 
					၁၃ကြိမ်မြောက် ဂျပန်ဖလား ဂျူဒိုတံခွန်စိုက်ပြိုင်ပွဲ
				မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး နှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ အစည်းတို့ မှ ပူးပေါင်း၍ ၁၃ကြိမ်မြောက် ဂျပန်ဖလား ဂျူဒိုတံခွန်စိုက်ပြိုင်ပွဲကို နိုဝင်ဘာလ ၆ရက်နေ့မှ ၇ရက်နေ့အထိ မိုးလုံလေလုံ အားကစားပြိုင်ပွဲရုံ (အောင်ဆန်းကွင်း) တွင် ကျင်းပမည်ဖြစ်ပါသည်။ စိတ်လှုပ်ရှားဖွယ်ရာ ယှဉ်ပြိုင်ကစားပွဲများကို မည်သူမဆို လွတ်လပ်စွာ လာရောက် ကြည့်ရှု အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
၁။ နေ့ရက်နှင့် အချိန်နိုဝင်ဘာလ ၆ရက် ၂၀၁၇ခုနှစ် (တနင်္လာ) ၉နာရီမှ ၄နာရီအထိ
- အခမ်းအနား ဖွင့်လှစ်ပြီးနောက် တံခွန်စိုက်ပြိုင်ပွဲ စတင် ကျင်းပခြင်း
နိုဝင်ဘာလ ၇ရက်၊ ၂၀၁၇ခုနှစ် (အင်္ဂါ) ၉နာရီမှ ၄နာရီအထိ
- ပထမရက်တွင် ကျင်းပခဲ့သော တံခွန်စိုက်ပြိုင်ပွဲ ကို ဆက်လက် ကျင်းပပြီးနောက် ဆုပေးပွဲကျင်းပခြင်း
၂။ ပွဲကျင်းပမည့်နေရာ
မိုးလုံလေလုံ အားကစားပြိုင်ပွဲရုံ (အောင်ဆန်းကွင်း)။
၃။ စီစဉ်ကျင်းပမည့်အဖွဲ့ အစည်း
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ အစည်း (Myanmar Judo Federation)
၎။ Sponsors
မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း၊ ရန်ကုန် ဂျပန်လူမျိုးများအသင်း
၅။ စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန
အမှတ် (၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ်: ၀၁ ၅၄၉၆၄၄~၄၈

 No.100 Natmauk Road, Bahan Township, Yangon
No.100 Natmauk Road, Bahan Township, Yangon
			 01-549644~8
01-549644~8