ဂျပန်မှ ဧရာဝတီတိုင်းဒေသကြီးတွင် လမ်းလေးလမ်းအဆင့်မြှင့်တင်ခြင်းနှင့်တံတားတစ်စင်းအတွက်
အမေရိကန်ဒေါ်လာ (၆၃၈,၀၆၅) ထောက်ပံ့မှု
၂၀၁၇ခုနှစ်၊ မတ်လ(၂) ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ဆောက်လုပ် ရေးကော်မတီဥက္ကဌတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့ လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်း များထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်းအမေရိကန်ဒေါ်လာ (၆၃၈,၀၆၅)ကို ပံ့ပိုးပေးမည်ဖြစ်ပြီး အဆိုပါစီမံကိန်း များမှာ-
၁. ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ရေနောက်ကျေးရွာနှင့်ညောင်ဝိုင်းကျေးရွာချင်းဆက်လမ်းအဆင့်မြှင့် တင်ခြင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၈၉,၈၇၆)၊
၂. ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ တာမလိုကျေးရွာနှင့်တာပတ်(အနောက်)ကျေးရွာလမ်းနှစ်လမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၁၁,၈၅၇)၊
၃. ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာတံတားဆောက်လုပ်ခြင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၇၈,၅၃၅) နှင့်
၎. ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာနှင့်ရေစမ်းကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင် ခြင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၅၇,၇၉၇) တို့ဖြစ်ကြပါသည်။

ရေနောက်ကျေးရွာနှင့်ညောင်ဝိုင်းကျေးရွာချင်းဆက်မြေသားလမ်းသည် မိုးရာသီများတွင်ရွှံ့ဗွက်ထူထပ်သဖြင့် ရွာ သူ/သားများ စိုက်ပျိုးထွက်ကုန်များကိုသယ်ပို့ရန်၊ လူနာများကိုဆေးရုံသို့ပို့ဆောင်ရန် အခက်အခဲများစွာကြုံနေခဲ့ကြ ပါသည်။ ထို့အပြင် ကျောင်းသား/သူများသည် ၄.၅ ကီလိုမီတာအဝေးတွင်တည်ရှိသော အထက်တန်းကျောင်းသို့ ၄ နာရီကြာအောင်လမ်းလျှောက်သွားရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ တံတား တစ်စင်းနှင့် ရေပြွန် ၁၃ လုံးအပါအ၀င် ၄.၂ ကီလိုမီတာရှည်သောလမ်းအဆင့်မြှင့်တင်ရေးအတွက် ပံ့ပိုးပေးမည်ဖြစ် သည်။ စီမံကိန်းသည် ပတ်ဝန်းကျင် ၈ရွာမှဒေသခံ ၁,၅၉၃ဦးကို အကျိုးခံစားစေမည်ဖြစ်သည်။

တာမလိုကျေးရွာနှင့်တာပတ်(အနောက်)ကျေးရွာများရှိလမ်းနှစ်လမ်းသည် မအူပင်မြို့သို့သွားရာလမ်းမကြီးသို့ ဆက် သွယ်ထားသောလမ်းများဖြစ်ကြပါသည်။ အဆိုပါလမ်းများကိုအသုံးပြုပြီး ရွာသူ/သားများသည် ၎င်းတို့၏စိုက်ပျိုး ထွက်ကုန်များကိုတင်ပို့ခြင်း၊ လူနာများကိုဆေးရုံသို့ပို့ဆောင်ခြင်းနှင့် အထက်တန်းကျောင်းသား/သူများ အနီးဆုံး ကျေးရွာများရှိကျောင်းများသို့သွားရန်အသုံးပြုကြပါသည်။ သို့သော်လည်း မိုးရာသီအချိန်များတွင်အဆိုပါလမ်းများ ရွှံ့ဗွက်ထူထပ်သဖြင့် အချို့သောအရေးပေါ်လူနာများကုသမှုခံယူရန်နှောင့်နှေးပြီး အသက်ဆုံးရှုံးခဲ့ရပါသည်။ အဆိုပါ အခက်အခဲများကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ တာမလိုကျေးရွာအတွက်တံတားတစ်စင်း၊ ရေပြွန် ၂ ခုအပါအ၀င် ၅၈၅မီတာရှည်လျားသောလမ်းအဆင့်မြှင့်တင်ခြင်း၊ တာပတ်(အနောက်)ကျေးရွာအတွက် ၈၂၇မီတာရှည်လျားသော လမ်းအဆင့်မြှင့်တင်ခြင်းများအတွက်ပံ့ပိုးပေးမည်ဖြစ်သည်။ စီမံကိန်းသည်ပတ်ဝန်းကျင် ၁၂ရွာမှ ဒေသခံ ၆,၆၅၀ဦး ကို အကျိုးခံစားစေမည်ဖြစ်သည်။

