
၂၀၁၇ခုနှစ် ဒုတိယအကြိမ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)အတွက် လျှောက်လွှာလက်ခံခြင်း

မြန်မာနိုင်ငံတွင်ကျင်းပမည့် [၂၀၁၇ခုနှစ်၊ဒုတိယအကြိမ်ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)] အား ဒီဇင်ဘာလ ၃ရက်နေ့(တနင်္ဂနွေနေ့) ရန်ကုန်တွင် ကျင်းပမည်ဖြစ်ပါသည်။
စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူများမှာ အောက်ပါအချက်အလက်များကိုလေ့လာပြီး လျှောက်ထားနိုင်ပါသည်။
စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူများမှာ အောက်ပါအချက်အလက်များကိုလေ့လာပြီး လျှောက်ထားနိုင်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်နေ့ရက်
၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ၃ရက်(တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့ 
၃။ လျှောက်လွှာလက်ခံမည့်နေရာ
ရန်ကုန်မြို့တွင် လျှောက်လွှာလက်ခံခြင်းနှင့်ပတ်သက်၍ ယခုအခေါက်မှစတင်ပြီး အဆင့်အလိုက် လျှောက်လွှာလက်ခံမည့်နေ့များ မတူညီတော့ပါ။
လျှောက်လွှာတင်မည့် အဆင့်၏ လက်ခံမည့်နေ့ရက်နှင့် အချိန်ကို အထူးဂရုပြုပေးပါရန်။
(၁) ရန်ကုန်
(က) နေရာ။ MAJAစင်တာ(ပထမထပ်၊တိုက်စီ၊ပုလဲကွန်ဒို၊ကမ္ဘာအေးဘုရားလမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
(ခ) လျှောက်လွှာရောင်းချမည့်နေ့ရက်၊အချိန်။ ဩဂုတ်လ၂၃ရက်(ဗုဒ္ဓဟူး)မှ၂၅ရက်(သောကြာ) ၊ ဩဂုတ်လ၂၇ရက်(တနင်္ဂနွေ)မှ စက်တင်ဘာလ၂ရက်(စနေ)အထိ
နံနက်၉း၃၀မှညနေ၄း၀၀အထိ (နေ့လည်၁၂း၀၀မှ၁း၀၀ထိနားချိန်)
(ဂ) N1.N2.N5 လျှောက်လွှာလက်ခံချိန်။ဩဂုတ်လ၂၇ရက်(တနင်္ဂနွေ)မှ၃၀ရက်(ဗုဒ္ဓဟူး)အထိ
နံနက်၉း၃၀မှညနေ၄း၀၀အထိ (နေ့လည်၁၂း၀၀မှ၁း၀၀ထိနားချိန်)
(ဃ) N3.N4 လျှောက်လွှာလက်ခံချိန်။ဩဂုတ်လ၃၁ရက်(ကြာသပတေး)မှစက်တင်ဘာလ၂ရက်(စနေ)အထိ
နံနက်၉း၃၀မှညနေ၄း၀၀အထိ (နေ့လည်၁၂း၀၀မှ၁း၀၀ထိနားချိန်)
(၁) မန္တလေး
(က) နေရာ။ နေရာ။ဟီတိုစင်တာ (လမ်း၈၀နှင့်၁၂လမ်းထောင့်၊မန္တလေးမြို့)
(ခ) လျှောက်လွှာရောင်းချမည့်နေ့ရက်၊အချိန်။ဩဂုတ်လ၂၃ရက်(ဗုဒ္ဓဟူး)မှ၂၅ရက်(သောကြာ) ၊ စက်တင်ဘာလ၃ရက်(တနင်္ဂနွေ)မှ ၅ရက်(အင်္ဂါ)အထိ
နံနက်၉း၃၀မှညနေ၄း၀၀အထိ (နေ့လည်၁၂း၀၀မှ၁း၀၀ထိနားချိန်)
(ဂ)N1.N2.N3.N4.N5 လျှောက်လွှာလက်ခံချိန်။စက်တင်ဘာလ၃ရက်(တနင်္ဂနွေ)မှ၅ရက်(အင်္ဂါ)အထိ
နံနက်၉း၃၀မှညနေ၄း၀၀အထိ (နေ့လည်၁၂း၀၀မှ၁း၀၀ထိနားချိန်)
၎။ စာမေးပွဲကြေး
စာမေးပွဲကြေးကို မြန်မာကျပ်ငွေဖြင့်သာ လက်ခံပါမည်။ ဂရုပြုကြပါရန်။
N1, N2, N3: - ၂၀,၀၀၀ကျပ်
N4, N5: - ၁၅,၀၀၀ကျပ်
၅။ စာမေးပွဲဝင်ခွင့် လျှောက်ထားနည်း
အောက်ပါနည်းလမ်း၂သွယ်ဖြင့် လျှောက်ထားနိုင်ပါသည်။
(၁) အမှတ်စဉ်(၃)တွင် ဖော်ပြထားသည့် နေရာများတွင် လျှောက်လွှာကို တစ်စောင်လျှင်(၁၀၀၀ကျပ်)ဖြင့်ဝယ်ယူပြီး လက်ရေးဖြင့်လိုအပ်သည့်အချက်များ ဖြည့်သွင်းပြီးလျှောက်ထားနိုင်ပါသည်။
