ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောက်လုပ်ပြီးစီးခဲ့သော စာသင်ကျောင်းလေးကျောင်း
၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၄၃ဝ,၉၆၁) ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-
၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အမှတ်(၁၃)အခြေခံပညာအလယ်တန်းကျောင်းခွဲ ဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၁၆,ဝဝ၈)၊
၂) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မော်လိုက်ကလေးရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၈၉,၆၁၅)၊
၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ထိုမာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၈၇,၃၅၄) နှင့်
၎) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နန်းချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၃၇,၉၈၄) တို့ဖြစ်ကြပါသည်။

အထက်ပါစီမံကိန်းများ လွှဲပြောင်းပွဲအခမ်းအနားများကို ဇူလိုင်လ ၁၁၊ ၁၂ နှင့် ၁၃ ရက်နေ့များတွင် ကလေးမြို့နယ် အတွင်း၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် Ms. Naoko FUJIWARA ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊ ကလေးခရိုင်နှင့်မြို့နယ်အစိုးရဌာနဆိုင်ရာများ၊ ဆောက်လုပ်ရေးစီမံကိန်းများမှ ကော်မတီဥက္ကဌများ နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အမှတ်(၁၃)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသားသစ်များ တစ်နှစ်ထက်တစ်နှစ်များပြားလာသော် လည်း ကျောင်းသားဦးရေနှင့် စာသင်ခန်းအရေအတွက်မလုံလောက်မှုကြောင့် ကျောင်းသားသစ်များအတွက် ကျောင်း အပ်မှုကို ကန့်သတ်ခဲ့ရပါသည်။ ထို့ကြောင့် ကျောင်းသူ/သားစုစုပေါင်း(၂ဝဝ)ကျော်သည် ပုဂ္ဂလိကကျောင်းသို့ ငွေကုန် ကြေးကျများစွာ အကုန်ခံ၍တက်ရောက်ခဲ့ရပါသည်။ ထို့ပြင် ကျောင်းရှိကျောင်းသူ/သားများမှာလည်း စာသင်ခန်းမလုံ လောက်မှုကြောင့် ကျပ်တည်းစွာစာသင်ကြားခဲ့ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ စာသင် ခန်း(၅)ခန်း၊ ကျောင်းပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်း(၅)ခန်းပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်း ဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသူ/သား(၁,၃၂၁)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။

မော်လိုက်ကလေးအခြေခံပညာအလယ်တန်းကျောင်းခွဲသည် (၂ဝ၁၅)ခုနှစ်ရေကြီးမှုကြောင့် ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ ရပြီး ရွာသစ်ကျေးရွာအနီးရှိကျေးရွာသို့ပြောင်းရွှေ့ခဲ့ရပါသည်။ ထို့နောက်တွင် မော်လိုက်ကလေးအခြေခံပညာအလယ် တန်းကျောင်းခွဲသည် ရွာသစ်ကျေးရွာအခြေခံပညာမူလတန်းကျောင်းနှင့်ပူးပေါင်း၍ မော်လိုက်ကလေးရွာသစ် အခြေခံ ပညာမူလတန်းလွန်ကျောင်းအဖြစ်သို့ ပြောင်းလဲခဲ့ပါသည်။ သို့သော်လည်း ကျောင်းသူ/သားများသည် စာသင်ခန်းမလုံ လောက်မှုကြောင့် အနီးရှိဘုန်းကြီးကျောင်းတွင် စာသင်ကြားခဲ့ရပါသည်။ ကျောင်းသူ/သားများ ကောင်းမွန်လုံခြုံစွာ ပညာသင်ကြားနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း(၅)ခန်းနှင့် ကျောင်းပရိဘောဂအပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသူ/သား(၁၇၆)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။

ထိုနည်းတူစွာ (၂ဝ၁၅)ခုနှစ် ရေကြီးမှုကြောင့် ထိုမာကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၏ ကျောင်းဆောင် တစ်ဆောင်မှာ အမြင့်(၅)ပေထိရေမြုပ်ခဲ့ပါသည်။ သို့သော်လည်း ကျောင်းသူ/သားများသည် ကျောင်းအဆောက်အဦ မရှိသောကြောင့် အဆိုပါ ယိုယွင်းပျက်စီးနေသောကျောင်းဆောင်တွင် စာသင်ကြားခဲ့ရပါသည်။ ကျောင်းသူ/သားများ ကောင်းမွန်လုံခြုံစွာ ပညာသင်ကြားနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း(၅)ခန်း၊ ကျောင်းပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်း(၄)ခန်းပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင်ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်း သည် ကျောင်းရှိကျောင်းသူ/သား(၇၉ဝ)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။

နန်းချောင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ၏ ကျောင်းဆောင်ဟောင်းနှစ်ဆောင်မှာ (၂ဝ၁၅)ခုနှစ်ရေကြီးမှု ကြောင့်ထိခိုက်ခဲ့ရပါသည်။ ကျောင်းဆောင်များ၏အောက်ခြေနေရာနှင့် သစ်သားတိုင်များမှာဆွေးမြေ့နေသော်လည်း ကျောင်းသူ/သားများစွာသည် ကျောင်းအဆောက်အဦမရှိသောကြောင့် အဆိုပါကျောင်းဆောင်များတွင် စာသင်ကြားခဲ့ ကြရပါသည်။ ကျောင်းသူ/သားများ ကောင်းမွန်လုံခြုံစွာပညာသင်ကြားနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း(၁ဝ)ခန်း နှင့် ကျောင်းပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါ သည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသူ/သား(၁၆၅)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အတွေ့အကြုံရှိပါသည်။ ထို့အတူဂျပန် နိုင်ငံသည် ပြီးခဲ့သောဘေးအန္တရာယ်များမှ သင်ခန်းစာများရယူကာ “ပိုမိုကောင်းမွန်အောင်ပြန်လည်တည် ဆောက်ခြင်း” ဆိုသောအယူအဆကို တစ်ကမ္ဘာလုံးကိုပြန့်နှံ့သွားစေရန် မိတ်ဆက်ခဲ့ပါသည်။ “ပိုမိုကောင်းမွန်အောင် ပြန်လည် တည်ဆောက်ခြင်း” ဆိုသည်မှာ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် လူမှုအဖွဲ့အစည်းကို ယခင်သဘာဝ ဘေးအန္တရာယ် မဖြစ်ပွားမီအချိန်ကထက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေမှလျှော့ချနိုင်ရန် ပိုမိုခိုင်မာကောင်းမွန်လာအောင် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပါသည်။ ဤအတွေးအခေါ်ပေါ်အခြေခံ၍ ဂျပန်အစိုးရအနေဖြင့် ၄င်း၏အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းအဆောက်အဦသစ်များကို ယခင်ရေကြီးစဉ်ကာလကထိခိုက် ပျက်စီး ခဲ့ရသော ကျောင်းအဆောက်အဦထက် ပိုမိုတောင့်တင်းခိုင်မာအောင် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါ သည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၂၃)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄ဝဝ)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံ အဆောက်အအုံ စီမံကိန်းပေါင်း(၅ဝ)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။