ကုန်းပြင်ကျေးရွာကြိုးတံတားဟောင်းသည် တဖြည်းဖြည်းပျက်စီးယိုယွင်းလာခဲ့သော်လည်း နေ့စဉ် မော်တော်ဆိုင် ကယ်ပေါင်း ၄၄၀၊ စက်ဘီး ၆၀၀ နှင့် ခြေလျင်သွားခရီးသည်ပေါင်း ၂,၀၀၀ ဖြတ်သန်းသွားလာအသုံးပြုကြပါသည်။ ကားများဖြတ်သန်းသွားလာခြင်းမပြုနိုင်သဖြင့် လူနာများကိုအနီးဆုံးမြို့ဆေးရုံသို့ ၆ မိုင်ဝေးသောအခြားလမ်းကို အသုံးပြုပြီးပို့ဆောင်ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ ချဉ်းကပ်လမ်းအပါအ၀င် ၄၉ မီတာရှည်ပြီး၊ ၅.၅မီတာအကျယ်ရှိသော သံကူကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ပတ်ဝန်းကျင် ၄၁ ရွာမှ ဒေသခံ ၁၆,၂၂၇ ဦးကို အကျိုးခံစားစေမည်ဖြစ်သည်။

မြောက်စမ်းကျေးရွာနှင့်ရေစမ်းကျေးရွာချင်းဆက်မြေသားလမ်းသည် ပုသိမ်မြို့သို့သွားရာလမ်းမကြီးဆီသို့ ဆက် သွယ်ထားပါသည်။ အဆိုပါလမ်းကိုအသုံးပြုပြီး ကျေးရွာသူ/သားများသည် ၎င်းတို့၏စိုက်ပျိုးထွက်ကုန်များကို တင်ပို့ခြင်း၊ လူနာများကိုဆေးရုံသို့ပို့ဆောင်ခြင်းနှင့် အထက်တန်းကျောင်းသား/သူများအနီးဆုံးမြို့ရှိကျောင်းသို့ သွားရန်အသုံးပြုကြပါသည်။ သို့သော်လည်း မိုးရာသီများတွင် လမ်းမှာရွှံ့ဗွက်ထူထပ်သဖြင့် ရွာသူ/သားများ ၎င်းတို့၏ စိုက်ပျိုးထွက်ကုန်များကိုခြေလျင်သယ်ပြီး သွားရောက်ရောင်းချကြပါသည်။ အကျိုးဆက်အနေနှင့် ရွာသူ/သားများ သည် ၎င်းတို့၏ထွက်ကုန်များကို ကြာကြာမသိုလှောင်နိုင်သဖြင့် ဈေးကျသောအချိန်များတွင်ရောင်းချရပြီး မျှော်လင့်ထားသောဈေးနှုန်းထက်လျော့နည်းကာရောင်းချရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ တံတား ၂ စင်း၊ ရေပြွန် ၈ ခု အပါ အ၀င် ၂.၅ ကီလိုမီတာရှည်သောလမ်းအဆင့်မြှင့်တင်ခြင်း အတွက်ပံ့ပိုးပေးမည်ဖြစ်သည်။ စီမံကိန်းသည်ပတ်ဝန်းကျင် ၃ ရွာမှ ဒေသခံ ၉၆၄ဦးကိုအကျိုးခံစားစေမည်ဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၁၄)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၀၀)ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၄၃)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။