
ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဂျပန်အစိုးရနှင့် မြန်မာအစိုးရ၏ ပူးပေါင်းမှုဖြင့် ASEM Tourism နယ်ပယ် တိုးတက်အောင် မြှင့်တင်ရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲကို ၂၀၁၅ခုနှစ် စက်တင်ဘာလ တိုကျိုမြို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲ၏ နောက်ပိုင်း၌ ဆက်လက်ပြီး ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ASEM နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အနေနှင့် သဘာပတိနိုင်ငံအဖြစ် ဆောင်ရွက်နေသော ယခုနှစ် အတွင်းတွင် Tourism နယ်ပယ် တိုးတက်အောင် မြှင့်တင်ရေး ဆိုသည့် ရှုထောင့် မှနေ၍ ASEM ဒေသတွင်း ဆက်နွယ်မှုကို အဆင့်မြှင့်တင်ရန် အတွက် ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲ အနေနှင့် ရန်ကုန်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် Obirin တက္ကသိုလ်မှ Tourism ဘာသာရပ်ကို သင်ကြားနေသော ပါမောက္ခ Yasuhiro Watanabe အားဖိတ်ခေါ်ပြီး Tourism နယ်ပယ် တိုးတက် မြှင့်တင်ရေးရန် နာမည်ကြီး ကုန်ပစ္စည်းများ၊ ကမ္ဘာ့အမွေအနှစ်များကို အသုံးချခြင်း အစရှိသည့် Marketing ပိုင်း၏ အရေးပါပုံကို အဓိကအနေနှင့် ယေဘုယျကျသော အကြောင်းအရာများကို ဖော်ပြရင်း အခြေခံပို့ချချက်များကို ပို့ချသွားခဲ့သည်။ အမေးအဖြေကဏ္ဍတွင် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ဖိတ်ခေါ်ရေးစသည့် ရှုထောင့်မှ တက်ကြွစွာ ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအုန်းမြင့်နှင့် မြန်မာ့ ဟိုတယ်ခရီးမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ ဟိုတယ်ခရီးမှ တာဝန်ရှိသူများနှင့် ASEM သံတမန် ဆက်ဆံရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(ASEM: Asia – Europe Meeting) သည် အာရှဘက်မှ ၂၁နိုင်ငံနှင့် အဖွဲ့အစည်းတစ်ခု၊ ဥရောပဘက်မှ ၃၀နိုင်ငံ နှင့် အဖွဲ့အစည်း တစ်ခု အစရှိသော စုစုပေါင်း အဖွဲ့ဝင် နိုင်ငံပေါင်း ၅၁နိုင်ငံနှင့်
အဖွဲ့အစည်း နှစ်ဖွဲ့ ဖြင့် ပေါင်းစပ်ဖွဲ့စည်းပြီး ထားပါသည်။ အဖွဲ့ဝင် အချင်းချင်း အပြန်အလှန် လေးစားမှုနှင့် သာတူညီမျှ စိတ်ထားရှိမှုများအပေါ် မူတည်ပြီး အာရှ၊ဥရောပ ဒေသ နှစ်ခုစလုံးတွင် ပူးပေါင်း ဆက်သွယ်မှုများကို ပိုမို အလေးအနက်ထားရန် ရည်ရွယ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကို မဏ္ဍိုင် ၃ရပ် အနေနှင့် ထားကာ အမျိုးမျိုးသော လှုပ်ရှားမှုကို ဆောင်ရွက်လျှက်ရှိသည်။
![]() |
|
|
|