၁၈ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ
ပါဝင်ယှဉ်ပြိုင်မည့်သူများအားအကြောင်းကြားခြင်း

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) နှင့်အတူ ပူးပေါင်းပြီး [၁၈ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ] ကိုကျင်းပပါမည်။
နှစ်စဉ်နှစ်တိုင်း ပြိုင်ပွဲဝင်များ၏ လျှောက်လွှာအပေါ် မူတည်၍ အကဲဖြတ်ခဲ့ပါသော်လည်း များမကြာမီ အချိန်မှ ယခုအချိန်အထိ မြန်မာနိုင်ငံ တွင် ဂျပန်စာကို လေ့လာသင်ယူနေသူများ တိုးတက်လာသည့် နှင့်အတူ ပိုမိုများပြားလာသော ပြိုင်ပွဲဝင်များကို လက်ခံ ပြီး ယခင်နှစ်မှစ၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပဏာမရွေးချယ်ခြင်းကို ပြုလုပ်သွားပါမည်။
ပဏာမရွေးချယ်ခြင်း အောင်မြင်သည့် ပြိုင်ပွဲဝင်(၁၅)ဦးမှာ သြဂုတ်လ ၂၀ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ကျင်းပမည့် ဂျပန်ဘာသာ စကားပြောပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရပါမည်။
ပထမဆုရရှိသူသည် အာဆီယံနိုင်ငံများတွင် ကျင်းပသည့် စကားပြောပြိုင်ပွဲများမှ ဆုရရှိသူများနှင့် ဂျပန်နိုင်ငံတွင် ဆုံစည်းမည့် အစီအစဉ်တွင် ပါဝင်ခွင့်ရရှိပါမည်။
အခြား ဆုရရှိသူများကိုလည်း ပူးတွဲကူညီ ထောက်ပံ့သည့် အဖွဲ့အစည်းမှ ဆုများကို ပေးအပ်သွားရန် စီစဉ်ထားပါသည်။
ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်လိုသူများသည် အောက်တွင်ဖော်ပြထားသည့် အချက်အလက်များကိုလေ့လာပြီး လျှောက်ထားနိုင်ပါသည်။
အများအပြားဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟုမျှော်လင့်လျက်ရှိပါသည်။
၁။ ပဏာမရွေးချယ်မှု ကျင်းပမည့်နေ့
(၁) မန္တလေး
၂၀၁၇ခုနှစ် သြဂုတ်လ ၅ရက်နေ့ (စနေနေ့)
(၂) ရန်ကုန်
၂၀၁၇ခုနှစ် သြဂုတ်လ ၁၃ရက်နေ့ (တနင်္ဂနွေနေ့)
* လျှောက်ထားသူများ၏ လာရောက်ရမည့်အချိန်ကို သီးခြားစီ အကြောင်းကြားပေးပါမည်။
၂။ ပဏာမရွေးချယ်မှုကျင်းပမည့်နေရာ
(၁) မန္တလေး
ဟီတိုစင်တာ၊ (၈၀)လမ်းနှင့်(၁၂)လမ်းထောင့်၊ မန္တလေးမြို့
(၂) ရန်ကုန်
MAJA စင်တာ၊အခန်းအမှတ်G21-22၊ဒုတိယထပ်၊အဆောင် စီ၊ပုလဲကွန်ဒို၊ကမ္ဘာအေးဘုရားလမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
၃။ ကျင်းပပြုလုပ်သည့်အဖွဲ့အစည်း၊ ကူညီထောက်ပံ့သည့်အဖွဲ့အစည်း
(၁) ကျင်းပပြုလုပ်သည့်အဖွဲ့အစည်း
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
(၂) ကူညီထောက်ပံ့သည့်အဖွဲ့အစည်း
