားပါသည်။ 
ဝင်ကြေးအခမဲ့ဖြစ်ပြီး မည်သူမဆို လာရောက်နားဆင်နိုင်သည့်အတွက် မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ လာရောက်ကြရန် ဖိတ်ခေါ်ပါသည်။ 
၁။နေ့ရက်နှင့်အချိန်
၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့ (စနေနေ့) ညနေ ၆နာရီ 
၂။နေရာ
အမျိုးသားကဇာတ်ရုံ (National Theatre)
         
၃။အစီအစဉ်
Beethoven တေးသွားနံပါတ်(၃)၊ Grieg၏ စန္ဒယားနှင့် အဓိက ဖျော်ဖြေသည့် တေးဂီတမှ ပထမတေးသွားအပိုဒ်၊ ခရစ္စမတ်တေးသွား၊ မြန်မာသီချင်း၊ ဂျပန်သီချင်းနှင့်အစရှိသည်တို့
၎။စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
အမှတ်(၁၀၀)၊နတ်မောက်လမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
ဖုန်း၊ ၀၁ ၅၄၉၆၄၄ ~ ၄၈
 

 No.100 Natmauk Road, Bahan Township, Yangon
No.100 Natmauk Road, Bahan Township, Yangon
			 01-549644~8
01-549644~8