(၂) Homepage မှ Download လုပ်ရယူထားသည့်လျှောက်လွှာတွင် ကွန်ပြူတာဖြင့်လိုအပ်သည့်အချက်ကို ဖြည့်သွင်းပြီးဤနေရာသို့ Attachment တွဲပြီး ပေးပို့လျှောက်ထား နိုင်ပါသည်။
လက်ခံရရှိကြောင်း အီးမေးလ်ကို ၂၄နာရီအတွင်းMAJAမှ အကြောင်းကြားပေးမည်ဖြစ်ပြီး လက်ခံရရှိပါကအမှတ်စဉ်(၃)တွင် ဖော်ပြထားသည့်နေရာတွင် စာမေးပွဲကြေးပေးသွင်းပြီးလျှောက်ထားနိုင်ပါသည်။
● ၂၀၁၇ခုနှစ် ဒုတိယအကြိမ်ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲလမ်းညွှန်
● လျှောက်လွှာ
၆။ စာမေးပွဲအဆင့်နှင့်စာမေးပွဲမေးခွန်းနမူနာ
(၁) စာမေးပွဲဖြေဆိုမည့်သူများမှာ ဖြေဆိုမည့်အဆင့်နှင့်ပတ်သက်၍ ဝေခွဲမရပါက အောက်ပါ[ဂျပန်ဘာသာအရည်အချင်းစစ်Miniစာမေးပွဲ]၊
ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲတရားဝင်Homepage တွင်ရှိသည့် [မေးခွန်းနမူနာကိုဖြေဆိုကြည့်ရအောင်]၊
[တရားဝင် ထုတ်ပြန်ထားသည့် မေးခွန်းအစုံ] တို့ကို အခမဲ့အသုံးပြုနိုင်သည့်အတွက် မပျက်မကွက် စမ်းသပ်ကြည့်စေချင်ပါသည်။
● ဂျပန်ဘာသာအရည်အချင်းစစ်Miniစာမေးပွဲ
・N1 Level
・N2 Level
・N3 Level
・N4 Level
・N5 Level
●မေးခွန်းနမူနာကို ကြိုးစားကြည့်ရအောင်(FLASH)
ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲတရားဝင် မေးခွန်းအစုံ(PDF,MP3)
※Listing အတွက် အသံဖိုင်(MP3)လည်း ရှိပါသည်။မေးခွန်းပုံစံနှင့် အသံဖိုင်ကို အခမဲ့Downloadရယူနိုင်ပါသည်။
● ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲကိုယ်တိုင် အကဲဖြတ်ခြင်းList
ဤListမှာ[ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ၏ အဆင့်ပေါင်းစုံမှ အောင်မြင်ခဲ့သည့်သူများမှ ဂျပန်ဘာသာကို အသုံးပြု၍ မည်သည့်အရာများ ပြုလုပ်နိုင်သည်ကို စဉ်းစားနေသည်]ကို စာမေးပွဲဖြေဆိုခဲ့သည်သူများ၏ ကိုယ်တိုင် အကဲဖြတ်စစ်တမ်း ရယူထားသည့်ရလဒ်ကို အခြေခံ၍ စုစည်းထားသည့်အရာဖြစ်ပါသည်။
စာမေးပွဲဖြေဆိုမည့်သူများနှင့် ပတ်ဝန်းကျင်ရှိသူများမှ [ဤLevelတွင် အောင်မြင်ခဲ့သူမှာ ဂျပန်ဘာသာကို အသုံးပြု၍ မည်သည့်အရာများ လုပ်ဆောင်နိုင်မည်] ဆိုသည့်ပုံရိပ်ကို ဖော်ဆောင်နိုင်ရန် ကိုးကားစရာသတင်းအချက်အလက်ဖြင့် ကိုးကားနိုင်ပါသည်။
(Listမှာ ဂျပန်ဘာသာ၊အင်္ဂလိပ်ဘာသာ၊တရုတ်ဘာသာ၊ကိုရီးယားဘာသာ၊ဗီယက်နမ်ဘာသာ၊ အင်ဒိုနီးရှားဘာသာဖြင့် ဖော်ပြထားပါသည်။)
(၂) စာမေးပွဲနှင့်ပတ်သက်၍ မေးလေ့မေးထရှိသည့် မေးခွန်းမှာ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲHomepageထဲမှ
[မေးလေ့မေးထရှိသည့်မေးခွန်း] ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၇။ စုံစမ်းမေးမြန်းရန်
(၁) လျှောက်လွှာတင်ခြင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ဖုန်း။ ၀၉-၉၆၂၇၅၁၃၇၃၊ ၀၉-၂၆၂၆၀၂၁၂၁
(၂) စာမေးပွဲနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက
ဂျပန်ဖောင်ဒေးရှင်း၊ဂျပန်ဘာသာစာမေးပွဲကျင်းပရေးစင်တာ