
၂၀၁၇ ခုနှစ် ပထမအကြိမ် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ(JLPT)အတွက် လျှောက်လွှာလက်ခံခြင်း

မြန်မာနိုင်ငံတွင် ကျင်းပမည့် [၂၀၁၇ခုနှစ်၊ ပထမအကြိမ် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT)] အား ဇူလိုင်လ ၂ရက်နေ့(တနင်္ဂနွေနေ့)တွင် မန္တလေးတွင် ကျင်းပမည်ဖြစ်ပါသည်။ စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့်သူများမှာ အောက်ပါ အချက်အလက်များကို လေ့လာပြီး လျှောက်ထားနိုင်ပါသည်။
1. စာမေးပွဲကျင်းပမည့်နေ့ရက်
၂၀၁၇ခုနှစ်၊ဇူလိုင်လ၂ရက်(တနင်္ဂနွေနေ့)
2. စာမေးပွဲကျင်းပမည့်နေရာ
မန္တလေးမြို့(မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကို ယာယီသတ်မှတ်ထားပါသည်။)
3. လျှောက်လွှာလက်ခံမည့်နေရာ
နှစ်စဉ် နှစ်တိုင်း နောက်ဆုံးရက်တွင် အလွန်ပင် လူများပါသည်။ လျှောက်လွှာလက်ခံမည့်ရက် ပထမအပတ်တစ်ဝက်လောက် တွင်မူ အများအားဖြင့် လာတင်သူနည်းပါးသည့်အတွက် ခပ်စောစော လာရောက်တင်ကြပါရန် အကြံပြု အပ်ပါသည်။
(1) မန္တလေး
a. နေရာ။ HITOစင်တာ(လမ်း ၈၀နှင့် ၁၂ လမ်းထောင့်၊မန္တလေးမြို့)
b. နေ့ရက်၊အချိန်။ ဖေဖေါ်ဝါရီလ ၂၇ရက်နေ့မှမတ် ၃ရက်နေ့အထိ၊နံနက်၉း၃၀ မှ ညနေ၄း၀၀အထိ(နေ့စဉ်)
(2) ရန်ကုန်
a. နေရာ။ MAJAစင်တာ(ဒုတိယထပ်၊တိုက်စီ၊ပုလဲကွန်ဒို၊ကမ္ဘာအေးဘုရားလမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့)
b. နေ့ရက်၊အချိန်။ မတ်လ ၅ရက်နေ့မှ ၁၁ရက်နေ့အထိ၊နံနက်၉း၃၀ မှ ညနေ၄း၀၀အထိ(နေ့စဉ်)
4. စာမေးပွဲကြေး
N1, N2, N3: 20,000 MMK
N4, N5: 15,000 MMK
5. စာမေးပွဲဝင်ခွင့်လျှောက်လွှာ
နည်းလမ်း(၂)မျိုးဖြင့် လျှောက်ထားနိုင်ပါသည်။
(1) အမှတ်စဉ်(၃)တွင် ဖော်ပြထားသည့် နေရာများတွင် တစ်စောင်လျှင်(၁၀၀၀ကျပ်)ဖြင့် ဝယ်ယူပြီး လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာ ဖြည့်သွင်း၍ လျှောက်ထားနိုင်ပါသည်။
(2) Web Site မှ Download လုပ်ထားသည့် လျှောက်လွှာတွင် လိုအပ်သည့် အချက်အလက်များကို ကွန်ပြူတာဖြင့် ဖြည့်သွင်းပြီး ဤနေရာ သို့ Attachmentတွဲပြီး ပေးပို့ လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာ လက်ခံရရှိသည့် အကြောင်းကြားစာE-Mail ပေးပို့မည်ဖြစ်ပါ၍ လက်ခံရရှိခဲ့ပါက အမှတ်စဉ်(၃)တွင် ဖော်ပြထားသည့် နေရာများတွင် လျှောက်လွှာ လက်ခံကာလအတွင်း စာမေးပွဲကြေးကို ပေးသွင်းပြီး လျှောက်ထားပါ။
လျှောက်ထားပြီး ၂၄နာရီအတွင်း အကြောင်းကြားစာ မရရှိခဲ့ပါက MAJA(09-962751373)သို့ တိုက်ရိုက်ဖုန်းဆက် ပြီး စုံစမ်းနိုင်ပါသည်။
