မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ဆောက်လုပ်ရေးကော်မတီဥက္ကဌတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့ လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစား စီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်းအမေရိကန်ဒေါ်လာ (၆၇၄,၁၀၇)ကို ပံ့ပိုးပေးမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများမှာ-
၁. ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲ ဆောက်လုပ် လုပ်ခြင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၆၈,၅၄၂)၊
၂. မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ နတ်မောက်ကျေးရွာလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၃၆,၄၇၅)၊
၃. ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာနှင့်မလောင်ကျေးရွာချင်းဆက်လမ်းအဆင့်မြှင့် တင်ခြင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၃၀၁,၀၄၁) နှင့်
၎. ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ငှက်ပျောတောကျေးရွာတံတားဆောက်လုပ်ခြင်းစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ (၁၆၈,၀၄၉) တို့ဖြစ်ကြပါသည်။
အုန်းပင်ကျေးရွာအုပ်စုကျေးလက်ကျန်းမာရေးဆေးပေးခန်းသည် ကျေးရွာနေအိမ်တစ်ခုကိုယာယီဆေးပေးခန်း အနေနှင့်အသုံးပြုနေခဲ့ပြီး ဆေးခန်းသုံးပစ္စည်းအပြည့်အစုံလည်းမရှိပါ။ အဆိုပါနေအိမ်သည် တဖြည်းဖြည်းယိုယွင်း ပျက်စီးလာခဲ့ပြီး လူနာအရေအတွက်များများအတွက် နေရာမပေးနိုင်ပါ။ ထို့ကြောင့် ဆေးပေးခန်းဝန်ထမ်းများသည် အဆိုပါကျေးရွာအုပ်စုအတွင်းလူနာများကို အိမ်တိုင်ရာရောက်သွားရောက်ကြည့်ရှုပေးရပြီး ဆေးပေးခန်းခွဲသည် လည်း ပုံမှန်အလုပ်များမလုပ်ဆောင်နိုင်တော့ပါ။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရသည် ပရိဘောဂအပြည့်အစုံပါဝင်သော သံကူကွန်ကရစ်တစ်ထပ်ဆေးပေးခန်းခွဲတစ်ဆောင်၊ ၀န်ထမ်းအိမ်ယာတစ်ဆောင်၊ ခြံစည်းရိုးအပါအ၀င် ဆေးခန်းသုံးပစ္စည်းသုံးမျိုးကိုပါ ပံ့ပိုးပေးမည်ဖြစ်ပါသည်။
စီမံကိန်းသည် အဆိုပါကျေးရွာအုပ်စုရှိ ဒေသခံ ၃,၁၁၄ ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။နတ်မောက်ကျေးရွာနှင့်ပတ်ဝန်းကျင် ၁၆ ရွာမှကျေးရွာသူ/သားများသည် ၎င်းတို့၏စိုက်ပျိုးထွက်ကုန်များကိုတင်ပို့ ရောင်းချရန်၊ လူနာများကိုဆေးရုံသို့ပို့ဆောင်ရန်နှင့် ကျောင်းသား/သူများကိုလမ်းမကြီးတလျောက်ရှိ အထက်တန်း ကျောင်းများသို့ပို့ဆောင်ရန် နတ်မောက်ကျေးရွာရှိမြေသားလမ်းကိုအသုံးပြုကြပါသည်။ သို့သော်လည်း အဆိုပါလမ်း သည် မိုးရာသီတွင်ရွှံ့ဗွက်ထူထပ်ပြီးသွားလာရန်ခက်ခဲသဖြင့် အလယ်တန်းကျောင်းသား ၈၀% အထက်တန်း ကျောင်းဆက်မတက်ဖြစ်ကြတော့ပါ။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ ကွန်ကရစ်ရေပြွန်တစ် လုံးအပါအ၀င် ၂.၅ ကီလိုမီတာရှည်သောလမ်းအဆင့်မြှင့်တင်ခြင်းများအတွက် ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်း သည် ပတ်ဝန်းကျင် ၁၆ ရွာမှ ဒေသခံ ၉၆၄ ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
ရေလဲကလေးကျေးရွာနှင့်မလောင်ကျေးရွာချင်းဆက်သော မြေသားလမ်းသည် မအူပင်မြို့သို့သွားရန်ကားလမ်း မကြီးသို့ ဆက်သွယ်ထားခြင်းဖြစ်ပါသည်။ ကျေးလက်ကျန်းမာရေးဆေးပေးခန်းသည် ရေလဲကလေးကျေးရွာ ကားလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။ သို့သော်လည်း မိုးရာသီများတွင် လမ်းမှာရွှံ့ဗွက်ထူထပ်သဖြင့် အဝေးဆုံးရွာ မှဆေးပေးခန်းသို့သွားရန် ၃ နာရီကြာအောင်လမ်းလျှောက်ရသဖြင့် သက်ကြီးရွယ်အိုများနှင့်ကိုယ်ဝန်ဆောင်များ အတွက် အခက်အခဲဖြစ်ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ်တံတား တစ်စင်းနှင့် ရေထွက်ပြွန် ၄ လုံးအပါအ၀င် ၆.၂ ကီလိုမီတာရှည်သောလမ်းအဆင့်မြှင့်တင်ခြင်းများအတွက် ပံ့ပိုးပေးမည် ဖြစ်ပါသည်။ စီမံကိန်းသည် ပတ်ဝန်းကျင် ၁၂ ရွာမှ ဒေသခံ ၅,၆၆၃ ဦးကို အကျိုးခံစားစေမည် ဖြစ်ပါသည်။
ငှက်ပျောတောကျေးရွာသည် လဂွမ်းပြင်မြစ်ကမ်းဘေးတွင်တည်ရှိပြီး က၀မြို့နယ်အတွင်းကျေးရွာ ၁၀ ရွာအတွက် အဓိက၀င်ပေါက်ထွက်ပေါက်လည်းဖြစ်ပါသည်။ ကျေးရွာသူ/သားများသည် ၎င်းတို့၏စိုက်ပျိုးထွက်ကုန်များကိုတင်ပို့ ရောင်းချရန်၊ လူနာများကိုဆေးရုံသို့ပို့ဆောင်ရန်နှင့် ကျောင်းသား/သူများကိုမြစ်တဖက်ကမ်းကျေးရွာရှိ အလယ်တန်း ကျောင်းသို့ပို့ဆောင်ရန် အသုံးပြုကြပါသည်။ နေ့စဉ်အသွားအပြန်လှေစီးခ ၄၀၀ ကျပ်သည် ကျေးရွာသူ/သားများ အတွက် ငွေကြေးအခက်အခဲဖြစ်စေပါသည်။ အဆိုပါအခက်အခဲများကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရသည် ၅၀ မီတာ ရှည်ပြီး ၆ မီတာကျယ်သော သံကူကွန်ကရစ်တံတားတစ်စင်းဆောက်လုပ်ရန် ပံ့ပိုးပေးမည်ဖြစ်သည်။ စီမံကိန်းသည် ပတ်ဝန်းကျင် ၁၁ ရွာမှ ဒေသခံ ၁၁၃,၉၅၈ ဦးကို အကျိုးခံစားစေမည်ဖြစ်သည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၁၈)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၀၀)ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၄၇)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
|
|
|

No.100 Natmauk Road, Bahan Township, Yangon
01-549644~8