ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မကွေးတိုင်းဒေသကြီးတွင် ဆောက်လုပ်ပြီးစီးခဲ့သော စာသင်ကျောင်းနှစ်ကျောင်း
၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၁၅၈,ဝ၅၇) ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-
၁) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဘောင့်ဘင်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ ဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၇၅,၅၄၆) နှင့်
၂) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ထောက်ရှာပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၈၂,၅၁၁) တို့ဖြစ်ကြပါသည်။

စီမံကိန်းနံပါတ်(၂)ကို မြန်မာနိုင်ငံအစိုးရက ဂျပန်နိုင်ငံအစိုးရသို့ ရေဘေးဒဏ်ခံခဲ့ရသော ကျောင်းပေါင်း(၄၉၃)ကျောင်း ထဲမှ တစ်ကျောင်းအပါအဝင် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့ ပေးရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပါသည်။

အထက်ပါ စီမံကိန်းများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို နိုဝင်ဘာလ ၇ ရက်နေ့တွင် မြိုင်မြို့နယ်နှင့် ပခုက္ကူ မြို့နယ်များ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ တတိယအတွင်းဝန် Ms. Ayano SUZUKI ၊ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းဋ္ဌေး၊ ဆောက်လုပ်ရေးစီမံကိန်း များမှ ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။

ဘောင့်ဘင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းဆောင်အမှတ်(၁)သည် ဟောင်းနွမ်းဆွေးမြေ့နေခဲ့ သော်လည်း ကျောင်းသူကျောင်းသားများသည် ကျောင်းဆောင်မရှိသောကြောင့် အဆိုပါလုံခြုံစိတ်ချရမှုမရှိသော ကျောင်း ဆောင်၌ပင် ပညာသင်ကြားခဲ့ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း(၄)ခန်း၊ ကျောင်း ပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်း(၄)ခန်းပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက် ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိကျောင်းသူကျောင်းသား(၄ဝ၈)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ထောက်ရှာပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ တစ်ခုတည်းသောကျောင်းဆောင်တစ်ဆောင်သည် (၂ဝ၁၅)ခု နှစ်တွင် (၆)ပေအထိမြင့်တက်ခဲ့သော ရေဘေးဒဏ်ကြောင့် ရေနစ်မြုပ်ခဲ့ပါသည်။ သို့သော်လည်း ကျောင်းသူကျောင်း သားများသည် ကျောင်းဆောင်မရှိသောကြောင့် အဆိုပါယိုယွင်းပျက်စီးနေသောကျောင်းဆောင်တွင် ပညာသင်ကြားခဲ့ရ ပါသည်။ ကျောင်းသူကျောင်းသားများ ကောင်းမွန်လုံခြုံစွာ ပညာသင်ကြားနိုင်ရန် ဂျပန်နိုင်ငံအစိုးရက စာသင်ခန်း(၅)ခန်း၊ ကျောင်းပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်း(၃)ခန်းပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိကျောင်းသူကျောင်းသား(၆၁)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အတွေ့အကြုံရှိပါသည်။ ထို့အတူဂျပန်နိုင်ငံ သည် ပြီးခဲ့သောဘေးအန္တရာယ်များမှ သင်ခန်းစာများရယူကာ “ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက်ခြင်း” ဆို သောအယူအဆကို တစ်ကမ္ဘာလုံး၌ပျံ့နှံ့သွားစေရန် မိတ်ဆက်ခဲ့ပါသည်။ “ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက် ခြင်း” ဆိုသည်မှာ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများလျှော့ချနိုင်ရန် သဘာဝ ဘေးအန္တရာယ်မဖြစ်ပွားမီအချိန်ကထက် လူမှုအဖွဲ့အစည်းကို ပိုမိုခိုင်မာကောင်းမွန်လာအောင် ပြန်လည်တည်ဆောက် ခြင်းဖြစ်ပါသည်။ ဤအတွေးအခေါ်အပေါ်အခြေခံ၍ ဂျပန်အစိုးရအနေဖြင့် ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ ကျောင်းအဆောက်အအုံအသစ်များကို ရေကြီးစဉ်ကာလကထိခိုက်ပျက်စီးခဲ့ရသော ကျောင်းအဆောက် အအုံထက် ပိုမိုတောင့်တင်းခိုင်မာအောင် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၂ဝ)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၆)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။