
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ကယားပြည်နယ်တွင် စီမံကိန်း၃ခုအတွက် အမေရိကန်ဒေါ်လာ(၃၆၅,၄၂၇) ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-
၁) လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၁၂၅,၃၉၄)
၂) ဒီမောဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၈၂,၃၉၇) နှင့်
၃) မယ်စဲမြို့နယ်၊ မယ်စဲနန်ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၅၇,၆၃၆) တို့ဖြစ်ကြပါသည်။
အထက်ပါစီမံကိန်းများ၏ လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နှင့် (၁၀)ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်နှင့် မယ်စဲမြို့နယ်များတွင် အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှပထမအတွင်းဝန် Mr. Yusuke MATSUOKA ၊ ဦးအယ်ဖောင်းရှို ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာအောင်ကျော်ဌေး ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးရာဝန်ကြီး၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြ ပါသည်။
လွိုင်လင်လေးကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ယခုနှစ်များတွင် ကျောင်းသား/သူများသိသိသာသာ များပြားလာသဖြင့် လက်ရှိစာသင်ကျောင်းဆောင်များတွင် ခက်ခဲစွာနေရာချထားနေခဲ့ရပါသည်။ ထို့အပြင် အဓိက စာသင်ဆောင်တစ်ဆောင်မှာ သက်တမ်းကြာမြင့်သဖြင့် တဖြေးဖြေးအခြေအနေဆိုးလာပြီး ကျောင်းသား/သူများနှစ် ပေါင်းများစွာ လေ၊မိုးဒဏ်ခံခဲ့ကြရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ အသေးစားစီမံကိန်း များထောက်ပံ့ရေးအစီအစဉ်ဖြင့် ၉၂‛х၃၀‛ သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံးပရိ ဘောဂအပြည့်အစုံတို့ကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည်ကျောင်းရှိ ကျောင်းသား/သူ ၁,၄၉၇ဦးနှင့် ဆရာ/မ ၄၁ဦးကို အကျိုးခံစားစေမည် ဖြစ်ပါသည်။
ဆင်တောင်ကျေးရွာရှိ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားခဲ့သော မူလကျေးလက်ကျန်းမာရေးဆေးပေးခန်းသည် သက်တမ်းကြာမြင့်ပြီဖြစ်သဖြင့် အချိန်ကာလအတော်ကြာအသုံးမပြုတော့ပါ။ ကျေးရွာတွင် အခြားအဆောက်အအုံ လည်းမရှိသဖြင့် ကျေးရွာရုံးခန်းတစ်ခုတွင် ဆေးကုသမှုများပြုလုပ်ပေးခဲ့သော်လည်း လူနာများနေရာချထားရန်နေရာ အလုံအလောက်မရှိသည့်အပြင် ဆေးခန်းသုံးပစ္စည်းများလည်းမရှိပါ။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံ အစိုးရမှ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် သံကူကွန်ကရစ်ကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲ တစ်ဆောင်နှင့် ၀န်ထမ်းအိမ်ယာတစ်ဆောင်၊ ပရိဘောဂအပြည့်အစုံနှင့် ဆေးခန်းသုံးပစ္စည်း၇မျိုးကိုပါ ပံ့ပိုးပေးခဲ့ပါ သည်။ စီမံကိန်းသည် ကျေးရွာ၎ရွာမှ ဒေသခံ ၃,၉၈၅ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
ထို့အတူပင် မယ်စဲနန်ကျေးရွာရှိကျေးလက်ကျန်းမာရေးဆေးပေးခန်းသည် ၁၉၉၁ခုနှစ်တွင်ဆောက်လုပ်ခဲ့ပြီး ဟောင်း နွမ်းဆွေးမြေ့နေခဲ့ပါသည်။ ထို့အပြင် ဆေးပေးခန်းတွင်အရေးကြီးဆုံးဖြစ်သည် သားဖွားခန်းလည်းမပါရှိခဲ့ပါ။ အဆိုပါ အခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်ကျေးလက်ကျန်းမာရေးဆေးပေးခန်းတစ်ဆောင်နှင့် ၀န်ထမ်းအိမ်ယာတစ်ဆောင်၊ ပရိဘောဂအပြည့်အစုံနှင့် ဆေးခန်းသုံးပစ္စည်း၁၈မျိုးကိုပါ ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျေးရွာ၁၈ရွာမှ ဒေသခံ ၂,၂၃၈ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၀၁)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၁)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၄၁)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |