မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်မှကော်မတီဥက္ကဌများသည် စီမံကိန်းသုံးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့ လက်မှတ်ရေးထိုးကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်းအမေရိကန်ဒေါ်လာ(၂၆၄,၉၅၅)ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ်ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-
၁. ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းဆောက်လုပ် ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၁၀၁,၃၃၅)၊၂. ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ထန်းကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောက် လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၈၁,၁၁၁)နှင့်
၃. ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ မင်းအိုကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၈၂,၅၀၉) တို့ဖြစ်ကြပါသည်။
ကွမ်းတောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းသည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာ ၂၉ ရွာအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနေသော အဓိကကျသောဆေးခန်းဖြစ်သော်လည်း၊ ဆေးခန်းအဆောက်အအုံမှာ ဟောင်းနွမ်းလာသဖြင့်၊ လူနာများအတွက် မသင့်တော်သောအခြေအနေဖြစ်နေပါသည်။ ဤကဲ့သို့သောအခြေအနေ တွင် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်တစ်ထပ်ဆေးပေးခန်းတစ်ဆောင်၊ ၀န်ထမ်းအိမ်ယာတစ်ဆောင်၊ ဆေး ပစ္စည်းနှင့်ပရိဘောဂများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းကြောင့် မြို့နယ်လူထု ၂၃,၂၄၈ဦးအကျိုးခံစားမှုရရှိလာ မည်ဖြစ်သည်။
ဇူလိုင်လ၊၂၀၁၅တွင်ဖြစ်ပွားခဲ့သော ရေကြီးမှုကြောင့် ထန်းကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်း ဆောင်များ ဆိုးရွားစွာပျက်စီးသွားခဲ့ပြီး၊ ကလေးများစာသင်ကြားရာတွင် မိုးဒဏ်၊လေဒဏ်များကို ခံစားကြရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၅ ခန်းပါဝင်သော သံကူကွန် ကရစ်တစ်ထပ်စာသင် ဆောင်တစ်ဆောင်၊ ပရိဘောဂအစုံအလင်၊ လျှောက်လမ်းနှင့်အိမ်သာများကိုပါ ပံ့ပိုးပေးမည်ဖြစ် သည်။ စီမံကိန်းသည် ကျောင်းသား/သူ ၇၀ဦးကို အကျိုးခံစားစေမည်။
ဇူလိုင် ၂၀၁၅တွင် ဖြစ်ပွားခဲ့သောရေကြီးမှုကြောင့် မင်းအိုကျေးရွာ အခြေခံပညာမူလ တန်းကျောင်းမှာ ထိခိုက်မှုများခဲ့ပါသည်။ ဟောင်းနွမ်းနေသောကျောင်းဆောင် တစ်ဆောင်မှာပြင်ဆင်၍မရတော့ဘဲ၊ အခြားကျောင်း ဆောင်တစ်ဆောင်မှာလည်း ပြင်ဆင်ရန်မတတ်နိုင်တော့ပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၅ ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ပရိဘောဂအစုံအလင်၊ လျှောက်လမ်းနှင့် အိမ်သာများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၈၆ ဦးကို အကျိုးခံစား စေလိမ့်မည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၅၀)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၄၇)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၄)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
|
|
|
|

No.100 Natmauk Road, Bahan Township, Yangon
01-549644~8