၁။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဂျပန်အစိုးရသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ရခိုင် ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သောမတည်ငြိမ်မှုများ၏အကျိုးဆက်ကိုခံစားနေကြရသော ဒေသခံပြည်သူများနှင့် ရွေ့ပြောင်းနေထိုင်သူများအတွက် အမေရိကန်ဒေါ်လာ (၁၀) သန်းအား အရေးပေါ်အထောက်အအပံ့အဖြစ် ပေးအပ်ရန်ဆုံးဖြတ်ခဲ့ပါသည်။
၂။ ဤအရေးပေါ်အထောက်အပံ့သည် ဆက်ဆံရေး တင်းမာနေဆဲဖြစ်သော မူဆလင်ဘာသာ နှင့် ဗုဒ္ဓဘာသာ လူမှုအသိုက်အဝန်းများ အကြား ဒေသခံပြည်သူများနှင့် ရွေ့ပြောင်းနေထိုင်သူများ အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၊ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) တို့မှတစ်ဆင့် စားနပ်ရိက္ခာများ၊ အစားအစာ မဟုတ်သောပစ္စည်းများနှင့်အမိုးအကာများ ပံ့ပိုးပေးခြင်းတို့အပြင် အာဟာရ ထောက်ပံ့ရေး အစီအစဉ် ဖြစ်သော ဖွံဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအထောက်အပံ့ ပေးအပ်ရန် ဖြစ်ပါသည်။ထို့ပြင် လူမှုအသိုက်အဝန်းနှစ်ခုကြား ယုံကြည်မှုတည်ဆောက်ရန် ရည်ရွယ်သည့် ပညာရေး နှင့် သက်မွေး ဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်ခြင်းအားဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုကို အထောက်အကူပြုရန် ရည်ရွယ်ပါသည်။

No.100 Natmauk Road, Bahan Township, Yangon
01-549644~8