၁။ ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဂျပန်နိုင်ငံ အစိုးရသည် သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နယ်မြေလုံခြုံရေးတပ်ဖွဲ့များ အကြမ်း ဖက်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များနှင့် နောက်ပိုင်း အခြေအနေ မတည်ငြိမ်မှုများ၏ အကျိုးဆက်ကို ခံစားနေကြရသော ပြည်သူများအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုင်ငံတကာ အဖွဲ့အစည်းများမှတစ်ဆင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄သန်း ( ဂျပန်ယန်း သန်း ၄၄၀ ခန့်) ကို အရေးပေါ် အထောက်အပံ့အဖြစ် ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။
၂။ ယခုထောက်ပံ့မှု အစီအစဉ်အရ မြန်မာနိုင်ငံအတွက် ကျန်းမာရေး၊ ရေနှင့်သန့်ရှင်းရေးနှင့် နေ့စဉ်သုံးပစ္စည်းများ ပံ့ပိုးပေးမှုစသည့် အထောက်အပံ့များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ယာယီခိုလှုံစခန်းများ၊ နေ့စဉ်သုံးပစ္စည်းများ၊ ရေနှင့်သန့်ရှင်းရေးနှင့် ကလေးသူငယ်များ ထိန်းသိမ်း စောင့်ရှောက်ရေးပံ့ပိုးမှုစသည့် အထောက်အပံ့များကို ဆောင်ရွက်ပါမည်။

No.100 Natmauk Road, Bahan Township, Yangon
01-549644~8