
ဂျပန်ရုပ်ရှင်နှင့် အန်နီမေးရှင်း နောက်ဆုံးပေါ်လက်ရာမွန်များစုစည်းမှု
![]() |
ယခုတစ်ကြိမ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ Agency of Cultural Affairs နှင့် Japan Image Council (JAPIC) တို့ ပူးပေါင်း၍ ဂျပန်ရုပ်ရှင်ပွဲတော်ကို ၂၀၁၇ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့မှ ၁၉ရက်အထိ ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံတွင် ကျင်းပသွားမည် ဖြစ်ပါသည်။
ရုံတင်ပြသသွားမည့် လက်ရာများတွင် ဇာတ်လမ်းရှည် ၁၁ကား၊ ဇာတ်လမ်းတို ၁၈ကား၊ စုစုပေါင်း ၂၉ကား ပါဝင်ပါသည်။ အမျိုးအစားစုံလင်လှသော လက်ရာများမှ ဇာတ်လမ်းသစ်များကို အဓိကအနေနှင့် ပြသသွားမည်ဖြစ်ပြီး မြန်မာပြည်တွင် ယခင်က တစ်ခါမှ မတင်ဆက်ဖူးသော ပုံစံမျိုးဖြင့် မျက်မှောက်ခေတ် ဂျပန်ရုပ်ရှင်နှင့် အန်နီမေးရှင်းများကို မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။
ဖွင့်ပွဲလက်ရာ အနေနှင့် ပူးပေါင်းပြီး ရုပ်ပြကာတွန်း လောကသို့ လျှောက်လှမ်းနေကြသည့် အထက်တန်း ကျောင်းသားနှစ်ဦး၏ လူငယ်ဘ၀သရုပ်ဖော် ဇာတ်လမ်း Bakuman ကို ပြသရန် သတ်မှတ်ထားပါသည်။
ဤဇာတ်လမ်းသည် Professional ဂျပန်ရုပ်ရှင်ဆုတွင် အကောင်းဆုံးဆုနှင့် အမျိုးမျိုးသော ရုပ်ရှင်ဆုများကို ရရှိထားပြီး ဂျပန် ရုပ်ပြကာတွန်း လောကကို သိရှိစေသည့်အပြင် Cool Japan ကိုဖော်ပြသည့် စိတ်ပါဝင်စားစရာများနှင့် ပြည့်နှက်နေသော ၂၀၁၅ခုနှစ် ကိုယ်စားပြု ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြသဖူးခြင်းမရှိသော ဂျပန်ရုပ်ရှင် ဇာတ်လမ်းသစ်များ၊ များမကြာမှီ နှစ်များက ပြည်တွင်းပြည်ပ ရုပ်ရှင်ပွဲတော်များတွင် မြင့်မားစွာ အကဲဖြတ်ခြင်းခံရသော ရုပ်ရှင်လက်ရာများ၊ ဆွေးနွေးဖွယ် လက်ရာများ၊ ထူးခြားဆန်းကြယ်သော သည်းထိတ်ရင်ဖို ဇာတ်လမ်းများ ကို ပြသသွားမည်ဖြစ်ပါသည်။
ဆက်လက်ပြသသွားမည့် ရုပ်ရှင်ကားများမှာ The Complex, Have a Song on Your Lips, Flying Colors, No Longer Heroine, The Dangerous Cops: Final 5 Days, Evergreen Love အစရှိသော ရုပ်ရှင်ကား ၆ကား၊ အန်နီမေးရှင်း ဇာတ်လမ်းရှည်များဖြစ်သည့် When Marnie Was There, The Case of Hana & Alice, The Boy and the Beast နှင့် BORUTO NARUTO THE MOVIE အစရှိသည်တို့အပြင်၊ အန်နီမေးရှင်း ဇာတ်လမ်းတိုများကိုလည်း သြဇာကြီးသော ဆရာကြီးများ၏ အနုပညာလက်ရာများနှင့် အသက်၂၀ကျော် ဒါရိုက်တာများ၏ လက်ရာပေါင်းချုပ် ဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ခွဲခြားပြသသွားမည် ဖြစ်ပါသည်။
ဝင်ကြေးအခမဲ့ ဖြစ်ပြီး၊ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ပါသည်။
ဇာတ်ကားများ အားလုံးကို မြန်မာစာတမ်းထိုးဖြင့် ပြသသွားမည် ဖြစ်ပါသည်။
လက်မှတ်များကို ပွဲချိန်မစမှီ တစ်နာရီ ကြိုတင်ပြီး နေပြည်တော် ရုပ်ရှင်ရုံ၏ ရုံးခန်းတွင် ရယူနိုင်ပါသည်။
ဖွင့်ပွဲဇာတ်လမ်းဖြစ်သည့် Bakuman ၏ ဒါရိုက်တာ အိုနဲ ဟိရိုတို နှင့် အခြားသော ဒါရိုက်တာများလည်း လာရောက်ကြမည့် အစီအစဉ်ရှိပါသည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါလင့်ခ် တွင် ၀င်ကြည့်နိုင်ပါသည်။
ရန်ကုန်ရှိ အများပြည်သူများ၊ ရန်ကုန်သို့ ရောက်ရှိနေသော ဂျပန်လူမျိုးများ၏ ကြည့်ရှုအားပေးမှုကို မျှော်လင့်လျှက်ရှိပါသည်။
စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
အမှတ်(၁၀၀)၊နတ်မောက်လမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
ဖုန်း၊ ၀၁ ၅၄၉၆၄၄ ~ ၄၈