ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ချင်းပြည်နယ်တွင် အမေရိကန်ဒေါ်လာ(၃၈၃,၉၃၁)တန်ဖိုးရှိ စာသင်ကျောင်းတစ်ဆောင်နှင့်ကျေးလက်ကျန်းမာရေးဆေးပေးခန်းတစ်ဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၃၈၃,၉၃၁) ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-

၁) ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွန်းဇံအခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၂၇၁,၈၉၃) နှင့်
၂) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အန်းလန်းကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၁၂,၀၃၈) တို့ဖြစ်ကြပါသည်။

အထက်ပါစီမံကိန်းများ၏ လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် တွန်းဇံမြို့နယ် နှင့်တီးတိန်မြို့နယ်အသီးသီးတွင်ကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှပထမအတွင်း ၀န် Mr. Toshimichi KOGA၊ချင်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ဆောက်လုပ် ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

တွန်းဇံအခြေခံပညာအထက်တန်းကျောင်းသည် တွန်းဇံမြို့နယ်တွင်တစ်ကျောင်းတည်းသောအထက်တန်းကျောင်းဖြစ် ပြီး ကျောင်းသားဦးရေတစ်နှစ်ထက်တစ်နှစ်များပြားလာခဲ့ပါသည်။ တွန်းဇံကျောင်းရှိစာသင်ဆောင် ၁ ၏ သစ်သားတိုင် နှင့်နံရံများဆွေးမြှေ့လာခဲ့ပြီး အဆောင်မှာနှစ်ပေါင်း ၅၄ နှစ်ကျော်အသုံးပြုခဲ့သဖြင့် ပျက်စီးလုနီးပါးဖြစ်နေခဲ့ပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် သန့်စင် ခန်းများဆောက်လုပ်ရန်နှင့် ပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၁,၂၄၄ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။

အန်းလန်းကျေးရွာရှိသစ်သားကျေးလက်ကျန်းမာရေးဆေးပေးခန်းသည် ၁၉၆၉ခုနှစ်ကတည်းကအသုံးပြုခဲ့သဖြင့် ခြစားပြီးဆိုးရွားစွာပျက်စီးလာခဲ့ပါသည်။ ထို့အပြင် ဆေးပေးခန်းသည် ၀န်ထမ်းအိမ်ယာ၊ ဆေးသိုလှောင်ခန်း၊ သားဖွား ခန်းနှင့်ဆေးခန်းသုံးပစ္စည်းများမရှိသည့်အတွက် ကောင်းမွန်စွာအသုံးမပြုနိုင်ခဲ့ပါ။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်တစ်ထပ်ဆေးပေးခန်းတစ်ဆောင်နှင့်ဝန်ထမ်းအိမ်ယာဆောက်လုပ်ရန်၊ ပရိဘောဂ အပြည့်အစုံနှင့်ဆေးခန်းသုံးပစ္စည်း၁၈မျိုးကိုပါ ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျေးရွာ၆ရွာမှ ဒေသခံ၂,၆၄၆ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၀၁)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၁)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၄၁)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။