ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ရခိုင်နှင့်မွန်ပြည်နယ်၊မကွေးတိုင်းများတွင် စာသင်ကျောင်းသုံးဆောင်ဆောက်လုပ်ရေးနှင့်လမ်းတစ်လမ်းအဆင့်မြှင့်တင်ခြင်းအတွက် အမေရိကန်ဒေါ်လာ (၅၀၁,၀၇၅) ထောက်ပံ့မှု
၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁) ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဆောက်လုပ်ရေးကော်မတီဥက္ကဌတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည်၎င်း၏အသေးစား စီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်းအမေရိကန်ဒေါ်လာ (၅၀၁,၀၇၅)ကို ပံ့ပိုးပေးမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများမှာ-

၁. ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရွှေစေတီဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းဆောက်လုပ်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၁၃၆,၃၅၆)၊
၂. မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၁၀,၆၅၈)
၃. မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာတွင်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၁၄၉,၈၄၉) နှင့်
၎. မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၀၄,၂၁၂) တို့ဖြစ်ကြပါသည်။

ရွှေစေတီဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းတွင် ကျောင်းသား/သူဦးရေတိုးလာသော်လည်း စာသင်ခန်းများ လုံလောက်မှုမရှိသဖြင့် အသစ်ဝင်လာသောကျောင်းသား/သူများအားလုံးကို လက်မခံနိုင်ခဲ့ပါ။ ထို့အပြင် ကျောင်း သား/သူများသည် နှစ်သုတ်ခွဲသင်ရသဖြင့် ကျောင်းသင်ရိုးညွှန်းတမ်းပြည့်မီအောင်မသင်ရသည့်အပြင် ကျဉ်းကျပ်စွာ စာသင်နေရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၉ ခန်းနှင့်ကျောင်းသုံး ပရိဘောဂအပြည့်အစုံပါဝင်သော သံကူကွန်ကရစ်သုံးထပ်စာသင်ဆောင်တစ်ဆောင်နှင့် သန့်စင်ခန်းများဆောက် လုပ်ရန် ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၁,၁၉၅ဦးကို အကျိုးခံစားစေမည်ဖြစ် ပါသည်။

သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းတွင် စာသင်ကျောင်းဆောင်သီးသန့်မရှိသဖြင့် ဘုန်း တော်ကြီးကျောင်းဆောင်ကို ယာယီစာသင်ခန်းအဖြစ်အသုံးပြုခဲ့ပါသည်။ ဘာသာရေးအခမ်းအနားများရှိသောအခါ များတွင် ကျောင်းပိတ်ထားရပါသည်။ အကျိုးဆက်အနေနှင့် ကျောင်းသင်ရိုးညွှန်းတမ်းများကို ပြီးဆုံးအောင်မသင်နိုင် တော့ပါ။ သင့်တော်သောစာသင်ကြားမှုပတ်ဝန်းကျင်ပေးနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၈ ခန်းနှင့်ကျောင်းသုံး ပရိဘောဂအပြည့်အစုံပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်ဆောက်လုပ်ရန် ပံ့ပိုးပေး မည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၁၀၁ဦးကို အကျိုးခံစားစေမည် ဖြစ်ပါသည်။

လက်ရှိမြေသားလမ်းသည် တပ်ကုန်းကျေးရွာနှင့်အနီးဆုံးမြို့သို့သွားရန် လမ်းမကြီးကိုဆက်သွယ်ထားခြင်း ဖြစ်ပါသည်။ အဆိုပါလမ်းကိုအသုံးပြုပြီး ရွာသူ/သားများသည် ၎င်းတို့၏စိုက်ပျိုးထွက်ကုန်များသယ်ပို့ခြင်း၊ လူနာများ ဆေးရုံသို့ပို့ဆောင်ခြင်း၊ အထက်တန်းကျောင်းသား/သူများမြို့ပေါ်ကျောင်းသို့ ပို့ဆောင်ခြင်းများအတွက် အသုံးပြုကြ ပါသည်။ သို့သော်လည်း မိုးရာသီတွင် အဆိုပါလမ်းမှာရွှံ့ထူထပ်ပြီး လွန်ခဲ့သောသုံးနှစ်ခန့်က ပို့ဆောင်မှုနှောင့်နှေး သောကြောင့် အရေးပေါ်လူနာ၎ဦး အသက်ဆုံးရှုံးခဲ့ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ ကွန်ကရစ်ရေပြွန်နှစ်ခုအပါအ၀င် ၄.၈ကီလိုမီတာရှည်လျားသောလမ်းအဆင့်မြှင့်တင်ခြင်းအတွက် ပံ့ပိုးပေးမည်ဖြစ်ပါ သည်။ စီမံကိန်းသည် ဒေသခံ ၃,၆၁၀ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။

ဇေယျာသီရိဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းတွင် စာသင်ကျောင်းဆောင်မရှိသဖြင့် အသုံးပြုပြီးသားသစ်နှင့် ၀ါးများကို အသုံးပြုပြီးယာယီစာသင်ကျောင်းတစ်ဆောင်ကို ဆောက်လုပ်ခဲ့ပါသည်။ ကျောင်းသား/သူ ၁၇၀ကျော် သည် မိုးဒဏ်၊လေဒဏ်ခံရလွယ်သောဟောခန်းတွင် ကျဉ်းကျပ်စွာ စာသင်ကြားနေရပါသည်။ သင့်တော်သောစာသင် ကြားမှုပတ်ဝန်းကျင်ကိုရရှိစေရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၈ ခန်းနှင့်ကျောင်းသုံးပရိဘောဂအပြည့်အစုံပါဝင် သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် လူသွားလမ်း၊ သန့်စင်ခန်းဆောက်လုပ်ရန် ပံ့ပိုးပေးမည် ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၁၉၁ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၁၁)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၇)ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၄၃)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။