၁။၂၀၁၆ခုနှစ် ဒီဇင်ဘာလ၂၃ ရက်နေ့တွင် နေပြည်တော်၌ ပဲခူးမြစ်ကူးတံတားစီမံကိန်းအတွက် ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ ဂျပန်ယန်း ၃၁၀၅၁ သန်း (အမေရိကန် ဒေါ်လာ ၂၆၄ သန်း) တန်ဖိုးရှိODA ချေးငွေပေးအပ်ခြင်း ဆိုင်ရာစာချွန်လွှာလက်မှတ်ရေးထိုးပွဲကိုကျင်းပခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး မစ္စတာ တတဲရှိ ဟိဂုချိ နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းတို့သည် စာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ဤစီမံကိန်းသည် ယခုနှစ်စက်တင်ဘာလက လာအိုနိုင်ငံဗီယန်ကျင်းမြို့ တွင် ကျင်းပခဲ့သောထိပ်သီးအစည်းအဝေးတွင် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇို အာဘေး နှင့် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံစဉ်ထုတ်ပြန်ကြေညာခဲ့သည့်ODA စီမံကိန်းတစ်ခု ဖြစ်ပါသည်။
၂။ ဤစီမံကိန်းသည် ရန်ကုန်မြို့တော်နှင့် သီလ၀ါအထူးစီးပွားရေးဇုန်ကိုဆက်သွယ်သော တံတားအသစ်တစ်စင်း တည်ဆောက်ရန် အတွက် အထောက်အကူပြုမည်ဖြစ်ပါသည်။ ယာဉ်အသွားအလာ နှင့် ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်ပိုမို တိုးတက် ကောင်းမွန်စေရန် ရည်ရွယ်သော ဤစီမံကိန်းသည် သီလ၀ါ အထူးစီးပွားရေးဇုန်တွင်ရင်းနှီးမြုပ်နှံမှု တိုးတက်စေပြီး မြန်မာ့စီးပွားရေးဖွံဖြိုး တိုးတက်စေရန် အတွက် အထောက်အကူပြုလိမ့်မည် ဟု မျှော်လင့်ပါသည်။
၃။ ပထမ(၁၀) နှစ်အတွင်းပြန်လည်ပေးဆပ်ရန်မလိုသေးဘဲ ချေးငွေပြန်လည်ပေးဆပ်ရန်အနှစ်(၄၀)ဖြစ်ပြီး နှစ်စဉ်အတိုးနှုန်းမှာ ၀.၀၁% ဖြစ်ပါသည်။
၎။ ODA ချေးငွေ စီမံကိန်းသည် မြန်မာနိုင်ငံ၏ လှုမှုစီးပွားဖွံဖြိုးရေး အတွက်အထောက်အကူဖြစ်ရုံမက ပြည်သူများ၏ လူနေမှုဘ၀ကိုလည်းတိုးတက်စေနိုင်လိမ့်မည် ဟု ဂျပန်သံရုံးအနေဖြင့်ယုံကြည်ပါသည်။
![]() |
![]() |
![]() |

.jpg)
.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8