ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)ရှင်းလင်းပွဲ
ကျင်းပမည့်အကြောင်း အသိပေးခြင်း(ရန်ကုန်၊မန္တလေး)
ဂျပန်ဖောင်ဒေးရှင်း (Japan Foundation)နှင့် မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)တို့ သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး နှင့်အတူ ပူးပေါင်းပြီး [ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ(JLPT)]၏ ရှင်းလင်းပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပါမည်။
မြန်မာနိုင်ငံတွင် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ(JLPT)ကို ဝင်ရောက်ဖြေဆိုသူဦးရေမှာ မကြာသေးမီ နှစ်အတွင်း လျှင်မြန်စွာတိုးမြင့်လာနေပြီး၊ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နှစ်စဉ်၁.၅ဆနှုန်းဖြင့် တိုးတက်လာနေပြီး ၂၀၁၆ခုနှစ်တွင် နှစ်ကြိမ်ကျင်းပသည့် စာမေးပွဲအတွက် ဝင်ရောက်ဖြေဆိုသူပေါင်း ၉,၆၉၇ဦး ရှိခဲ့ပါသည်။
အခြား တစ်ဖက်တွင် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ(JLPT)မှာ Level အလိုက် မည်ကဲ့သို့ ပုံစံဖြင့် စီစဉ်ပြီး အမှတ်ပေးနေသည် ဆိုသည့် အကြောင်းအရာကို ပြီးပြည့်စုံစွာ ရှင်းလင်း ပြောပြပေးနိုင်ပါက နောက်ပိုင်းတွင် ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအတွက် ကိုက်ညီသည့် Levelစာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။
ရှင်းလင်းပွဲတွင် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ(JLPT)၏ စာမေးပွဲမေးခွန်းကို လက်ရှိတွင် ပြုလုပ်နေသော ဂျပန်ဖောင်ဒေးရှင်း(Japan Foundation)မှ သုတေသီက ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ (JLPT)အပေါ် နားလည်မှုပိုမိုနက်ရှိုင်းစေရန် စာမေးပွဲတွင် စုစည်းထားသည့် စွမ်းဆောင်ရည်များ၊ ဘာသာရပ်များ၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပေးမှာ ဖြစ်ပါသည်။
ဝင်ကြေး အခမဲ့ဖြင့် ပါဝင်နိုင်သော်လည်း ကြိုတင်စာရင်းသွင်းထားရန် လိုအပ်ပါသဖြင့် လျှောက်ထားရမည့် နည်းလမ်းကို သေချာစွာ လေ့လာပြီး ၂၀၁၇ခုနှစ်၊ဇူလိုင်လ၊၂၀ရက်နေ့ (ကြာသပတေးနေ့)အထိ လျှောက်ထားနိုင်ပါသည်။
ထို့အပြင် ခန်းမပေါ်မူတည်၍ တက်ရောက်မည့်သူများ၏ အရေအတွက်မှာ များပြားနေပါက ဂျပန်စာသင်ကျောင်းကို စီမံခန့်ခွဲနေသော၊
ဂျပန်စာသင်ကျောင်းတွင် သင်ကြားပြသပေးနေသော ဆရာ၊ဆရာမများကို ဦးစားပေးသွားမည်ဖြစ်ပါ၍ ကျေးဇူးပြု၍ နားလည်ပေးပါရန် အကြောင်းကြားပါသည်။
※ နံနက်ပိုင်းနှင့်နေ့လည်ပိုင်း ရှင်းလင်းမည့်အကြောင်းအရာမှာအတူတူပင်ဖြစ်ပါသဖြင့် တစ်ခုခုကိုရွေးချယ် တက်ရောက်စေလိုပါသည်။


၁။ ရန်ကုန်
(၁) နေ့ရက်၊အချိန် ။ ၂၀၁၇ခုနှစ်၊ဇူလိုင်လ၊၂၈ရက်(သောကြာနေ့) နံနက်၁၀း၀၀~၁၂း၀၀ နေ့လည်၂း၀၀~၄း၀၀
(၂) နေရာ ။ မြန်မာနိုင်ငံကုန်သည်ကြီးနှင့်စက်မှုလက်မှုအသင်းချုပ် (UMFCCI)
၄၀၆၊ ၄လွှာ
အမှတ် ၂၉၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
ဖုန်း။ ၀၁-၂၁၄၃၄၄ ~ ၄၉

၂။ မန္တလေး
(၁) နေ့ရက်၊အချိန် ။ ၂၀၁၇ခုနှစ်၊ဇူလိုင်လ၊၃၀ရက်(တနင်္ဂနွေနေ့)နံနက်၁၀း၀၀~၁၂း၀၀ နေ့လည်၂း၀၀~၄း၀၀
(၂) နေရာ ။ ဟိုတယ်မန္တလေး
နှင်းဆီဖြူခန်းမ
အမှတ် ၆၅၂၊ ၇လမ်း၊ ၃၇လမ်းနှင့်၃၈လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့
ဖုန်း။ ၀၂-၇၁၅၈၃ ~ ၈၆

၃။ လျှောက်လွှာတင်ရမည့်နည်းလမ်းများ
လျှောက်လွှာတွင်လိုအပ်သည့်အချက်အလက်များကိုဖြည့်စွက်ပြီး အောက်ပါနေရာများသို့အီးမေးလ်ပေးပို့ ၍လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာပုံစံ ရန်ကုန် လျှောက်လွှာပုံစံ မန္တလေး
(၁) ရန်ကုန်
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
အခန်းအမှတ် ၇၀၇၊ ၇လွှာ၊ အဆောင် စီ၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်
ဖုန်း။ ၀၉-၂၆၂၆၀၂၁၂၁၊ ၀၉-၉၆၂၇၅၁၃၇၃
E-mail: maja.ygn@gmail.com
(၂) မန္တလေး
ဟီတိုစင်တာ လမ်း ၈၀ နှင့် ၁၂ လမ်းကြား၊ မန္တလေး
ဖုန်း။ ၀၂-၃၁၇၆၂၊ ၀၉-၂၅၈၈၃၉၄၂၈
E-mail: mandalayymca.hito@gmail.com

၎။ အသေးစိတ်သိရှိလိုပါက
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
အခန်းအမှတ် ၇၀၇၊ ၇လွှာ၊ အဆောင် စီ၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်
ဖုန်း။ ၀၉-၂၆၂၆၀၂၁၂၁၊ ၀၉-၉၆၂၇၅၁၃၇၃
E-mail: maja.ygn@gmail.com