ဂျပန်ကာတွန်း၊ အန်နီမေးရှင်း၊ ဂိမ်း ဖန်တီးမှုအနုပညာပြပွဲ


ဖေဖော်ဝါရီလ ၁၄ရက်နေ့မှစ၍ ဂျပန်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာအမျိုးသားပြတိုက် (တိုကျို )(Roppongi)တွင် ပြသခဲ့သော ဂျပန်နိုင်ငံမှ ကာတွန်း၊ အန်နီမေးရှင်း နဲ့ဂိမ်းတို့ကို မိတ်ဆက်ပြသမည့်ပွဲအား ပထမဆုံးအနေဖြင့် အမျိုးသားပြတိုက် (ရန်ကုန်)တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

တစ်ဖန်ပြပွဲပြုလုပ်နေသည့်ကာလအတွင်း တီထွင်ဖန်တီးမှု အမျိုးအစားပေါင်းများစွာကို တင်ဆက် ပြသပေးသွားမည့်အပြင် ဗဟုသုတပိုင်းဆိုင်ရာသင်ကြားပို့ချချက်များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အန်နီမေးရှင်းတင်ဆက် ပြသမှုများစသည်ဖြင့် အမျိုးမျိုးသော ဆက်စပ်မှုရှိသည့် ပွဲငယ်လေးများ ကျင်းပသွားရန်လည်း စီစဉ်ထားရှိပါသည်။ ၀င်ကြေးအခမဲ့ဖြစ်သည့်အတွက် မည်သူမဆို လွတ်လပ်စွာ လာရောက် ကြည့်ရှု အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ အသေးစိတ်ကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။


၁။ စီစဉ်ကျင်းပမည့်အဖွဲ့ အစည်း
Agency for Cultural Affair (Government of Japan), The National Art Center (Tokyo), Myanmar Ministry of Culture, National Museum (Yangon)

၂။ Cooperation
Embassy of Japan in Myanmar, ANA, MPT, Panasonic

၃။ ပွဲကျင်းပမည့်နေရာ
အမျိုးသားပြတိုက် (ရန်ကုန်) (အမှတ် ၆၆/၇၄၊ ပြည်လမ်း၊ ဒဂုံမြို့ နယ်၊ ရန်ကုန်မြို့။)

၎။ ပွဲချိန်ကာလ
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက် (တနင်္ဂနွေနေ့)မှ မတ်လ ၆ရက် (တနင်္ဂနွေနေ့)အထိ

၅။ ဖွင့်လှစ်ပြသချိန်
နံနက်ပိုင်း ၉နာရီမှ ညနေပိုင်း ၄နာရီခွဲအထိ

၆။ ပြပွဲအကြောင်းအရာ၊ ပြပွဲနှင့်စပ်လျဉ်းသော အစီအစဉ်များ
ပြပွဲကျင်းပခြင်းနှင့်အတူ အောက်ပါ ပြပွဲနှင့်စပ်လျဉ်းသော အစီအစဉ်များကိုလည်း စီစဉ်ထားရှိပါသည်။ ဤအစီအစဉ်များတွင်လည်း အခမဲ့ ၀င်ရောက်ဆင်နွှဲနိုင်ပါသည်။

၁။ ဗဟုသုတပိုင်းဆိုင်ရာသင်ကြားပို့ချချက်များ
ပြုလုပ်မည့်နေ့ရက်နှင့် အချိန်။ ။၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက် (တနင်္ဂနွေနေ့)၊ နေ့လည် ၂နာရီ~
သင်ကြားပို့ချပေးမည့်ဆရာ။ ။Mr. Sayawaka
သင်ကြားပို့ချမည့်ခေါင်းစဉ်။ ။”ယနေ့ခေတ် ဂျပန်နိုင်ငံမှ ကာတွန်း၊ အန်နီမေးရှင်း နဲ့ဂိမ်း”
* မြန်မာဘာသာစကားပြန်ပါဝင်ပါသည်။
နေရာ။ ။ အမျိုးသားပြတိုက် (ရန်ကုန်)
*၀င်ကြေးအခမဲ့(ဦးရာလူစနစ်)

