
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ၀ါးတလုတ်ကန်နီကျေးရွာအခြေခံပညာအထက်တန်း ကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက်အမေရိကန်ဒေါ်လာ(၁၀၃,၀၈၄)ကို ပေးအပ်ခဲ့ပါသည်။
အထက်ပါစီမံကိန်း၏လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်တွင် ဧရာဝတီတိုင်း၊ အိမ်မဲ မြို့နယ်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှဒုတိယအတွင်းဝန် Mr. Satoshi NISHIZAWA ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြသန်း၊ တိုင်းဒေသကြီးပညာရေးဒုတိယညွှန်ကြား ရေးမှူးဦးအောင်ကျော်ထူး၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ဝါးတလုတ်ကန်နီကျေးရွာစာသင်ကျောင်းဆောင်များမှာ ၁၉၆၄ခုနှစ်က ဆောက်လုပ်ခဲ့သောကြောင့် ဟောင်းနွမ်းယို ယွင်းလာခဲ့ပါသည်။ နံရံများတွင် အပေါက်လေးများဖြစ်ပေါ်နေပြီး၊ ပြတင်းနှင့်တံခါးရွက်များမရှိပါ။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းသုံးပရိဘောဂ အစုံအလင်ပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်ကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၈၅၈ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၄၇)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၄၅)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၃)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |