ဂျပန်ရုပ်ရှင်ပွဲတော် (မန္တလေး)
ဂီတ၏စွမ်းအား

ယခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဂျပန်ရုပ်ရှင်ပွဲတော်ကို မန္တလေးမြို့ ၌ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့မှ ၁၂ရက်နေ့အထိ နှစ်ရက်ကြာ ပြသသွားမည်ဖြစ်ပါသည်။ ယခုအကြိမ်တွင် "ဂီတ၏စွမ်းအား" ကို ပုံဖော်ထားသော ဇာတ်ကားများဖြစ်ပြီး နောက်ဆုံးပေါ် ရိုက်ကူးထားသော ဇာတ်ကား (၃)ကားကို တင်ဆက်ပြသသွားမည် ဖြစ်ပါသည်။

ယခုအကြိမ်တွင် အထူးအနေဖြင့် "နှုတ်ခမ်းဖျားလေးကသီချင်း" ကို မြန်မာစာတန်းထိုးဖြင့် ရုံတင်ပြသမည် ဖြစ်ပါသည်(ကျန်သည့် ဇာတ်ကား ၂ ကားမှာ အင်္ဂလိပ်စာတန်းထိုး ဖြစ်ပါသည်)။ ဝင်ကြေး အခမဲ့ဖြစ်သောကြောင့် မိသားစု၊ သူငယ်ချင်းများနှင့်အတူ ဆက်ဆက်လာရောက်ကြည့်ရှုကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

၁။ အစီအစဉ်

(၁) နေရာ
ဝင်းလိုက်ရုပ်ရှင်ရုံ (၈၄လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ မန္တလေးမြို့ ၊ ဖုန်း - ၀၂-၃၅၂၂၉)

(၂) ရုပ်ရှင်ပြသမည့်အစီအစဉ်

နေ့ရက်အချိန်ဇာတ်ကားအမည်
ဖေဖော်ဝါရီလ ၁၀ရက်၊ ၂၀၁၇ခုနှစ်(သောကြာ)ညနေ ၆နာရီခွဲဂီတဆရာကြီး
ဖေဖော်ဝါရီလ ၁၁ရက်၊ ၂၀၁၇ခုနှစ် (စနေ)ညနေ ၆နာရီခွဲနှုတ်ခမ်းဖျားလေးကသီချင်း
ဖေဖော်ဝါရီလ ၁၂ရက်၊ ၂၀၁၇ခုနှစ် (တနင်္ဂနွေ)မနက် ၁၀နာရီသံစဉ်များနှင့် တေးဂီတ


၂။ ပြသမည့်ရုပ်ရှင်ဇာတ်ကားများ

(၁) ဂီတဆရာကြီး
(ဒါရိုက်တာ - KOBAYASHI Syoutarou၊ ၂၀၁၅ခုနှစ် ၊ ၁၂၉ မိနစ်)

သံစုံတီးဝိုင်း အကြောင်း ရေးသားထားသည့် Saso Akira ၏ ကာတွန်းကို အသက်ဝင်လှုပ်ရှား လာအောင် ရုပ်လုံးဖော်ထားသော ဇာတ်ကားဖြစ်သည်။ ဒါရိုက်တာသည် နိုင်ငံတကာမှ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့သော အမေ့ဘဝ ရုပ်ရှင်ကို ရိုက်ကူးခဲ့သော Kobayasi Syoutarou ဖြစ်ပါသည်။ ကမ္ဘာကျော် ဂီတမှူး Sado Yutaka နှင့် စန္ဒယားပညာရှင် Tsuji Nobuyuki တို့လည်း ဤ တေးဂီတရုပ်ရှင်တွင် အထူးတလည် ပါဝင်ထားကြသည်။ ဦးဆောင် တယောဆရာ Kosaka (Matsuzaka Tori) ခေါင်းဆောင်သော သံစုံတီးဝိုင်း အဖွဲ့သားများနှင့် ၊ ကြမ်းတမ်း ရိုင်းစိုင်းပြီး အသိရခက်သော ဂီတမှူး Tendo (Nishida Toshiyuki) တို့က ဂုဏ်သတင်းကြီးသော သံစုံတီးဝိုင်းကို ပြန်လည် ဖွဲ့စည်းကြခြင်း ဖြစ်သည်။ သူတို့၏ တစ်ကျော့ပြန် ဖျော်ဖြေမှုတွင် Tendo ၏ ဖုံးကွယ်ထားသောလျှို့ဝှက်ချက် ပေါ်ပေါက်လာပြီး အံ့သြဖွယ် ဂီတသံများ ထွက်ပေါ်လာသောအခါ ………………
©2015“Maestro!”film Partners  ©AKIRA SASO/FUTABASHA