၂။ အလုပ်ရုံဆွေးနွေးပွဲ (Zoetrope ပြုလုပ်ကြရအောင်)
အန်နီမေးရှင်း၏ အခြေခံဖြစ်သော “Zoetrope” ကိုပြုလုပ်ရင်း အန်နီမေးရှင်း၏ အခြေခံသဘောတရားကို ပျော်ရွှင်စွာ သင်ယူလေ့လာကြရအောင်။
ပြုလုပ်မည့်နေ့ရက်နှင့် အချိန်။ ။၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက် (တနင်္ဂနွေနေ့)နှင့် ၁၅ရက် (တနင်္လာနေ့)၊ နေ့လည် ၁နာရီမှ ညနေ ၄နာရီအထိ
သင်ကြားပို့ချပေးမည့်ဆရာ။ ။ 2015ICAF exhibition animators: Keigo TAKENAKA, Yuki NOMOTO , Sayaka KIHATA and The National Art Center Education မှဝန်ထမ်းများ
* မြန်မာဘာသာစကားပြန်ပါဝင်ပါသည်။
နေရာ။ ။ အမျိုးသားပြတိုက် (ရန်ကုန်)
*လူကြီးများ ပါဝင်ဆင်နွှဲနိုင်သော်လည်း ကလေးများကို ပိုမိုဦးစားပေးပါသည်။
*၀င်ကြေးအခမဲ့(ဦးရာလူစနစ်)(တစ်ရက်တွင် ပျမ်းမျှ လူဦးရေ ၁၀၀အထိ လက်ခံသင်ကြားပြသပေးသွားပါမည်။)

၃။ အန်နီမေးရှင်းတင်ဆက်ပြသမှုများ
ပြုလုပ်မည့်နေ့ရက်နှင့် အချိန်။ ။၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက် (စနေနေ့) ၁၀နာရီ၊ ၁၂နာရီခွဲ၊ ၃နာရီခွဲ ၂၀၁၆ ခုနှစ် မတ်လ ၅ရက် (စနေနေ့) ၁၀နာရီ၊ ၁၂နာရီခွဲ၊ ၃နာရီခွဲ
နေရာ။ ။နေပြည်တော်ရုပ်ရှင်ရုံ(ရန်ကုန်မြို့ )
*၀င်ကြေးအခမဲ့(ဦးရာလူစနစ်)


ပြသမည့်အန်နီမေးရှင်းများ
(၁) "Big First-year and Little Second-year"
ဇာတ်လမ်း။ ။Taruhi FURUTA
ဒါရိုက်တာ။ ။Ayumu WATANABE
ပြသချိန်။ ။၂၅ မိနစ်

(၂) "Ojīsan no lamp"
ဇာတ်လမ်း။ ။ Nankichi NIIMI
ဒါရိုက်တာ။ ။ Sadakazu TAKIGUCHI
ပြသချိန်။ ။၂၂ မိနစ်

(၃) "Little Witch Academia"
ဒါရိုက်တာ။ ။ You YOSHINARI
ပြသချိန်။ ။ ၂၆ မိနစ်

(၄) "I’m here"
Yukie NAKAUCHI
ပြသချိန်။ ။ ၆ မိနစ် ၁စက္ကန့်

(၅) "Dreaming White"
Keigo TAKENAKA
Yuki NOMOTO
ပြသချိန်။ ။ ၄ မိနစ် ၅၆စက္ကန့်

(၆) "I can't breathe"
Sayaka KIHATA
ပြသချိန်။ ။ ၆ မိနစ် ၁၁စက္ကန့်

၎။ "Copyright Awareness Seminar"
ပြုလုပ်မည့်နေ့ရက်နှင့် အချိန်။ ။၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက် (တနင်္လာနေ့) နေ့လည် ၁နာရီမှ ညနေ ၄နာရီ၁၅မိနစ် အထိ
နေရာ။ ။ အမျိုးသားပြတိုက် (ရန်ကုန်)

သင်ကြားပို့ချပေးမည့်ဆရာနှင့် အကြောင်းအရာ။ ။
"About copyright protection efforts in Japan"
"About the international copyright protection framework and Japan copyright system"
"Copyright protection efforts in the Japanese anime"

"About copyright protection system in Myanmar"
"About the current situation of Myanmar animation"

- ၂၀၁၄ ခုနှစ် အာဆီယံအန်နီမေးရှင်းပြိုင်ပွဲတွင် ဆုရရှိသူ ဦးလင်းထက်မော်မှ ဆုရရှိခဲ့သည့်လက်ရာအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း
- Panel discussion (အမေးအဖြေကဏ္ဍပါဝင်သည်)