![]() |
၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၅ ရက် နေ့တွင် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းသို့ ဂျပန်နိုင်ငံအစိုးရက ရခိုင်ပြည်နယ် အတွက် လှူဒါန်းထောက်ပံ့သောလူစီးရေယာဉ် ကစ္ဆပနဒီ(၂) ရောက်ရှိခဲ့ပါသည်။
အဆိုပါရေယာဉ်သည် ဇူလိုင်လ ၁၀ရက်နေ့က ဂျပန်နိုင်ငံ ကိုဘေး ဆိပ်ကမ်းမှ ထွက်ခွာလာပြီး ၁၆ ရက်အကြာတွင် ကျောက်ဖြူဆိပ်ကမ်း သို့ ချောမောစွာ ရောက်ခဲ့ပါသည်။ဤရေယာဉ်သည် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းနှင့် မြေပုံဆိပ်ကမ်း အကြား ပြေးဆွဲမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရက ဂျပန်နိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးစီမံကိန်းဖြင့် ရခိုင်ပြည်နယ်သို့ လူစီးရေယာဉ်(၃)စီး ( တစ်ပတ်ရစ်ရေယာဉ် နှစ်စီးနှင့် ရေယာဉ်အသစ်တစ်စီး) လှုဒါန်းခြင်းဖြစ်ပြီး ရခိုင်ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန်နှင့် လုံခြုံမှု ပိုမိုရရှိစေရန်ရည်ရွယ်ပါသည်။ ယခုအကြိမ်သည် ဒုတိယမြောက်ရေယာဉ်အဖြစ်လှူဒါန်းခြင်းဖြစ်ပြီး ကျန်တစ်စီးကိုလည်း မကြာမီဆက်လက်လှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိပါသည်။ လူစီးရေယာဉ်(၃)စီး ကုန်ကျစရိတ်စုစုပေါင်းမှာ ဂျပန်ယန်း(၁.၅) ဘီလီယံခန့် ရှိပါသည်။
ဂျပန်အစိုးရအနေဖြင့် ယခုစီမံကိန်းသာမက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ အတွက်လည်း ကဏ္ဍအသီးသီးတွင် ထောက်ပံ့ကူညီသွားဦးမည်ဖြစ်ပါသည်။


No.100 Natmauk Road, Bahan Township, Yangon
01-549644~8