ဂျပန်နိုင်ငံ၏ ဂျပန်ယန်း ၆၁၀ သန်းတန်ဖိုးရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု ပညာသင်အထောက်အပံ့ဆိုင်ရာ စာချွန်လွှာလက်မှတ် ရေးထိုးလဲလှယ်
၂၀၁၇ခုနှစ်၊ မေလ (၉) ရက်

၁။ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr Tateshi HIGUCHI နှင့် စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့သည် နေပြည်တော်တွင် ၂၀၁၇ ခုနှစ် မေလ ၉ ရက် နေ့၌ ဂျပန်ယန်း ၆၁၀ သန်း (အမေရိကန် ၅.၄သန်းခန့်) တန်ဖိုးရှိသည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု ပညာသင်အထောက်အပံ့ပေးအပ်သည့် စာချွန်လွှာကို လဲလှယ်ခဲ့ကြပါသည်။

၂။ မြန်မာနိုင်ငံ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးတက်စေရန်နှင့် ဂျပန်-မြန်မာချစ်ကြည်ရေး ပိုမိုတိုးတက်ခိုင်မာလာစေရန်အတွက် ရည်ရွယ်လျက် ဤအထောက်အပံ့ဖြင့် မြန်မာအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ခေါင်းဆောင်များ ဂျပန်နိုင်ငံတွင် ပြဿနာများဖြေရှင်းပြီး မူဝါဒရေးဆွဲရာတွင် လိုအပ်သော ကျွမ်းကျင်မှုနှင့် ဗဟုသုတများ လေ့လာဆည်းပူးပြီးနောက် မဟာဘွဲ့ (သို့) ဒေါက်တာဘွဲ့များရရှိနိုင်စေမည့် အခွင့်အရေးရရှိကြမည် ဖြစ်ပါသည်။