ဂျပန် ကုန်သည်များနှင့် စက်မှုလက်မှုအသင်း ၊မြန်မာ(JCCM)၊ ရန်ကုန်ဂျပန်လူမျိုးအသင်း၊
ဂျပန်မြန်မာအသင်း
(၃) ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်း
ဟီတိုစင်တာ
၎။ ပြိုင်ပွဲဝင်စည်းကမ်းများ
(၁) မြန်မာနိုင်ငံသားဖြစ်ရမည်
(၂) အသက် ၁၈နှစ်မှ ၃၀နှစ်အတွင်းဖြစ်ရမည်
(၃) ကျင်းပပြီးခဲ့သော ဂျပန်ဘာသာစကားပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့သောသူမဖြစ်စေရ။
(၄) ဂျပန်ဘာသာပြဆရာ၊ဆရာမ မဖြစ်စေရ။
၅။ ပြိုင်ပွဲလျှောက်ရမည့်နည်းလမ်းများ
ဇူလိုင်လ ၂၄ရက်နေ့ (တနင်္လာနေ့)မှ ၃၁ရက်နေ့ (တနင်္လာနေ့)အတွင်း ပြိုင်ပွဲလျှောက်လွှာတွင်လိုအပ်သည့်အချက်အလက်များဖြည့်စွက်ပြီး
အောက်ပါနေရာများသို့ပေးပို့လျှောက်ထားနိုင်ပါသည်။
(၁) ရန်ကုန်
နေရာ။ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
အခန်းအမှတ် ၇၀၇၊ ၇လွှာ၊ အဆောင် စီ၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်
လျှောက်လွှာလက်ခံမည့်အချိန်။ နံနက် ၉း၃၀ မှ ၁၂း၀၀ နေ့လည် ၁း၀၀ မှ ၄း၀၀ (နေ့စဉ်)
(၂) မန္တလေး
နေရာ။ ဟီတိုစင်တာ
လမ်း ၈၀ နှင့် ၁၂ လမ်းထောင့်၊ မန္တလေးမြို့

● ပြိုင်ပွဲဝင်လျှောက်လွှာများကို ဤနေရာမှလည်း Download ရယူနိုင်ပါသည်။ (၁၈ကြိမ်မြောက်ဂျပန်ဘာသာစကားပြောပြိုင်ပွဲဝင်ခွင့်လျှောက်လွှာ)
၆။ ပဏာမရွေးချယ်မှုနည်းလမ်း
ပွဲနေ့တွင်ပြောကြားမည့် တူညီသောစကားပြောကို မြန်မာလူမျိုးဂျပန်ဘာသာပြဆရာများရှေ့တွင်ပြောကြားပြီး မေးခွန်းအမေး၊အဖြေနှင့်အတူ စိစစ်ရွေးချယ်သွားပါမည်။
ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင် စံညွှန်းသတ်မှတ်ချက်နှင့်အညီအမှတ်ပေးပြီး အမှတ် အများဆုံးရရှိသည့် ပြိုင်ပွဲဝင် ၁၅ဦးသည် ဂျပန်စကားပြောပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိပါမည်။
၇။ (၁) ပဏာမရွေးချယ်မှု၏အောင်စာရင်းကို ဩဂုတ်လ ၁၄ရက်နေ့(တနင်္လာနေ့)နောက်ဆုံးထားပြီး ပြိုင်ပွဲဝင်များသို့အကြောင်းကြားပေးပါမည်။
ထို့အပြင် ဂျပန်သံရုံး Home Page မှလည်း ကြေညာပေးပါမည်။
(၂) ဂျပန်ဘာသာစကားပြောပြိုင်ပွဲကို အောက်ပါအတိုင်း ကျင်းပရန်စီစဉ်ထားပါသည်။
ပရိတ်သတ်အများအပြား လာရောက်အားပေးမည်ကိုစောင့်မျှော်လျက်ရှိပါသည်။
နေ့ရက်၊အချိန် ။ ၂၀၁၇ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့(တနင်္ဂနွေနေ့)၊ ၉း၀၀ ~ ၁၂း၀၀ နေရာ ။ Parkroyal Hotel
၈။ အသေးစိတ်သိရှိလိုပါက
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်းနံပါတ် ။ ၀၉-၈၆၁၂၁၅၁ ၊ ၀၉-၈၆၁၃၈၄၈