အောက်ပါစီမံကိန်းနှစ်ခု၏ လွှဲပြောင်းပွဲအခမ်းအနားများကို ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ(၁၅) နှင့် (၁၆)ရက်များတွင် မတ္တရာနှင့်ချမ်းမြသာစည်မြို့နယ်အသီးသီးတွင် ကျင်းပခဲ့ပါသည်။ စီမံကိန်းနှစ်ခုလုံးသည် ၂၀၁၅ရေဘေးဒဏ်ကြောင့် ပျက်စီးမှုများပြန်လည်ထူထောင်ရေးအတွက် ဦးတည်ခြင်းဖြစ်ပါသည်။
၁) မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်း ဆောက် လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၀,၁၀၄) နှင့်
၂) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးအရိုးအထူးကုဆေးရုံ၊ ခြေတုလက်တုအဆောက်အအုံ ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၈,၂၅၂) တို့ဖြစ်ကြပါသည်။
အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှပထမအတွင်းဝန် Mr. Yuichiro FUNAI ၊မန္တလေးတိုင်း ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ရေနံ့သာဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းတွင် စာသင်ခန်းများလုံလောက်မှုမရှိသဖြင့် ကျောင်းသား/သူများ သည် စာသင်ကြားရန်ပရိဘောဂအစုံအလင်မရှိသော ဘုန်းတော်ကြီးကျောင်းများတွင် စာသင်ကြားခဲ့ရပါသည်။ ထို့အပြင် ဘာသာရေးအခမ်းအနားများကိုအဆောင်တွင်ကျင်းပသောအခါများတွင် ကျောင်းသား/သူများစာသင်ကြား ရန် အနှောင့်အယှက်ဖြစ်ခဲ့ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၆ခန်းပါဝင် သောသံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်ဆောက်လုပ်ရန်နှင့် ပရိဘောဂအပြည့်အစုံနှင့်သန့်စင်ခန်းများ အတွက်ပါ ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၄၅၆ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။
မန္တလေးအရိုးအထူးကုဆေးရုံကြီးသည် ခြေတုလက်တုလူနာများအတွက်လိုအပ်သော ပစ္စည်းကိရိယာများအပြည့်အစုံ မရှိသဖြင့် တိုင်းဒေသကြီးနှင့်ပတ်ဝန်းကျင်ပြည်နယ်များရှိကုသမှုအထူးလိုအပ်သောလူနာများသည် ကုသမှုနှင့်တပ် ဆင်မှုများ လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့သို့သွားရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရသည် သံကူကွန်ကရစ်တစ်ထပ်ခြေတုလက်တုအဆောက်အအုံဆောက်လုပ်ရန် ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် နှစ်စဉ် ဆေးရုံလူနာ၁,၀၀၀ကို အကျိုးခံစားစေမည်ဖြစ်ပြီး တိုင်း၃တိုင်းနှင့်ပြည်နယ်၎ပြည်နယ်တွင် ဆေးနှင့်ကျန်းမာရေး ပတ်ဝန်းကျင်အခြေအနေ တိုးတက်ပြောင်းလဲလာစေမည်ဖြစ်သည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၀၁)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၁)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၄၁)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။
|
|
|
|

No.100 Natmauk Road, Bahan Township, Yangon
01-549644~8