
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၂၉၇,ဝ၆၈) ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-
၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း
ဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၃၁,၃၃၄)၊
၂) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ကာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း
ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၇၈,၃၈ဝ) နှင့်
၃) မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်းဆောက်လုပ်ရေး
စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၈၇,၃၅၄) တို့ဖြစ်ကြပါသည်။
အထက်ပါစီမံကိန်းများ လွှဲပြောင်းပွဲအခမ်းအနားများကို ဇွန်လ ၂၉ နှင့် ၃ဝ ရက်နေ့များတွင် ကလေးမြို့နယ်အတွင်းရှိ နတ်ကြီးကုန်းကျေးရွာနှင့် ကျောက်ကာကျေးရွာများတွင်လည်းကောင်း၊ မတ္တရာမြို့နယ်အတွင်းရှိစကျင်ကျေးရွာတွင် လည်းကောင်း အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် Mr. Keita IWASE ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဆောက်လုပ်ရေးစီမံကိန်းများမှ ကော်မတီဥက္ကဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူ များ တက်ရောက်ခဲ့ကြပါသည်။
၂၀၁၅ခုနှစ်ရေကြီးမှုကြောင့် နတ်ကြီးကုန်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၏ ကျောင်းဆောင်များမှ ကျောင်းဆောင်တစ်ဆောင်မှာ ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ရပါသည်။ ယာယီကျောင်းဆောင်တစ်ဆောင်ဆောက် လုပ်ခဲ့ သော်လည်း ကျောင်းသူ/သားများသည် စာသင်ခန်းမလုံလောက်မှုကြောင့် အဆိုပါယာယီကျောင်းဆောင်ရှိ စာသင် ခန်းများတွင် ကျပ်တည်းစွာစာသင်ကြားခဲ့ရပါသည်။ ကျောင်းသူ/သားများ ကောင်းမွန်လုံခြုံစွာ ပညာသင်ကြားနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း(၈)ခန်းနှင့် ကျောင်းပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်း ဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသူ/သား(၃ဝ၁)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။
ထိုနည်းတူစွာ ကျောက်ကာကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၏ ကျောင်းဆောင်တစ်ဆောင်မှာ ရေနှင့် အတူမျောပါသွားခဲ့ပြီး ၂ဝ၁၅ခုနှစ်ရေကြီးမှုကြောင့် အခြားကျောင်းဆောင်တစ်ဆောင်မှာလည်း ယိုယွင်းပျက်စီးခဲ့ ပါသည်။ သို့သော် ကျောင်းသူ/သားများမှာ ကျောင်းအဆောက်အဦမရှိသောကြောင့် အဆိုပါယိုယွင်းပျက်စီးနေသော ကျောင်းဆောင်တွင် စာသင်ကြားခဲ့ရပါသည်။ ကျောင်းသူ/သားများကောင်းမွန်လုံခြုံစွာ ပညာသင်ကြားနိုင်ရန် ဂျပန် နိုင်ငံအစိုးရမှ စာသင်ခန်း(၄)ခန်းနှင့် ကျောင်းပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်း ဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသူ/သား(၁၆၄)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။
စကျင်ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းရှိ ကျောင်းသူ/သားပေါင်း(၁၇ဝ)ကျော်သည် ကျောင်း အဆောက်အဦ မရှိသောကြောင့် အခန်းကန့်ထားခြင်းမရှိသည့် ဘုန်းကြီးကျောင်းအခန်းကျယ်ကြီးတစ်ခုအတွင်း၌ စာသင်ကြားခဲ့ရပါ သည်။ ထို့ပြင် ကျောင်းသူ/သားအချို့မှာ ဧည့်သည်များ၏ အခန်းပြင်ပနားနေသောနေရာများတွင် စာသင်ကြားခဲ့ ရပြီး တချို့မှာသစ်ပင်အောက်ရှိ မိုးလေမလုံသောနေရာများတွင် စာသင်ကြားခဲ့ရပါသည်။ ကျောင်းသူ/သားများ ကောင်းမွန် လုံခြုံစွာ ပညာသင်ကြားနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း(၆)ခန်း၊ ကျောင်းပရိဘောဂ အပြည့်အစုံနှင့် သန့်စင် ခန်း(၄)ခန်းပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသူ/သား(၄ဝ၈)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၂၃)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄ဝဝ)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံ အဆောက်အအုံ စီမံကိန်းပေါင်း(၅ဝ)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီး ဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာ စေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |