RAI FU JIN နင်ဂျာအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှု
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် Japan Culture House နှင့် ပူးပေါင်းပြီး RAI FU JIN နင်ဂျာအဖွဲ့ကို ဂျပန်နိုင်ငံမှ ဖိတ်ခေါ်ကာ နင်ဂျာ ဖျော်ဖြေပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမည် ဖြစ်ပါသည်။ ထိုနေ့တွင် နင်ဂျာ ၃ဦး၏ ဖျော်ဖြေ တင်ဆက်မှုများအပြင်၊ နင်ဂျာ လက်နက်ပုန်း ပစ်ကြည့်နိုင်ခြင်း၊ စက္ကူဖြင့် လက်နက်ပုန်း ခေါက်ခြင်းများကိုပါ ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ဝင်ကြေး အခမဲ့ဖြစ်ပြီး၊ နင်ဂျာ အစစ်များကို မြန်မာနိုင်ငံတွင် မြင်တွေ့နိုင်မည့် နောက်တစ်ကြိမ် မရှိနိုင်တော့သည့် ရှားပါး အခွင့်အရေးကြီး ဖြစ်သောကြောင့် လာရောက် ကြည့်ရှုကြရန် ဖိတ်ခေါ်အပ်ပါသည်။
RAI FU JIN နင်ဂျာအဖွဲ့၏ အသေးစိတ်အချက်အလက်များကိုRAI FU JIN နင်ဂျာအဖွဲ့၏ Official Page တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

၁။ နေ့ရက်၊ အချိန်
ရန်ကုန်
မေလ ၂၁ရက်နေ့ ၊၂၀၁၇ခုနှစ် (တနင်္ဂနွေနေ့) နံနက် ၁၀နာရီခွဲမှ
MICT Park
မန္တလေး
မေလ၂၃ရက်နေ့၊၂၀၁၇ခုနှစ် (အင်္ဂါနေ့)
ပထမပွဲစဉ်ကို နံနက် ၁၀နာရီမှလည်းကောင်း၊ ဒုတိယပွဲစဉ်ကို နေ့လည် ၂နာရီမှလည်းကောင်း ကျင်းပရန် လျာထားပါသည်။
မန္တလေးမြို့ မြို့တော်ခန်းမ (Japan Expo ကျင်းပရာနေရာတွင် ဖျော်ဖြေသွားပါမည်။)
※နောက်ဆုံး သတင်း အချက်အလက်များကို ဤနေရာ တွင် ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။

၂။ စုံစမ်းမေးမြန်းရန်
Japan Culture House
အခန်း ၃၂၂ ဘီ၊ ဒုတိယထပ်၊ တိုက်အမှတ်(စီ)၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့ နယ်၊ရန်ကုန်
Tel: 09 45914 8405
jch.yangon@gmail.com