(၂) နှုတ်ခမ်းဖျားလေးကသီချင်း(ဒါရိုက်တာ - MIKI Takahiro၊ ၂၀၁၅၊ ၁၃၂ မိနစ်)

ရုပ်မြင်သံကြား မှတ်တမ်းရုပ်ရှင် တစ်ခုမှ စိတ်ကူးစိတ်သန်းရရှိခဲ့သော Nakata Eiichi ၏ ဝတ္တုကို ရုပ်ရှင်ဇာတ်လမ်း အဖြစ် ရိုက်ကူးထားခြင်း ဖြစ်သည်။ ဒါရိုက်တာမှာ Girl in the Sunny Place ကို ရိုက်ကူးခဲ့သော Miki Takahiro ဖြစ်သည်။ Goto အလယ်တန်းကျောင်းသည် Nagasaki ခရိုင်ရှိ လူသူတိတ်ဆိတ် သောနေရာတွင် တည်ရှိပါသည်။ Yuri Kashiwagi (Aragaki Yui ) သည် မီးဖွားခွင့်သွားသော တေးဂီတဆရာမ Matsuyama ၏ ကိုယ်စား နှစ်ပေါင်းများစွာကြာမှ ပထမဆုံး အနေနှင့် မွေးရပ်မြေသို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပါသည်။ သံစုံတီးဝိုင်း၏ ခေါင်းဆောင် Nazuna (Tsunematsu Yuri) နှင့် နုတ်ထွက်သွားသော Satoru (Shimoda Shota) တို့အကြားတွင် ပြောမထွက်နိုင်သော လျှို့ဝှက်ချက်များ ရှိနေသည်။ အကြာကြီးမျှော်လင့်ခဲ့ရသည့် ဂျပန် နိုင်ငံလုံးဆိုင်ရာ သံပြိုင်သီဆိုပွဲနေ့တွင် ထိတ်လန့်စရာကောင်းသော အဖြစ်အပျက်တစ်ခု ပေါ်ပေါ် လာသောအခါ ………. အားလုံး၏ စိတ်ခံစားချက်များ သီချင်းတစ်ပုဒ်အဖြစ် တစ်သားတည်း ဖြစ်ပေါ်လာပြီး၊ စစ်မှန်သည့် အံ့သြဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
©2015 Asmik Ace, Inc./PONY CANYON INC./Shogakukan Inc./DENTSU
INC./LesPros Entertainment Co., Ltd/Iwamoto Metal Co., Ltd./KDDI
CORPORATION/GYAO Corporation ©2011 Eiichi Nakata/Shogakukan

(၃) သံစဉ်များနှင့် တေးဂီတ (ဒါရိုက်တာ - SUZUKI Takuji၊ ၂၀၁၃၊ ၉၇ မိနစ်)

ဤ ဂီတဇာတ်လမ်းလေးသည် “The Wife of Gegege” ၀တ္ထုကို ဖန်တီးရေးသားသူ Nakazawa Kei ၏ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး၊ ဒါရိုက်တာ Suzuki Takuji မှ ရိုက်ကူးတင်ဆက်ခဲ့ပါသည်။ “Brass Band” ဂီတအပေါ်တွင် စွဲလမ်းနှစ်သက်သည့် အလယ်တန်း ကျောင်းသူကျောင်းသားလေးများ အကြောင်း သရုပ်ဖော် တင်ဆက်ထားပါသည်။ Hamamatsu မှ ကလေးများပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကို Shizuoka ခရိုင်တွင် ရိုက်ကူးခဲ့ပါသည်။ Katsuhisa (Kawasaki Kosei) သည် အရှက်အကြောက်ကြီးသော အလယ်တန်း ကျောင်းသားဖြစ်ပြီး၊ ကျောင်းတွင် အမြဲအနိုင်ကျင့် ဗိုလ်ကျခံရကာ ကျောင်း၏ ကျောင်းစာပြင်ပ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်း အမြဲအဆင်မပြေဖြစ်နေရသူ ဖြစ်ပါသည်။ သို့သော်ငြားလည်း ထူးဆန်းသောယုန်ကလေး (Yamada Maho)က သူ့ကို ကျောင်း၏ အခြားအသင်းအဖွဲ့များထက် အချိန်ကြာမြင့်စွာ လေ့ကျင့်လျက်ရှိသော “Brass Band” ရှိရာကို ခေါ်ဆောင်သွားရာမှ ……..
©"A Band Rabbit" and a Boy Film Partners



၃။ စုံစမ်းရန်
ပြန်ကြာရေးနှင့် ယဉ်ကျေးမှုဌာန
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
၁၀၀၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်
ဖုန်း ၀၁ ၅၄၉၆၄၄ ~ ၈