ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကရင်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ(၂၀၀,၀၂၃)တန်ဖိုးရှိ မူလတန်းကြိုကျောင်းတစ်ဆောင်နှင့်ကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲနှစ်ဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၈) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၂၀၀,၀၂၃) ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-

၁) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲနှစ်ဆောင်ဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၁၀၅,၃၁၀) နှင့်
၂) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုမူလတန်းကြိုကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ(၉၄,၇၁၃) တို့ဖြစ်ကြပါသည်။

အထက်ပါစီမံကိန်းများ၏လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၇)နှင့်(၈)ရက်နေ့များတွင် ဘားအံမြို့နယ်တွင် အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှဒုတိယအတွင်းဝန် Mr. Hideaki HIGASHI ၊ ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီးဒေါက်တာတင်ဝင်းကျော်၊ ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ကော့ဒါန်းမယ်ကျေးရွာနှင့်ရသဝေါကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲနှစ်ခုအဖြစ် လူနေအိမ်များ ကို အသုံးပြုခဲ့ရပါသည်။ ၀န်ထမ်းအိမ်ယာ၊ ဆေးသိုလှောင်ခန်းနှင့် သားဖွားခန်းများမရှိသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ အတွက်သားဖွားခြင်းကိုပင် မလုပ်ဆောင်ပေးနိုင်ခဲ့ပါ။ အဆိုပါအခက်အခဲကိုဖြေရှင်း၏ရန် ဂျပန်နိုင်ငံအစိုးရမှ သံကူ ကွန်ကရစ်တစ်ထပ်ကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲနှစ်ဆောင်နှင့် ၀န်ထမ်းအိမ်ယာနှစ်ဆောင်ဆောက်လုပ်ရန်၊ ပရိဘောဂအပြည့်အစုံနှင့် ဆေးပေးခန်းခွဲတစ်ခုစီအတွက် ဆေးပစ္စည်း၇မျိုးကိုပါပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျေးရွာ၁၀ရွာမှ ဒေသခံ၆,၁၆၈ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။

အိန္ဒုကျေးရွာ၏မူလတန်းကြိုကျောင်းသည် သက်တမ်းကြာမြင့်သဖြင့် သစ်သားတိုင်များ၊အမိုးဒိုင်းနှင့်မြှားများဆွေးမြှေ့ လာခဲ့ပါသည်။ သွပ်မိုးတွင်လည်းအပေါက်ငယ်လေးများဖြစ်ပေါ်လာခဲ့သဖြင့် ကလေးများလေ၊မိုးဒဏ်မှ အကာ အကွယ်မရခဲ့ပါ။ ထို့အပြင် ကလေး ၉၃ဦးနှင့်ဆရာမ၄ဦးအတွက် သန့်စင်ခန်းတစ်ခန်းသာရှိခဲ့သဖြင့် မလုံလောက်ခဲ့ပါ။ ထိုအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်နှစ်ထပ်တစ်ဆောင်၊ ပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းများကိုပါ ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် မူလတန်းကြိုကျောင်းရှိ ကျောင်းသား/သူ ၉၃ဦးနှင့်ဆရာမ၄ဦး ကို အကျိုးခံစားစေမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၀၁)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၁)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၄၁)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။