
ဂျပန် - မြန်မာ ပွဲတော် ၂၀၁၆ ကျင်းပခြင်း

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် NHK ၊ အခြားသောအဖွဲ့ အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ (တနင်္ဂနွေ) တွင် Sky Star ဟိုတယ်ရှေ့ရှိ ကွင်းပြင်၊ ရွှေထွဋ်တင် ၀င်း၌ ဂျပန် - မြန်မာပွဲတော် ၂၀၁၆ ကို ကျင်းပမည်ဖြစ်ပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀၁၄အတွင်း ကျင်းပခဲ့သည့်  ပွဲတော်နှစ်ရက်တာအတွင်း ပွဲကြည့်ရှုသူပေါင်း ၄သောင်း၈ထောင်ကျော် ရှိခဲ့ပြီး၊ ထိုနေ့ ၏ စိတ်အားထက်သန်ဖွယ် ခံစားချက်အချို့ အများ၏စိတ်ဝယ်၌ စွဲထင်ကျန်ရစ်နေကြဦးမည်ဟု ထင်မြင်မိပါသည်။
ယခုနှစ်တွင် (အနာဂတ်သို့ )ဟူသော ခေါင်းစဉ်ဖြင့် ဂျပန်နှင့် မြန်မာနိုင်ငံမှ အဆိုတော်များ၏ တင်ဆက်မှုများ၊ ဂျပန်လုပ်ငန်းများ၏ ပြခန်းငယ်များ၊ ဂျပန်စားသောက်ဆိုင်များ ခင်းကျင်းထားမည်ဖြစ်ပြီး၊ ယခင်ထက် ပိုမို ခမ်းနားကြီးကျယ်သော ပွဲတော်နေရာကို ဖန်တီးထားပါသည်။
ဝင်ကြေးအခမဲ့ ဖြစ်ပြီး၊ မည်သူမဆို ပျော်ရွှင်စွာ ဆင်နွှဲနိုင်သော ပွဲတော်ဖြစ်ပါသည်။
မိသားစု၊ သူငယ်ချင်းများနှင့်အတူ လာရောက် ကြည့်ရှု အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
၁။ စီစဉ်ကျင်းပမည့်အဖွဲ့ အစည်း
ဂျပန် - မြန်မာပွဲတော် ၂၀၁၆ ကျင်းပရေးကော်မတီ ( မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း၊ ရန်ကုန် ဂျပန်လူမျိုးများအသင်း၊ NKH, NHK Enterprises , Japan International Broadcasting Inc.
၂။ပွဲကျင်းပမည့်နေရာ
Sky Star ဟိုတယ်ရှေ့ရှိ ရွှေထွဋ်တင် ၀င်းအတွင်း (၅၁ ဘီ /၁၊အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့ နယ်)
၃။ပွဲကျင်းပမည့်အချိန်
၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် (တနင်္ဂနွေနေ့ )
နေ့ လည် ၁၂နာရီ တွင် ပွဲစတင်မည်ဖြစ်ပြီး၊ညနေ ၇နာရီတွင် စတိတ်စင် ဖျော်ဖြေရေး အစီအစဉ်များကို စတင်ပါမည်။
၎။ အခြား
အသေးစိတ် သိရှိလိုပါက Japan Myanmar Pwe Taw ၏အောက်ပါ page ၌ ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/events/1657788157811125/
၅။စုံစမ်းမေးမြန်းရန်
ဂျပန် - မြန်မာပွဲတော် ၂၀၁၆ ကျင်းပရေးကော်မတီ
01-860-4212