
အောက်ပါစီမံကိန်းနှစ်ခု၏ လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၇ခုနှစ်၊ မတ်လ(၂) နှင့် (၃)ရက်များတွင် ဘိုကလေး နှင့်မော်လမြိုင်ကျွန်းမြို့နယ်အသီးသီးတွင် ကျင်းပခဲ့ပါသည်။
၁) ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဆိပ်ခံတံတားဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၅၅,၅၉၉) နှင့်
၂) ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပျားမွတ်လျှော်ချောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၉၄,၃၀၇) တို့ဖြစ်ကြပါသည်။
အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှဒုတိယအတွင်းဝန် Mr. Yoshimasa KASAI ၊ပြည်တွင်းပို့ ဆောင်ရေးမှ ဒုတိယအထွေထွေမန်နေဂျာဦးသီလသိန်း၊ ဒုတိယအထွေထွေမန်နေဂျာဦးငြိမ်းအေး၊ ဒုတိယအထွေထွေ မန်နေဂျာဦးအောင်သန်းမြိုင်၊ ဧရာဝတီတိုင်းဒေသကြီးပြည်သူ့လွှတ်တော်ဥက္ကဌဦးအောင်ကျော်ခိုင်၊ ဧရာဝတီတိုင်းဒေ သကြီးပညာရေးဌာနဒုတိယညွှန်ကြားရေးမှူးဦးညွှန့်စိုးနှင့် အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ဘိုကလေးမြို့နယ်ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဆိပ်ခံတံတားသည် ကြာရှည်စွာအသုံးပြုခဲ့မှုနှင့်ယိုယွင်းလာမှု ကြောင့် ကလေးများ၊သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအသုံးပြုရန် စိတ်ချရမှုမရှိပါ။ ဆိပ်ခံ တံတားအတွက်အရေးပါသည့်အစိတ်အပိုင်းဖြစ်သည့်ဘောတံတားတွင်လည်း အပေါက်ငယ်လေးများ၊ အက်ကြောင်း လေးများ ဖြစ်ပေါ်နေခဲ့ပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ ၁၈ မီတာရှည်သောသံကူ ကွန်ကရစ်ဆိပ်ခံတံတားဆောက်လုပ်ရန်နှင့် ဘောတံတားပြုပြင်ရန် ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ဒေသခံ ၇၀,၉၄၃ဦးကို အကျိုးခံစားစေမည့်အပြင် ဒေသတွင်းပညာရေး၊ကျန်းမာရေးနှင့်လူမှုရေးအတွက် ပို့ဆောင်ဆက်သွယ် ရေးအဆင်ပြေလာမည်ဖြစ်သည်။ပျားမွတ်လျှော်ချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းရှိစာသင်ကျောင်းဆောင်သည် ၂၀၀၈ခုနှစ်တွင်ဖြစ် ပွားခဲ့သောဆိုင်ကလုန်းနာဂစ်နှင့်ခြကိုက်စားမှုကြောင့် သိသာစွာပျက်စီးသွားခဲ့ပါသည်။ စာသင်ခန်းလုံလောက်မှုမရှိ သောကြောင့်လည်းကောင်း၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရန်မတတ်နိုင်သောကြောင့်လည်းကောင်း အဆိုပါ ဆိုးရွားစွာပျက်စီးနေခဲ့သောကျောင်းဆောင်ကို မဖျက်ဆီးနိုင်ခဲ့ပါ။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံ အစိုးရမှ စာသင်ခန်း ၈ ခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းများဆောက်လုပ်ရန် ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား /သူ ၈၂၀ဦးကို အကျိုး ခံစားစေမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၁၅)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၇)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၄၃)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |
![]() |