
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်များမှ ဆောက်လုပ်ရေးကော်မတီဥက္ကဌတို့သည် စီမံကိန်းလေးခုအတွက် အထောက် အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်းအမေရိကန်ဒေါ်လာ (၅၄၉,၄၄၁)ကို ပံ့ပိုးပေးမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများမှာ-
၁. စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကျီးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ (၁၃၁,၃၃၄)၊
၂. ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဆောင်ကန်းကျေးရွာနှင့်ဆော်ခီးဒေါကျေးရွာချင်းဆက်လမ်းအဆင့်မြှင့်တင် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၆၇,၇၅၄)၊
၃. မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ခြင်ပြစ်ကိုင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၈၃,၁၁၃) နှင့်
၎. ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဆေးရုံတိုးချဲ့ဆောက်လုပ်ခြင်းနှင့် ဆေးရုံသုံးပစ္စည်းများအဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၆၇,၂၄၀) တို့ဖြစ်ကြပါသည်။
သဘောတူစာချုပ်ချုပ်ဆိုသော ၁. နှင့် ၃. တို့သည် မြန်မာနိုင်ငံအစိုးရမှဂျပန်နိုင်ငံအစိုးရသို့ စာသင်ကျောင်းများပြန် လည်တည်ဆောက်ရန်နှင့်ပြုပြင်ရန်တောင်းဆိုထားသော ရေဘေးသင့်စာသင်ကျောင်း ၄၉၃ကျောင်းတွင် အပါအ၀င် ဖြစ်ပါသည်။
နတ်ကျီးကုန်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းရှိအဆောင်သည် ၂၀၁၅ခုနှစ်၊ဇူလိုင်လတွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဆိုးရွားစွာပျက်စီးသွားခဲ့ပါသည်။ စာသင်ခန်းများလုံလောက်မှုမရှိသဖြင့် တိုးပွားလာသောကျောင်း သား/သူများကိုနေရာချထားရန်အခက်အခဲကြုံလာခဲ့ပြီး၊ အချို့ကျောင်းသား/သူများမှာ အခန်းကန့်ထားခြင်းမရှိသော ဆရာမနေအိမ်များတွင် ယာယီစာသင်ကြားနေခဲ့ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၈ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်ဆောက်လုပ်ရန်နှင့် ကျောင်းသုံးပရိ ဘောဂအပြည့်အစုံကိုပါ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၃၀၁ဦးနှင့် ဆရာ/မ ၈ဦး ကိုအကျိုးခံစားစေမည်ဖြစ်ပါသည်။
ဆောင်ကန်းကျေးရွာနှင့်ဆော်ခီးဒေါကျေးရွာမှ လက်ရှိစိုက်ပျိုးထွက်ကုန်သယ်ယူပို့ဆောင်ရေးလမ်းသည် စနစ်တကျ ကျောက်ခင်းထားခြင်းမရှိသဖြင့် မိုးရာသီများတွင်ရွံ့ထူထပ်ပါသည်။ ဒေသခံများသည် ၎င်းတို့၏သီးနှံထွက်ကုန်များကို သယ်ပို့ရန်၊ လွိုင်ကော်မြို့ပေါ်ဆေးရုံသို့လူနာများကိုပို့ဆောင်ရန်နှင့် ကျောင်းသား/သူများကိုအထက်တန်းကျောင်းသို့ ပို့ရန် အခက်အခဲများစွာကြုံခဲ့ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ ၄.၇ကီလိုမီတာ အရှည်လမ်း၊ ရေကျော်တံတား၎စင်းနှင့် ဆက်စပ်လမ်းကိုဆက်သွယ်ရန်၃မီတာအရှည်သစ်သားတံတားတစ်စင်း ဆောက်လုပ်ရန် ပံ့ပိုးပေးမည်ဖြစ်ပါသည်။
ခြင်ပြစ်ကိုင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသည် ၂၀၁၅ခုနှစ်ဇူလိုင်လတွင်ဖြစ်ပွားခဲ့သောရေဘေးသင့် ကျောင်းများတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ကျောင်းဆောင်သည်ရေအောက်လုံးဝနှစ်မြှုပ်သွားခဲ့ပြီး ကျောင်းသုံး ပရိဘောဂနှင့်သန့်စင်ခန်းများရေစီးကြောင့်မျောပါသွားခဲ့ပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံ အစိုးရမှ စာသင်ခန်း၅ခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ပရိဘောဂအပြည့်အစုံ၊ သန့်စင်ခန်းနှင့်ရေသွယ်ယူရေးများအတွက် ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၃၆ဦးနှင့် ဆရာ/မ၅ဦးတို့ကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
ကျောက်တော်မြို့နယ်ဆေးရုံသည် လုံလောက်သောလူနာဆောင်များမရှိသဖြင့် လူနာအများစုကိုနေရာချမပေးနိုင် သည့်အပြင် ဆေးကုသမှုသေချာစွာမကုသခဲ့ရပါ။ ထို့အပြင် ဆေးရုံသုံးပစ္စည်းအများစုမှာ သက်တမ်းကျော်လွန်နေ သည့်အပြင် ကောင်းမွန်စွာအလုပ်မလုပ်တော့ပါ။ အဆိုပါအခက်အခဲအတွက် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်တစ် ထပ်လူနာဆောင်တစ်ဆောင်ဆောက်လုပ်ရန်၊ ပရိဘောဂအပြည့်အစုံ၊ သန့်စင်ခန်းနှင့်ရေသွယ်ယူရေးအပြင် ဆေးရုံ သုံးပစ္စည်း ၆မျိုးတို့ကိုပါ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ဒေသခံ ၂၂၂,၀၀၀ဦးကို အကျိုးခံစားစေမည်ဖြစ် ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၀၁)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၁)ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၄၁)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |
![]() |