
စီမံကိန်းနှစ်ခု၏ လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၂၁) နှင့် (၂၃)ရက်များတွင် ဟားခါးနှင့် ထန်တလန်မြို့နယ်အသီးသီးတွင် ကျင်းပခဲ့ပါသည်။
၁) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်းချုံးကျေးရွာကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၇,၅၃၃) နှင့်
၂) ချင်းပြည်နယ်၊ ထန်ထလန်မြို့နယ်၊ အိုင်ဘူးကျေးရွာကျေးလက်ကျန်းမာရေးဆေးပေးခန်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၁၉,၄၁၃) တို့ဖြစ်ကြပါသည်။
အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှဒုတိယအတွင်းဝန် Mr. Keita IWASE ၊ချင်းပြည်နယ် လွှတ်တော်ဥက္ကဌဦးဇိုဘွေ၊ ချင်းပြည်နယ်လူမှုရေးရာဝန်ကြီးဦးပေါင်လွန်မင့်ထန်၊ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်၊ ထန်ထလန်မြို့နယ်ဆရာဝန်ကြီးဒေါက်တာဒေါ့လှေဇိန်၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
၁၉၆၉ခုနှစ်တွင်ဆောက်လုပ်ခဲ့သော ချွန်းချုံးကျေးရွာကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲသည် သစ်သားဆောင်ဖြစ် ပြီး ဟောင်းနွမ်းဆွေ့မြေ့ပျက်စီးလာခဲ့ပါသည်။ ထို့အပြင်ဆေးပေးခန်းခွဲသည် ၀န်ထမ်းအိမ်ယာ၊သားဖွားခန်းနှင့် ဆေး ခန်းသုံးပစ္စည်းများမရှိသဖြင့် လုပ်ငန်းများကောင်းမွန်စွာမလုပ်ဆောင်နိုင်ခဲ့တော့ပါ။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်တစ်ထပ်ဆေးပေးခန်းခွဲတစ်ဆောင်နှင့်ဝန်ထမ်းအိမ်ယာတစ်ဆောင်ဆောက်လုပ် ရန်နှင့် ပရိဘောဂအပြည့်အစုံ၊ဆေးခန်းသုံးပစ္စည်း ၇မျိုးကိုပါ ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျေးရွာ ၄ရွာမှ ဒေသခံ ၃,၈၉၂ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
အိုင်ဘူးကျေးရွာကျေးလက်ကျန်းမာရေးဆေးပေးခန်းသည် ၁၉၅၄ခုနှစ်တွင်စတင်ဆောက်လုပ်ခဲ့ပြီး ပတ်ဝန်းကျင် ၁၃ရွာမှဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုများပေးနေခဲ့ပါသည်။ သို့သော်လည်း အဆောက်အအုံမှာဆိုးရွားစွာ ပျက်စီးလာခဲ့သဖြင့်လူနာများနှင့်ကျန်းမာရေးဝန်ထမ်းများဆွေးနွေးသည့်အခါများတွင် လေ၊မိုးဒဏ်ခံခဲ့ရပါသည်။ ထို့ အပြင် ဆေးခန်းတွင်ဝန်ထမ်းအိမ်ယာများမရှိသည့်အပြင် ဆေးခန်းသုံးပစ္စည်းများလည်းမရှိခဲ့ပါ။ အဆိုပါအခက်အခဲကို ဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်တစ်ထပ်ဆေးပေးခန်းတစ်ဆောင်နှင့် ၀န်ထမ်း အိမ်ယာတစ်ဆောင် ဆောက်လုပ်ရန်နှင့် ပရိဘောဂအပြည့်အစုံ၊ဆေးခန်းသုံးပစ္စည်း ၁၈မျိုးကိုပါ ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျေးရွာ ၁၃ရွာမှ ဒေသခံ ၅,၂၂၅ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၀၂)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၁)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၄၂)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |
![]() |