
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အ ထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၉၈,ဝ၅၉)တန်ဖိုးရှိ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ ဖိုးဦးစိန်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် ထောက်ပံ့ပေးခဲ့ပါသည်။
အထက်ပါစီမံကိန်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၁၄)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် Mr. Kazuyoshi SUZUKI ၊ ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်ဒေါ်ရီရီထိုက်၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အလယ်တန်းနှင့် အထက်တန်းပညာများ သင်ယူလေ့လာရန်အတွက် ကျေးရွာ(၈)ရွာမှ ကျောင်းသူကျောင်းသားများ သည် ဖိုးဦးစိန် ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ တက်ရောက်ကြရပါသည်။ သို့သော်လည်း အလယ်တန်း နှင့်အထက်တန်း၌ စာသင်ခန်းမလုံလောက်သောကြောင့် တစ်ခန်းတွင်ပျမ်းမျှ ကျောင်းသူကျောင်းသားဦးရေ (၉ဝ) ဦးနှင့် အထက်ပညာသင်ကြားခဲ့ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရက ၄င်း၏အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၆)ခန်းနှင့် ကျောင်းပရိဘောဂအပြည့်အစုံပါဝင်သော တစ်ထပ်သံ ကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းရှိ ကျောင်းသူကျောင်းသား(၇၅၄)ဦးနှင့် ကျောင်းဆရာဆရာမ(၂၅)ဦးတို့ အကျိုးခံစားရမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၂ဝ)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၆)ခု၊ ကျန်းမာရေးစောင့် ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအ ဆောက်အအုံ စီမံကိန်းပေါင်း(၅၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအ ထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော် လင့်လျက်ရှိပါသည်။