
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၄၈၀,၀၅၀) ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-
၁) ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ သရက်ပင်ကွင်း-ကြို့ကုန်းကျေးရွာ၏ ကျေးရွာချင်းဆက်လမ်းအား
ကျောက်ခင်းလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၁၁,၁၇၈)၊
၂) ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဆောက်
လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၃၃,၅၆၈)၊
၃) ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တာငုတ်ကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ရေး
စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၉၃,၇၉၁) နှင့်
၎) ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းဆောက်လုပ်ရေး
စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၄၁,၅၁၃) တို့ဖြစ်ကြပါသည်။
အထက်ပါစီမံကိန်းများ လွှဲပြောင်းပွဲအခမ်းအနားများကို မေလ ၁၇၊ ၁၈ နှင့် ၁၉ ရက်နေ့များတွင် အိမ်မဲ၊ အင်္ဂပူနှင့် ဟင်္သာတမြို့နယ်များ၌ အသီသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှဒုတိယ အတွင်းဝန် Mr. Yosuke TANAKA ၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် ၊ ဧရာဝတီတိုင်း ဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပညာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆောက်လုပ်ရေးစီမံကိန်းများမှ ကော်မတီဥက္ကဌများ နှင့် ကော်မတီ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
သရက်ပင်ကွင်းကျေးရွာနှင့် ကြို့ကုန်းကျေးရွာကြားရှိဆက်သွယ်ထားသောမြေသားလမ်းမှာ မိုးရာသီကာလတွင် ရွံ့ အလွန်ထူသောကြောင့် ကျေးရွာသူ/သားများသည် ၄င်းတို့၏စိုက်ပျိုးရေးထွက်ကုန်များတင်ပို့ခြင်း၊ ကလေးများကို ကျောင်းသို့ပို့ဆောင်ခြင်းနှင့် လူနာများကိုဆေးရုံသို့ပို့ဆောင်ခြင်းတို့တွင် အခက်အခဲများရှိခဲ့ပါသည်။ ထို့ပြင် သရက် ပင်ကွင်းကျေးရွာမှ (၅)ကီလိုမီတာဝေးသော ကြို့ကုန်းကျေးရွာ၌သာ အထက်တန်းကျောင်းတစ်ကျောင်း ရှိပါသည်။ သွားလာရေးအခက်အခဲကြောင့် ကျောင်းသူ/သားအများစုမှာ အထက်တန်းကျောင်းသို့ ဆက်လက်တက်ရောက် နိုင်ခြင်းမရှိပါ။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ ရေပြွန်ပိုက်လုံး(၈)လုံး၊ လေးထောင့်ပုံ ရေပြွန် (၆)ခုနှင့် (၅.၅)ကီလိုမီတာအရှည်ရှိသော ကျောက်ချောကျေးရွာချင်းဆက်လမ်းကို ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်း သည် ပတ်ဝန်းကျင်ကျေးရွာ(၉)ရွာမှ ဒေသခံ(၁၃,၈၁၈)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။
ကွင်းကောက်အခြေခံပညာအထက်တန်းကျောင်းကို (၁၉၅၈)ခုနှစ်တွင်တည်ဆောက်ခဲ့ပါသည်။ (၁၉၇၃)ခုနှစ်တွင် တည်ဆောက်ခဲ့သော အထက်တန်းကျောင်းမှာ ပျက်စီးယိုယွင်းနေသော်လည်း ကျောင်းသူ/သားများသည် စာသင်ခန်း မလုံလောက်မှုကြောင့် အန္တရာယ်ရှိသောအဆောက်အဦတွင် စာသင်ကြားခဲ့ရပါသည်။ အဆိုပါအခက်အခဲကို ဖြေရှင်း ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း(၈)ခန်း၊ ကျောင်းပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်း(၆)ခန်းပါဝင်သော နှစ်ထပ် သံကူကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသူ/သား (၁၇၂၇)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
၂၀၁၅ခုနှစ်မြစ်ရေကြီးမှုကြောင့် တာငုတ်ကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောင်နှင့် သန့်စင်ခန်းများမှာ ယိုယွင်း ပျက်စီးခဲ့ပါသည်။ အဆိုပါအကျိုးဆက်ကြောင့် ကျောင်းသူ/သားအားလုံးသည် ဘုန်းကြီးကျောင်းတွင် ကျပ်တည်းစွာစာသင်ကြားခဲ့ရပါသည်။ ကျောင်းသူ/သားများကောင်းမွန်လုံခြုံစွာ ပညာသင်ကြားနိုင်ရန် ဂျပန်နိုင်ငံ အစိုးရမှ စာသင်ခန်း(၅)ခန်း၊ ကျောင်းပရိဘောဂအပြည့်အစုံ နှင့် သန့်စင်ခန်း(၃)ခန်းပါဝင်သော တစ်ထပ်သံကူ ကွန်ကရစ် ကျောင်းဆောင်သစ်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ (၈၄)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။
အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းဆောင်(၃)ဆောင်ရှိခဲ့သော်လည်း ကျောင်းဆောင်(၂) ဆောင်မှာ ၂၀၁၅ခုနှစ်ရေကြီးမှုကြောင့် ယိုယွင်းခဲ့ပါသည်။ ကျောင်းဆောင်များမှာ ပြိုကျလုနီပါးဖြစ်နေသော်လည်း အခြားအဆောက်အဦမရှိသောကြောင့် ကျောင်းသူ/သားများမှာ ထိုအဆောက်အဦများထဲတွင် ပညာဆက်လက် သင်ကြားခဲ့ရပါသည်။ ကျောင်းသူ/သားများ ကောင်းမွန်လုံခြုံစွာပညာသင်ကြားနိုင်ရန် ဂျပန်အစိုးရမှ စာသင်ခန်း (၈)ခန်း၊ ကျောင်းပရိဘောဂအပြည့်အစုံနှင့် လျှောက်လမ်းပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်သစ် တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည်ကျောင်းရှိကျောင်းသူ/သား(၃၇၀)ဦး အကျိုးခံစားရမည်ဖြစ် ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်းပေါင်း(၈၂၃)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၀၀)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင် စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက်အအုံစီမံကိန်းပေါင်း(၅၀)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |
![]() |