●၂၀၁၇ခုနှစ် ပထမအကြိမ် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲလမ်းညွှန်
●စာမေးပွဲလျှောက်လွှာ
6. စာမေးပွဲအဆင့်နှင့်မေးခွန်းနမူနာ
(1) စာမေးပွဲဖြေဆိုမည့်သူများမှာ ကိုယ်ဖြေမည့် စာမေးပွဲအဆင့်ရွေးချယ်ရန် ခက်ခဲပါက အောက်ပါ [ဂျပန်ဘာသာ အရည်အချင်းစစ် Mini စာမေးပွဲ]၊ ဂျပန်စာ အရည်အချင်းစစ် စာမေးပွဲတရားဝင်Web Siteရှိ [နမူနာမေးခွန်းကို ဖြေဆိုကြည့်ရအောင်]၊[တရားဝင် မေးခွန်းပေါင်းချုပ်]များကို အခမဲ့ လေ့လာအသုံးပြုနိုင်သည့်အတွက် ကြည့်ရှုလေ့လာစေချင်ပါသည်။
●ဂျပန်ဘာသာ အရည်အချင်းစစ် Miniစာမေးပွဲ
・N1レベル
・N2レベル
・N3レベル
・N4レベル
・N5レベル
●နမူနာမေးခွန်းကိုဖြေဆိုကြည့်ရအောင်(FLASH)
●ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲတရားဝင် မေးခွန်းပေါင်းချုပ်(PDF,MP3)
※ *Listening Test အတွက် အသံဖိုင်(MP3)လည်း ရှိပါသည်။ စာမေးပွဲမေးခွန်းနှင့် အသံဖိုင်ကို အခမဲ့Download ရယူနိုင်ပါသည်။
●ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲကိုယ်တိုင် အကဲဖြတ်ခြင်းCan-do List
ဤListမှာ [ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ၏ Level အမျိုးမျိုးမှ အောင်မြင်ခဲ့သူများက ဂျပန်စကားတတ်မြောက်ခြင်းဖြင့် ဘယ်လိုအရာများကို ပြုလုပ်နိုင်မည်ကို စဉ်းစားနေသလဲ] ကို စာမေးပွဲဖြေဆိုမည့်သူများ၏ ကိုယ်တိုင်အကဲဖြတ်စစ်တမ်း၏ ရလဒ်များကို စုဆောင်းထားခြင်းဖြစ်ပါသည်။
စာမေးပွဲ ဖြေမည့်သူများနှင့် ပတ်ဝန်းကျင်မှ သူများက [ဤLevelအလိုက် စာမေးပွဲအောင်မြင်သူများမှာ ဂျပန်ဘာသာကိုအသုံးပြု၍ မည်သို့သောအရာမျိုးများ ပြုလုပ်နိုင်မည်နည်း]ဆိုသည့် Imageကို ဖော်ပြနိုင်ရန်အတွက် ဥပမာအဖြစ် ရယူအသုံးပြုနိုင်ပါသည်။
(Listမှာ ဂျပန်ဘာသာ၊အင်္ဂလိပ်ဘာသာ၊တရုတ်ဘာသာ၊ကိုရီယားဘာသာ၊ဗီယက်နမ်ဘာသာ၊အင်ဒိုနီးရှားဘာသာ)
(2) စာမေးပွဲနှင့်ပတ်သက်၍ မေးလေ့မေးထရှိသည့်မေးခွန်းများကို ဂျပန်စာအရည်အချင်းစစ်စာမေးပွဲHomepage၏ [မေးလေ့မေးထ ရှိသည့်မေးခွန်း] တွင်ဝင်ရောက် လေ့လာ
ကြည့်ရှုနိုင်ပါသည်။
7. စုံစမ်းမေးမြန်းခြင်း
(1) လျှောက်လွှာတင်ခြင်းနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုပါက
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ဖုန်း။ ၀၉-၉၆၂၇၅၁၃၇၃(JLPTသီးသန့်)၊၀၉-၈၆၁၂၁၅၁
(2) စာမေးပွဲနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုပါက
ဂျပန်ဖောင်ဒေးရှင်း၊ ဂျပန်ဘာသာ စာမေးပွဲကျင်းပရေးစင်တာ