
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကျောင်း ဆောက်လုပ်ရေးကော်မတီဥက္ကဌတို့သည် စီမံကိန်းငါးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည်၎င်း၏အသေးစား စီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်းအမေရိကန်ဒေါ်လာ(၇၁၉,၈၅၇)ကိုပံ့ပိုးပေးမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများမှာ-
၁. ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ငှက်ပျောတောကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၀၁,၀၇၁)၊
၂. ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ်၊ ကျုံတိုင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၅၇,၄၂၅)၊
၃. ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အောက်ရင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၉၆,၅၇၂) ၊
၎. ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ လိုင်လင်းပီကျေးရွာအခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၉၈,၂၈၇) နှင့်
၅. ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စခိုင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၆၆,၅၀၂) တို့ဖြစ်ကြပါသည်။
သဘောတူစာချုပ်ချုပ်ဆိုသော ၁. ၃. ၄. နှင့် ၅. စာသင်ကျောင်းများသည် မြန်မာနိုင်ငံအစိုးရမှဂျပန်နိုင်ငံအစိုးရသို့ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရန်နှင့်ပြုပြင်ရန်တောင်းဆိုထားသော ရေဘေးသင့်စာသင်ကျောင်း ၄၉၃ ကျောင်းတွင် အပါအ၀င်ဖြစ်ပါသည်။
ငှက်ပျောတောကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင်၁၉၇၀ခုနှစ်က ခြေတံရှည်စာသင်ဆောင်တစ်ဆောင် ဆောက်လုပ်ခဲ့သော်လည်း ၂၀၁၅ခုနှစ်တွင်ဖြစ်ပွားခဲ့သောရေကြီးမှုကြောင့်ရေလုံးဝနှစ်မြှုပ် ပျက်စီးသွားခဲ့ပါသည်။ ကျောင်းဆောင်မှာပျက်စီးလုနီးပါးဖြစ်သော်လည်းအခြားစာသင်ကျောင်းဆောင်မရှိသောကြောင့်ကျောင်းသား/သူများဆက်လက်သင်ကြားနေရပါသည်။ ကျောင်းသား/သူများကိုလုံခြုံသောစာသင်မှုပတ်ဝန်းကျင်ကိုပေးနိုင်ရန် ဂျပန်နိုင်ငံ အစိုးရမှ စာသင်ခန်း၅ခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင် တစ်ဆောင်၊ ပရိဘောဂအပြည့်အစုံ၊ လူသွားလမ်း၊ သန့်စင်ခန်းနှင့် ရေသွယ်ယူရေးများအတွက် ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိ ကျောင်းသား/သူ ၁၂၄ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
ကျုံတိုင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းကို ၁၉၅၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၆၉ခုနှစ် တွင်ဆောက်လုပ်ခဲ့သောအဆောင် ၁ သည် ခြစားနေခဲ့ပြီး စာသင်ခန်းများလုံလောက်မှုမရှိသဖြင့် ကျောင်း သား/သူအများစုမှာ ကျဉ်းကျပ်သောစာသင်ခန်းများအတွင်း ဆက်လက်စာသင်ကြားခဲ့ရပါသည်။ အဆိုပါအခက်အခဲ ကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၁၀ခန်းပါဝင်သောသံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ် ဆောင်နှင့်ပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၁,၁၁၀ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
အောက်ရင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိ စာသင်ဆောင်၎ဆောင်နှင့်သန့်စင်ခန်းသည် ၂၀၁၅ရေဘေး ကြောင့် ပျက်စီးခဲ့ပြီး ရေတိုက်စားသွားခဲ့ပါသည်။ ထို့ကြောင့်ကျောင်းသား/သူများအားလုံးသည် ဘုရားကျောင်း ဆောင်တွင် စာသင်ကြားနေကြရပါသည်။ ထို့ကြောင့်ဘုရားကျောင်းအခမ်းအနားများရှိသောအခါ ကျောင်းသား/သူ များသည် ဆရာ/မအိမ်များတွင် စာသင်ကြားကြရပါသည်။ ကျောင်းသား/သူများသင့်တော်သောစာသင်ကြားမှုပတ် ၀န်းကျင်ရရှိစေရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၃ခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ် ဆောင်၊ ပရိဘောဂအပြည့်အစုံ၊ သန့်စင်ခန်းနှင့်ရေသွယ်ယူခြင်းအတွက်ကိုပါ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၄၀ ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
လိုင်လင်းပီကျေးရွာအခြေခံပညာအထက်တန်းကျောင်းရှိကျောင်းဆောင်သည် ၂၀၁၅ခုနှစ်၊သြဂုတ်လတွင်ဖြစ်ပွားခဲ့ သောဆိုင်ကလုန်းကြောင့် လုံးဝပျက်စီးသွားခဲ့ပါသည်။ ကျောင်းသား/သူများသည် သစ်သားဟောင်းများဖြင့်ဆောက် လုပ်ထားသောယာယီဆောင်များတွင် ကျဉ်းကျပ်စွာစာသင်ကြားနေရပါသည်။ ကျောင်းသား/သူများသင့်တော်သော စာသင်ကြားမှုပတ်ဝန်းကျင်ရရှိစေရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၆ခန်းပါဝင်သောသံကူကွန်ကရစ်နှစ်ထပ်စာသင် ဆောင်တစ်ဆောင်နှင့် ပရိဘောဂအပြည့်အစုံကိုပါ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား /သူ ၆၂၅ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
စခိုင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းရှိကျောင်းဆောင်သည် ၂၀၁၅ခုနှစ်၊သြဂုတ်လတွင်ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းကြောင့် လုံးဝပျက်စီးသွားခဲ့ပါသည်။ ကျောင်းဆောင်မှာပျက်စီးလုနီးပါးဖြစ်နေသော်လည်း စာသင်ခန်း များလုံလောက်မှုမရှိသဖြင့် ကျောင်းသား/သူများမှာထိုအဆောင်တွင်ပင် ဆက်လက်စာသင်ကြားနေကြပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၅ခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ်စာသင် ဆောင်တစ်ဆောင်၊ ပရိဘောဂအပြည့်အစုံ၊ သန့်စင်ခန်းနှင့်ရေသွယ်ယူခြင်းအတွက်ကိုပါ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၇၇ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၉၆)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၈၆)ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၇)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၄၀)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |
![]() |
![]() |