ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကယားပြည်နယ်တွင် အမေရိကန်ဒေါ်လာ(၁၉၃,၄၅၃)တန်ဖိုးရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်းတစ်ဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၁၂) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ကေကောကျေးရွာကျေးလက်ကျန်းမာရေးဆေးပေးခန်း ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၉၃,၄၅၃) ပေးအပ်ခဲ့ပါသည်။

အထက်ပါစီမံကိန်း၏လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ဖရူဆိုမြို့နယ်တွင် ကျင်းပ ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှဒုတိယအတွင်းဝန် Mr. Keita IWASE ၊ ကယား ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှို၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌဦးပရယ်ဖားနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ကေကောကျေးရွာတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်းအတွက်အဆောက်အအုံမရှိသဖြင့် ဘုရားကျောင်းဝင်း အတွင်းအဆောက်အအုံတစ်ခုကို ဆေးပေးခန်းအနေနှင့်နှစ်ပေါင်းများစွာယာယီအသုံးပြုခဲ့ရပါသည်။ အဆောက်အအုံ အတွင်း အခန်းကန့်ထားခြင်းမရှိသဖြင့် လူနာဆေးကုသခြင်းသာမကသားဖွားခြင်းများကို တပြိုင်နက်တည်း မလုပ် ဆောင်ပေးနိုင်ခဲ့ပါ။ ထို့အပြင်ဆေးခန်းတွင် လူနာဆေးကုသပေးရန်ဆေးပစ္စည်းများလည်းအစုံအလင်မရှိခဲ့ပါ။ အဆိုပါ အခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်ကျေးလက်ကျန်းမာရေးဆေးပေးခန်းတစ်ဆောင်နှင့် ၀န်ထမ်းအိမ်ယာတစ်ဆောင်ဆောက်လုပ်ရန်၊ ပရိဘောဂအပြည့်အစုံနှင့် ဆေးပစ္စည်း၁၈မျိုးတို့ကိုပါ ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျေးရွာ၁၀ရွာမှ ဒေသခံ ၂,၃၁၀ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၉၇)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၈၇)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၇)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၄၀)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။