
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၆၁၄,၆၉၄)ကို ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-
၁) ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ ကမ္ဘောဇသိင်္ဂီအမှတ်(၁)သီလရှင်ပညာရေးကျောင်းဆောက်လုပ်ရေး(မူလတန်း လွန်ကျောင်း) စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၇၄,၇၅၃)၊၂) ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့နယ်၊ ကွမ်းလုံအခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၂၄၆,၀၄၇)၊ နှင့်
၃) ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အထွေထွေပြည်သူ့ဆေးရုံကြီးအတွင်းရှိ သီးသန့်လူနာကုသဆောင်ဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၉၃,၈၉၄) တို့ဖြစ်ကြပါသည်။
အထက်ပါစီမံကိန်းများ၏ လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ(၆)၊(၇)နှင့်(၈)ရက်များတွင် ရှမ်းပြည်နယ်၊ မူဆယ်၊ကွမ်းလုံနှင့်လားရှိုးမြို့နယ်များတွင်အသီးသီး ကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှကောင်စစ်ဝန် Mr. Masaki YASUMATSU ၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းဆွေ၊ လားရှိုးဆေးရုံအုပ်ကြီးဒေါက်တာဒီပါတ်၊ ဆောက်လုပ် ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ကမ္ဘောဇသိင်္ဂီသီလရှင်ပညာရေးကျောင်းတွင် တိုးပွားလာသောကျောင်းသား/သူများအတွက် လုံလောက်သောစာသင် ခန်းများမရှိခဲ့ပါ။ အချို့သောကျောင်းသား/သူများသည် စာသင်ကျောင်းအနီးရှိ သီလရှင်ဆောင်များတွင်စာသင်ကြားခဲ့ ရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်းရှစ်ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ် စာသင်ဆောင်တစ်ဆောင်နှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းကြောင့် ကျောင်းသား /သူ ၇၈၉ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ဟောင်းနွမ်းသောအဆောက်အအုံများအတွင်း၊ မပြည့်စုံသောစာသင်ကြားမှုပတ်ဝန်းကျင်တွင် စာသင်ကြားခဲ့ရသော ကွမ်းလုံအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ ၁,၁၀၉ဦးသည်၊ ဂျပန်အစိုးရမှပံ့ပိုးပေးသော စာသင်ခန်း(၁၀)ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ အိမ်သာများနှင့် ကျောင်းသုံးပရိ ဘောဂများကြောင့် အကျိုးခံစားမှုများရရှိ လာမည်ဖြစ်သည်။
လားရှိုးအထွေထွေပြည်သူ့ဆေးရုံကြီးတွင် အိတ်ခ်ျအိုင်ဗွီကူးစက်လူနာများအတွက် သီးသန့်လူနာဆောင်မရှိသဖြင့်၊ အထွေထွေလူနာဆောင်များတွင် နေရာချထားခဲ့ပါသည်။ ဂျပန်အစိုးရမှပံ့ပိုပေးခဲ့သော အိတ်ခ်ျအိုင်ဗွီသီးသန့်လူနာ ဆောင်နှင့်ဆေးရုံသုံးပစ္စည်းများကြောင့် ၂၆မြို့နယ်မှဒေသခံပေါင်း ၁,၇၅၃,၆၃၂ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၄၇)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၄၅)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၃)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |
![]() |