၁။၂၀၁၇ခုနှစ်ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် နေပြည်တော်၌ ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ ပေးအပ်သည့် ဂျပန်ယန်း ၉၃.၉၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၈၂၄ သန်း) တန်ဖိုးရှိODA ချေးငွေစီမံကိန်း ငါးခု အတွက် စာချွန်လွှာ လက်မှတ် ရေးထိုးပွဲကို ကျင်းပခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တတဲရှိ ဟိဂုချိ နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းတို့သည် စာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့ကြပါ သည်။
၂။ စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်များ
(၁)ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ဒေသဆိုင်ရာဖွံဖြိုးမှု စီမံကိန်း(PhaseⅡ) (ဂျပန်ယန်း ၂၃.၉၇၉ ဘီလီယံ( အမေရိကန်ဒေါ်လာ ၂၁၀ သန်း))
ဤစီမံကိန်းသည် ကျေးလက်ဒေသ၏လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးအတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန်ဖြစ်ပြီး ကျေးလက်ဒေသများတွင် လူမှုစီးပွားဘ၀ ဖွံဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုရန်ဖြစ်ပါသည်။ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကျေးလက်ဒေသများ ဖွံဖြိုးရေး စီမံကိန်း(PhaseⅠ) ကို ဆက်လက်ဆောင်ရွက်သော စီမံကိန်း လည်းဖြစ်ပါသည်။ဤစီမံကိန်းဖြင့် ကျေးလက် ဒေသနေပြည်သူများ၏ လူမှုဘ၀ တိုးတက်လာမည်ဖြစ်ပြီး ကျေးလက်ဒေသများတွင် ဖွံဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်သည်။
(၂) ရန်ကုန် မန္တလေးရထားလမ်းပြုပြင်ထိန်းသိမ်းရေးစီမံကိန်း (ဂျပန်ယန်း ၂၅ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၂၁၉ သန်း))
ဤစီမံကိန်းသည် ရန်ကုန်မြို့နှင့် တောင်ငူမြို့အကြား ရထားသံလမ်းများပြုပြင်ထိန်းသိမ်းခြင်း၊ ခေတ်မီကိရိယာ များဖြင့် အသစ်ပြောင်းလဲတပ်ဆင်ခြင်း၊ ရထားတွဲအသစ်များဝယ်ယူခြင်းဆောင်ရွက်နိုင်ရန်ဖြစ်သည်။ ဤစီမံကိန်းဖြင့် ပိုမိုလုံခြုံစိတ်ချ၍မြန်နှုန်းမြင့် ရထားခရီးစဉ်များ ဖြစ်လာစေပြီး သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည် ပိုမိုမြင့်မားစေပြီး မြန်မာ့စီးပွားရေး ဖွံဖြိုးမှုအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။
(၃) ရန်ကုန်တိုင်းဒေသကြီးရေပေးဝေရေးစနစ်စီမံကိန်း (ဂျပန်ယန်း ၂၅ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၂၁၉ သန်း))
ဤစီမံကိန်းသည်ရန်ကုန်မြိတော်သို့ ကုက္ကိုဝမြစ်ရေတင်ရေပေးစနစ်အတွင်းရှိ ရေပေးဝေရေှးုလုပ်ငန်းများ ပြုပြင်ထိန်းသိမ်းခြင်း၊အသစ် တည်ဆောက်ခြင်း နှင်ရေသန့်စင်စက်များပြုပြင်ထိန်း သိမ်းခြင်းဆောင်ရွက်ရန် အတွက်ရည်ရွယ်ပါသည်။ ဤစီမံကိန်းဖြင့် ရေပေးရေးစံနစ်ပိုမိုကောင်းမွန်စေပြီး ဒေသခံပြည်သူများ လူမှုဘ၀ပိုမိုမြင့်မားစေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။
(၄) မြို့ ကြီးများ၏လျှပ်စစ်မီးဖြန့်ဖြူးမှုစနစ်တိုးတက်ကောင်းမွန်ရေးစီမံကိန်း (ဂျပန်ယန်း ၄.၈၅၆ ဘီလီယံ (အမေရိကန် ၄၃ သန်း)
ဤစီမံကိန်းသည် ကျေးလက်ဒေသများရှိ မြို့ ကြီးများတွင် လျှပ်စစ်မီးကြိုးများ သွယ်တန်းမှု ကိုပြုပြင် ထိန်းသိမ်းခြင်း နှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းလုပ်ဆောင်ရန်ဖြစ်သည်။ဤစီမံကိန်းဖြင့် မြန်မာနိုင်ငံရှိ မြို့ကြီးများရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေမှာဖြစ်ပြီး စီးပွားရေးဖွံဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါသည်။
(၅) လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်း (ဂျပန်ယန်း၁၅.၁၃၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၃၃ သန်း)
ဤစီမံကိန်းသည် မြန်မာ့တောင်သူလယ်သမားများထံသို့ မြန်မာ့စိုက်ပျိုးရေးဖွံဖြိုးမှုဘဏ်မှတစ်ဆင့် ကာလလတ်၊ကာလရှည် ချေးငွေများထုတ်ပေးနိုင်ရန်နှင့် ဘဏ်၏လုပ်ငန်းစွမ်းရည်မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။ ဤစီမံကိန်းဖြင့် လယ်ယာလုပ်ငန်းများနှင့် ဒေသဖွံဖြိုးရေးတို့အကြား ငွေကြေးဆိုင်ရာလုပ်ငန်းများလွယ်ကူချောမောလာစေပြီး လယ်ယာထုတ်ကုန်ပိုမိုဖွံဖြိုးတိုးတက်လာကာ မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဟန်ချက်ညီစွာ ဖွံဖြိုးတိုးတက်ပြီး လယ်ယာကဏ္ဍနှင့်လယ်ယာငွေကြေး ကဏ္ဍများခေတ်မီတိုးတက်လာနိုင်စေမည်ဖြစ်သည်။
၃။ ချေးငွေသတ်မှတ်ချက်များ
အထက်ဖော်ပြပါ စီမံကိန်းများအတွက် ချေးငွေသတ်မှတ်ချက်များမှာ (၁)အတိုးနှုန်း - နှစ်စဉ် ၀.၀၁ရာခိုင်နှုန်း (၂)ချေးငွေကာလ နှစ်၄၀(ဆိုင်းငံ့ကာလ၁၀နှစ်အပါအ၀င်) နှင့်(၃) နှောင်ကြိုးမပါဝင်သော ၀ယ်ယူခြင်း တို့ဖြစ်သည်။
|
|
|
|

No.100 Natmauk Road, Bahan Township, Yangon
01-549644~8