 
					ဒုတိယအကြိမ်မြောက် ဂျပန်ရှေးဟောင်းပုံပြင် ဘာသာပြန်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား
					၂၀၁၇ခုနှစ် သြဂုတ်လ ၂၀ရက်နေ့တွင်ကျင်းပခဲ့သော ၁၈ကြိမ်မြောက် ဂျပန်စာ စကားပြောပြိုင်ပွဲ နှင့်အတူ ယခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့က ကျင်းပခဲ့သော  ၁၂ ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲနှင့် ဒုတိယအကြိမ်မြောက် ဂျပန်ရှေးဟောင်းပုံပြင် ဘာသာပြန်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကိုပါ ကျင်းပခဲ့ပါသည်။ 
 (မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့က ကျင်းပပြုလုပ်ပြီး ဂျပန်ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှု၊ မြန်မာနိုင်ငံရှိ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှုအသင်း (JCCM) ၊ ရန်ကုန်ဂျပန်လူမျိုးအသင်း တို့၏ ပူးတွဲ ကူညီ ထောက်ပံ့မှုတို့နှင့် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။) 
ယှဉ်ပြိုင်သူ ၁၁၅ဦး အနက် အောက်ပါ ပုဂ္ဂိုလ်များက ထူးချွန်ဆု အသီးသီး ရရှိခဲ့ကြပါသည်။ 
				
					၁။	၁၂ ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ
Ryūnosuke AKUTAGAWA၏ “လက်တွန်းလှည်း” ကို ဘာသာပြန် ယှဉ်ပြိုင်ရန် အကြောင်းအရာ အနေနှင့် သတ်မှတ်ထားပြီး၊ ယခုနှစ်တွင် နိုင်ငံအဝန်းမှ ပါဝင်ယှဉ်ပြိုင်သူဦးရေ ၄၅ဦး ရှိခဲ့ပါသည်။ 
ပထမဆုရရှိသူ မခိုင်ဝတ်ရည်သိန်း
				
|  | 
| ဂုဏ်ပြုလက်မှတ်ကို ဂျပန်သံအမတ်ကြီး Mr.HIGUCHI ကလည်းကောင်း၊ ဆုလက်ဆောင်ကို မြန်မာနိုင်ငံရှိ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှုအသင်း (JCCM) ၏ ဥက္ကဋ္ဌ Mr.NAKAGAWA ကလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။ | 
ဒုတိယဆုရရှိသူ မချမ်းမြသူ
|  | 
| ဂုဏ်ပြုလက်မှတ်ကို ဂျပန်သံအမတ်ကြီး Mr.HIGUCHI ကလည်းကောင်း၊ ဆုလက်ဆောင်ကို ရန်ကုန်ဂျပန်လူမျိုးအသင်း ၏ ဥက္ကဋ္ဌ Mr.IDO ကလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။ | 
တတိယဆုရရှိသူ မောင်ခန့်မင်းတင့်
|  | 
| ဂုဏ်ပြုလက်မှတ်ကို ဂျပန်သံအမတ်ကြီး Mr.HIGUCHI ကလည်းကောင်း၊ ဆုလက်ဆောင်ကို မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ၏ ဥက္ကဋ္ဌ ဒေါ်စီစီရှိန် ကလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။ | 
၂။ ဒုတိယအကြိမ်မြောက် ဂျပန်ရှေးဟောင်းပုံပြင် ဘာသာပြန်ပြိုင်ပွဲ
“လက်သမားနှင့် ခြောက်ယောက်မြောက်ဘီလူး” ကို ဘာသာပြန် ယှဉ်ပြိုင်ရမည့် အကြောင်းအရာ အနေနှင့် သတ်မှတ်ထားပြီး၊ ယခုနှစ်တွင် နိုင်ငံအဝန်းမှ ပါဝင်ယှဉ်ပြိုင်သူဦးရေ ၇၀ဦးရှိခဲ့ပါသည်။
ထူးချွန်ဆုရရှိသူ မဆုမြတ်နိုး
|  | 
| ဂုဏ်ပြုလက်မှတ်ကို ဂျပန်သံအမတ်ကြီး Mr.HIGUCHI ကလည်းကောင်း၊ ဆုလက်ဆောင်ကို ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန အငြိမ်းစားဌာနမှူး ဦးခင်အေး ကလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။ | 

 No.100 Natmauk Road, Bahan Township, Yangon
No.100 Natmauk Road, Bahan Township, Yangon
			 01-549644~8
01-549644~8